ဝေး.. ဝေးသွားကြတော့ မှာလား Away

parting away

ကျွန်တော်တို့တွေ မြန်မာပြည်က မတော်ရတဲ့ အဘတွေ ကျေးဇူးနဲ့ နိုင်ငံတကာကို ရောက် ကုန်ကြတာ ဆယ်စုနှစ်၂ခုကျော်လို့ မျိုးဆက်သစ် တွေတောင် အပျို၊လူပျိုတွေ ဖြစ်ကုန်ပါပြီ။ ၂၀၀ဝ ခုနှစ် နောက်ပိုင်း နိုင်ငံခြားမှာ မွေးတဲ့ မြန်မာတွေ ပိုများ လာတယ်လို့ ထင်ပါတယ်။ မန ္တလေးဂေဇက် အယ်ဒီတာ့ အာဘော်အရ အမေရိကန်နိုင်ငံ တခုထဲမှာကို မြန်မာ တသိန်းခွဲ ကျော်ပြီလို့ ဆိုပါတယ်။ မျိုးဆက်သစ် မြန်မာခလေးတွေက သောင်းကျော် ပါလိမ့်မယ်။ ကျွန်တော်နေတဲ့ မြို့မှာ လုပ်တဲ့ ဘာသာရေးနဲ့ လူမှုရေးပွဲ တွေမှာတော့ ဆယ်နှစ်ဝန်းကျင် ခလေးများကိုသာ တွေ့ရပြီး အဲဒီထက်ကြီး ရင် ဘယ်ပျောက် သွားမှန်း မသိတော့ ပါဘူး။ ဒါကို နားလည်ပေး နိုင်ပါတယ်။ ကိုယ်လည်း ခလေးဘဝ မိဘတွေက သူတို့ မြို့နယ်ပွဲတွေ ခေါ်ရင် လိုက်သွားပြီး နဲနဲလဲကြီးရော ခေါ်လို့ မရတော့။ ရန်ကုန်သား ကိုဗျ။ ပွဲတွေကလဲ သူ့လူနဲ့သူ ဆိုတော့ လူငယ်တွေအတွက် ပျင်းစရာ။ နေထိုင်၊ စားပုံခြင်း မကွာတဲ့ မြန်မာ အချင်းချင်းတောင် ဒီစိတ် ဖြစ်ရင် တိုးတက်ချမ်းသာ၊ ယဉ်ကျေးမှု လုံးဝကွာတဲ့ နိုင်ငံခြားသား မြန်မာ မျိုးဆက်တွေကို ပွဲတွေမှာ မတွေ့တာ အဆန်းတော့ မဟုတ်တော့ပါ။ မြို့ကျယ်ပြီး လမ်းပန်း ဆက်သွယ်မှု အရ အစုလိုက် လှုပ်ရှား လေ့ရှိတဲ့ မြို့ကြီးတွေမှာတော့ မြန်မာလူငယ် ဂိုဏ်းတွေတောင် ရှိတယ်လို့ ကြားဖူးပါတယ်။
ငယ်တုန်းမှာမှ ကွန်မြူနီတီဆိုတဲ့ လှုပ်ရှားမှုတွေ မတွေ့ကြုံခဲ့ရရင် ကြီးမှ အချင်းချင်း ရင်းနှီးဖို့ ဆိုတာ မဖြစ်နိုင်တော့။ သူတို့ကတဖန် ပေါက်လာမဲ့ ခလေးတွေဆို ပိုဆိုးမယ်ဆိုတာ ဗေဒင်မေးစရာ တောင် မလို။ မြန်မာ ဆက်ဖြစ်နေသေးရင် တော်သေး၏ ဆိုရမှာပေါ့။ ဒီလိုပြောလို့ လူမျိုး အစွဲကြီးလှ ချည့်လားလို့ မထင်လိုက်ပါနဲ့။ မြန်မာဆိုတာ တကယ်တော့ တရုတ်လိုလို၊ ကုလားလိုလို လူတွေပါ၊ တချို့ကလည်း တိဘက်အနွယ်ဝင် တွေလို့ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ်၊ ဘယ်သွေးပဲ နှောနှော မျိုးရိုး စဉ်ဆက် ယဉ်ကျေးမှု၊ ဓလေ့တွေကို ရောက်ရာဒေသရဲ့ ထုံးတမ်းတွေနဲ့အညီ အသိစိတ်နဲ့ နေထိုင်ဖို့ ဖြစ်ပါတယ်။ အများစံထားတဲ့ အနောက်တိုင်း လူမှုစရိုက် ဆိုတာလဲ အဆင့်ဆင့် ပြောင်းလဲပေါင်းစပ်မှု တွေက ရလာတဲ့ အသီးအပွင့်တခုပါ။ သူ့မူလ စရိုက်အတိုင်းဆိုရင် ဒီပုတ်ထဲက ဒီပဲဘဲ ဖြစ်နေမှာပေါ့။
တဖက်ကလည်း ပြောတော့ လွယ်တယ်၊ သူတို့ကို စုစည်းဖို့ ဘယ်မှာလည်း ဖွတ်တလိ ဒင်္ဂါး၊ မင်းက ပေးမှာလားလို့မေးရင်၊ ရှင့်မှာလည်း အကြွေးတွေနဲ့ ကျွန်မမှာလည်း ခလေးတွေနဲ့လို့ ဆိုသလို၊ ထီပေါက်ရင် တောင် မသေချာ၊ ကိုယ့်အတွက် ဘာမှ မလုပ်ရသေးလို့ပါ။ တင်တဲ့ပို့စ်တိုင်း အယ်ဒီတာက လက်ခံလို့ လျှာရိုးမရှိ ပြောတာလည်း မဟုတ်ပါ။ ဘောလုံးလောက မှာ တကယ်ကန် ခဲ့ပြီး အကြံပေးသူနဲ့ သီအိုရီ ကြေပြီး ဘေးက ဝေဖန်သူ နှစ်ဦးစလုံး သူ့ဟာနဲ့သူ အသုံးဝင်တယ် ဆိုလို့ပါ။ သိတဲ့အတိုင်း မြို့ကြီးတွေ မှာ သင့်တော်တဲ့နေရာ ငှားရင် လစဉ်စရိတ်က ၃၀၀ဝ အောက် ကျမည်မထင်၊ ဝယ်လျှင်လည်း မြေနှင့် အိမ်ဆိုလျှင် အပေါဆုံးတောင် သန်းတဝက်။ ဒါဆို ဒီလိုနဲ့ပဲ ဝေးသွားကြတော့ မှာလား။
ရေရှည်မှာ အိမ်ငှားတာ မကိုက်ဘူး ဆိုရင် တယောက်တလက် ထည့်ပြီး ဝယ်ဖို့ကြတော့ ဘယ်သူက လက်ငင်းအရစ် သိန်းဂဏန်း ပေးမလဲ။ ဘဏ်တွေဆီ ကလည်း ငွေချေးဖို့မလွယ်။ ဘယ်လိုလုပ်ကြမလဲ၊ ဒီနည်း မရ ဟိုနည်းပေါ့။ မြန်မာတွေထဲမှာ အဆင်ပြေ နေသူတွေကို စည်းရုံး နိုင်ရင်ကော။ ရူးနေလား သူတို့မှာ လည်း သုံးဖို့စွဲဖို့ ရှိသေးတယ်လို့ အပြစ်တင်မယ် ဆိုရင် ခဏ ဆိုင်းပါအုံး၊ သူတို့ကို အလှူခံ ခိုင်းနေ တာ မဟုတ်ပါဘူး။ ရရင်တော့ အကောင်းဆုံးပေါ့ဗျာ၊ ဒါပေမဲ့ ကိုယ့်ဖက်က ဘာမှ မပြနိုင်သေးဘဲ ဘယ်သူက လာလှူမှာလဲ၊ ဒါလောက်တော့ သိပါတယ်ဗျ။
ပြောချင်တာက ဘဏ်၊ အငြိမ်းစား ရံပုံငွေတွေမှာ အတိုးနဲနဲ နဲ့ အိပ်နေတဲ့ သူတို့ရဲ့ စုငွေတွေကို အာမခံချက်တွေ နဲ့ အတိုးနှုန်း ပိုပေးပြီး ခြူယူနိုင်ကြ ရင်ကော။ ၁ဝ တန် ရှယ်ယာတွေရောင်း အတိုးကို အိမ်ဖိုး ငွေချေးလို့ ဘဏ်ကို ပေးရမဲ့နှုန်းထက် တဝက်လျော့ပေး၊ လစဉ် ၂၀၀၀-၃၀၀ဝ မျိုး အရင်းကို ဖဲ့ဆပ်။ ဘဏ်ချေးငွေလို ရှေ့ပိုင်းမှာ အတိုးကြီးပဲ ဆပ်စရာမလို၊ ဘဏ်ကိုလည်း မကြောက်ရ၊ အတိုး လည်းနဲ၊ ရှယ်ယာရှင်လဲ ကုသိုလ်ရော အတိုးပါရ၊ ကြာလာလို့ သူတို့က သဒ္ဓါပေါက်ပြီး အတိုးကိုလှူ သို့မဟုတ် အပြီးလှူ မသွားနိုင်ဘူးလား။ ဝယ်သူများရင် များသလောက် စွန့်စားရတာ နဲမှာပေါ့။ တယောက်ကို ပျမ်းမျှ ၃၅ဝ ဖိုး ဝယ်လို့ လူ ၃၀ဝ ရရင၁ သိန်းဖြစ်ပြီ။
တနည်းအားဖြင့် ကိုယ့်ဘာသာကိုယ် အိမ်၊မြေ ရှယ်ယာတွေ ရောင်းတဲ့ သဘောပါပဲ။ ဥပဒေ အရ မဖြစ်နိုင်တော့လည်း ကြိတ်လုပ်ပေါ့။ ကိုယ်ကျိုး အတွက် မဟုတ်ဘူးဆိုတာ ကိုယ်ချင်း နားလည် ဖို့ပဲလိုတယ်။ ဝယ်သူ လက်ခံမဲ့ အစီစဉ် တွေတော့ ရှိရမှာပေါ့။ တာဝန်ခံမှု၊

လစဉ်ဝင်ငွေနဲ့ အသုံးစရိတ် ခန့်မှန်းခြေ၊ အရေးပေါ် စီမံချက် အစသဖြင့်ပေါ့လေ။ အခုချိန်လို ငွေစုဘဏ်တိုးလဲနိမ့်၊ အိမ်ဖိုးလည်း သင် ့ဆိုရင် ဖြစ်နိုင်ပါတယ်။ ခုလည်း ကြားပါတယ်၊ အလှူရှင်က ဒေါင်းပေးမန့် အတွက် စိုက်ထားပြီး နောက်မှ ဖြေးဖြေး ပြန်ဆပ်ဆိုတာ။ ဒီလို စပွန်စာ တွေရှာရင် ဖြစ်နိုင်မယ် ထင်လို့ပါ။ အခုပဲ ကြည့်လေ အတိုင်ပင်ခံကြေး ထောင်၊သောင်း မကုန်ဘဲ ကျွန်တော့်ဆီက အကြံကောင်း ရသွားကြပြီ မဟုတ်လား။

2 comments

  • kai

    September 4, 2010 at 8:49 am

    ကြိုက်ပါတယ်။ အယ်လ်အေမှာဆို ပိုတောင်လုပ်ချင်လို့ စည်းရုံးကြည့်ဖူးသေးတယ်။
    တနေ့တော့ဖြစ်လာမှာပေါ့။
    လုပ်ချင်တာက..ကွန်မြူနတီစင်တာပါ။ လူတွေစုပြီး ငွေထည့်။ ရတာနဲ့ ဒေါင်း။ တရုတ်တွေလုပ်သလို သုံးထပ်၊စကွဲကြီးတခုကို ဆောက်။ အောက်ဆုံးထပ်ကို ဗမာစတိုး၊စားသောက်ဆိုင်တွေ ငှားစား ဒုတိယထပ်ကို ဗမာလုပ်ငန်းရှင်ရုံးခန်းတွေငှား။ အပေါ်ဆုံးထပ်ကို ဟောခန်းမလုပ်ထားပြီး မင်္ဂလာဆောင်။ အလှူ၊ မွေးနေ့ပွဲတွေငှားစား။ စာကြည့်တိုက်၊ ကလေးမြန်မာစာသင်တန်း၊ အန်ဂျီအိုတွေရုံးခန်းပေးဖွင့်.. အဲဒါဆို မောဂေ့ချ်ကိုလည်းပြန်ဆပ်နိုင်တဲ့အပြင်ပိုတောင်ပိုဦးမယ်။

    အဲဒီလိုမျိုး လုပ်သင့်တာကြာလှပြီဗျ။ ဒီမှာ
    မြန်မာဆရာဝန်တွေဒီလောက်များတာနော..။ ဖြစ်သင့်တာ..ဖြစ်သင့်တာ…။

  • မန်း ရိပ်

    September 4, 2010 at 12:33 pm

    စည်းလုံးခြင်းသည် အင်းအားပဲ ကောင်းတဲ့အစီအစဉ်ပဲ
    ကိုယ့်လူမျိုးအချင်းချင်း ရိုင်းပင်းမကူညီရင် ဘယ်သူကူညီမှလဲ

Leave a Reply