ထမင်းစားပြီးရှောင်ကြဉ်သင့်သောအချက်(၇)ချက်

lovesickkalaySeptember 4, 20101min1044

မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး
နေ့စဉ်ထမ်းစားနေကြသည်ဖြစ်ရာ ထမ်းစားပြီး ရှောင်ကြဉ်သင့်သော
အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။
(၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ
ထမ်းစားပြီးစီးကရက်တစ်လိပ်သောက်

ခြင်းသည် စီးကရက်
ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန်
အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။
ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက ထမ်းစားပြီး တစ်နာရီ(သို့)
နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။

(၃)လက်ဖက်ရည်မသောက်ပါနှင့်။
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၎င်းသည်
ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို
မာကျောစေသည့်အတွတ်အစာချေရန်
အခက်ခဲဖြစ်စေသည်။

(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည်
ဝမ်းအတွင်းရှိ အူကိုခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။
ထမ်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့်
ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး
အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွားသည့်အတွက်
ကျွနိုပ်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။

(၆) လမ်းမလျှောက်ပါနှင့်။
လူအများကပြောနေကြသည်မှာ ထမ်းစားပြီးလမ်းလျှောက်ခြင်းသည်
ခြေလမ်းပေါင်းတစ်ရာလမ်းလျှောက်ခြင်းနှင့်ညီမျှပြီး အသက်(၉၉) နှစ်အထိ
အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ပြုလိုပ်ခြင်းကြောင့်
အစာချေစနစ်သည်ကျွန်ုပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန်
အခက်ခဲဖြစ်သွားပါသည်။
ထို့ကြောင့်ထမ်းစားပြီးလမ်းမလျှောက်ပါနှင့်။

(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့်
ကျွန်ုပ်တို့စားသုံးလိုက်သောအစာများသည် ကောင်းစွာအစာမကျေနိုင်တော့ပေ။

4 comments

  • mG

    September 4, 2010 at 1:25 pm

    ဟုတ်တယ်ဗျ။ကျွန်တော် Canada ရောက်တုန်းက စားသောက်ဆိုင်မှာ နေ့လည်စာစားဖို့ မှာစားသုံးကပေါ့။ဟင်းပွဲတွေ အရင်လာမချပဲနဲ့ သစ်သီးတွေ အချိုရည်တွေ အရင်လာချလို့ ကျွန်တော်အံ့ဩသွားလို့ မေးလိုက်တော့ သူကပြောတယ်။(မင်းက ဘယ်နိုင်ငံကလည်းတဲ့ ငါတို့ Canada မှာကတော့ အဲ့လိုပဲတဲ့)။
    နောက်တော့ ကျွန်တော် တိတ်မရှင်းလို့ ကျောင်းရောက်တော့ ဆရာတွေကို မေးကြည့်လိုက်တော့။ဆရာတွေကပြောတယ်။မင်းအဲ့လို စားလို့ရှိရင် သစ်သီးရဲ့ ဗစ်တာမင်ဓာတ်အပြည့်ကို ရတယ်တဲ့လေ။အဲ့လိုမှမဟုတ်ပဲနဲ့ ထမင်းစားပြီးမှာ စားရင်တော့ ဘာမှမထူးဘူးတဲ့ လျှာကိုအရသာခံတာနဲ့အတူတူပဲတဲ့လေ။
    ကယ်…………။အဲ့လိုမျိုးသိလိုက်ရတော့ ဒီဆိုဒ်ကလူတွေလည်း ဘာတွေကို၊ဘယ်လိုတွေ လုပ်ပြီး စားကျမလည်းစဉ်းစားပေါ့ဗျာ။

  • Joker

    September 4, 2010 at 7:21 pm

    ဗဟုတုသရလို့ ကျေးဇူးတင်မိပါတယ်… သို့သော် အချက် ( 7 )ချက်လုံးမှာ ( 6 )ချက်ကို လိုက်နာနိုင်ပေမယ့်
    ထိပ်ဆုံးနံပတ် (1)အချက်က မနေနိုင်ပေါင်… တော်တော်ကို သောက်ကောင်းတဲ့ အချိန်ကြီးမှ ရှောင်ခိုင်းတယ် ်ဆိုတော့ တေရင်တေ ဟယ်….. မလုပ်နိုင်ဘူး…. တတ်ချင်တတ်လိုက်…..အတေခံမယ်….
    နင်တို့ကို အားကြီးစိတ်ဆိုးတယ်…..

  • yokesoelay

    September 4, 2010 at 8:58 pm

    ဟုတ်တယ်ဗျ။
    နံပါတ်၁ကိုတော့ရှောင်ဖို့ခက်တယ်

  • chitsayar

    September 4, 2010 at 11:27 pm

    ဗဟုသုတရတဲ့အတွက် ကျေးဇူးပါ
    ဒါပေမယ့် ဒီပို ့က အရှေ ့မှာ နှစ်ခါလောက် တင်ထားပြီးပြီထင်တယ်
    ဘယ်တူရဲတော့ တိဘူး

Leave a Reply