စိတ်ကို,စိစစ်ကြည့်မိရင်း

aye.kkDecember 19, 20171min1896

ဒီနေ ့မနက်

မိုးလေဝသအခြေအနေအရ

အအေးဓတ်လေးနဲနဲလွန်ကဲနေသော်လည်း၊ အိပ်ရာမှထသည်နှင့်ရေနွေးအိုးလေး

တည်ထားခဲ့ပြီးမှ၊ အောက်ထပ်မှာ ရေချိုးဖြစ်သည်ပင်။

ပုံမှန်အိပ်ရာထချိန်၊ နံနက်၃နာရီခွဲပါ။

ရေချိုးပြီးမှသာ၊ဒုတိယထပ်မှာ၊ဘုရားသောက်တော်ရေချမ်း,ဆွမ်း,ပန်းကပ်လှူရန်ပြင်ဆင်ပြီး

အမေ့အတွက်၊ကော်ဖီ,မုန် ့အရံသင့်လုပ်ထားပေးရသည်။ပြီးလျင်တော့

အပေါ်ထပ်ဘုရားကျောင်းဆောင်မှာ၊ဘုရားဝတ်ပြု,ငါးပါးသီလခံ,မေတ္တာပို ့သပြီးမှသာ

အလုပ်သွားကြမည့်သားတွေအတွက်၊မနက်စာပြင်ဆင်ပေးရတာ ကျွန်အတွက် နေ ့စဉ်ပုံမှန်ပါပဲ။

မနက်ကဘုရားရှိခိုးပြီး၊ညက ကပ်ထားသည့်၊သောက်တော်ရေချမ်း စွန် ့ရန်အောက်ထပ်သို ့

ယူဆင်းလာပီး၊ဘုရားသောက်တော်ရေခွက်ပန်းကန်တို ့အား၊ကိုယ်တိုင်ဆေးကြော

သန် ့ရှင်းပြီးသည်နှင့်ညီမလေး ဖြစ်သူအား၊ ဘုရားကျောင်းဆောင် အပေါ်ထပ်၌

သွားထားပေးရန်ခိုင်းမိလိုက်ပါတယ်။

ခိုင်းမိပြီးကာမှ၊ ချက်ခြင်းပြန်သတိရလိုက်မိသည်။

ညီမလေးကသူ၏ ဒူးခေါင်း သိတ်မကောင်းသဖြင့်၊ အပေါ်ထပ်နှင့်အောက်ထပ်သို ့

ခဏခဏ အတက်အဆင်းလုပ်ဖို ့မလွယ်ကူတာကို စဉ်းစားမိပြီးမှ၊

ညီမလေးအား မထားတော့ရန်နဲ ့၊သားတွေအိပ်ရာမှနိုးလာတဲ့အခါမှသာ

ထားခိုင်းတော့မယ့် အကြောင်း ပြန်ပြောပြလိုက်မိပါတယ်။

ညီမလေးကတော့၊သူ ့စိတ်၏ ခံစားချက် ထင်မြင်မှုအရ

ကျွန်မကို ချက်ခြင်း ပြန်ပြောလိုက်တဲ့စကားကြောင့်၊ကျွန်မပြန်ရှင်းပြရမယ့်

အနေအထားဖြစ်သွားပါတယ်။

ကျွန်မကို-ညီမလေးက၊

ဒုတိယအစ်မဖြစ်နေလို ့၊ ယီကြည့်လို ့ဘဲခေါ်ပါတယ်(တရုတ်လိုပါ)။

ယီကြည့်က ညီမကို အပေါ်ထပ်မတက်ခိုင်းတာဟာ၊ ညီမအပေါ်ထပ် ဘုရားကျောင်းဆောင်မှာ

ရောက်ခဲ့ရင်၊ဘုရားရှိခိုးတာကြာမှာကြောက်လို ့မဟုတ်လားဆိုပြီး ပြန်ပြီး ပြောလိုက်လို ့ပါ။

ညီမလေးက ဘုရားရှိခိုးရင် ၊ အနည်းဆုံးတော့ သုံးလေးနာရီကြာပါတယ်။

(အဲဒါက ညီမလေး ဘုရားရှိခိုးရင်  ပုံမှန်ကြာတဲ့အချိန်ပါ)။

ရုတ်တရက် ညီမလေးပြောလိုက်တဲ့စကားကြောင့်၊  ညီမလေးအနေနဲ ့ ကျွန်မကို အထင်လွဲနေပြီဆိုတာ

သိလိုက်ရပါတယ်။

ညီမလေးကို ကျွန်မက ချက်ခြင်းပဲ  ပြန်ပြီးရှင်းပြလိုက်ရပါတယ်။

ယီကြည့်က ညီမလေး ဒူးမကောင်းတာ စဉ်းစားမိလို ့၊ စေတနာအရ ပြောလိုက်မိတာပါလို ့

ဆိုပြီးတော့ပါ။။

ညီမလေးကလည်း သူ ့အနေနဲ ့ ဘုရားရှိခိုးလျင် အမြဲကြာတာမို ့

ယီကြည့်က မခိုင်းချင်တော့တာလို ့ ထင်မိတဲ့အကြောင်းနဲ ့ အရင်ကလည်း

သူဘုရားရှိခိုးနေရင်  ကြာတာကို အကြောင်းပြုပြီး၊ ကျွန်မက သူ ့ကို ဆူတတ်လို ့ဆိုပြီး

သူကလည်း ကျွန်မကို ၊ အဲဒီလို ပြန်ရှင်းပြတော့ ကျွန်မအနေနဲ ့ ခက်ပြီပေါ့နော်။

လက်ရှိအချိန်က ပစ္စုပ္ပန်တည့်တည့်။

ပြောတာ,ခိုင်းတာ, တွေအားလုံးကလည်း ၊ လက်ရှိပစ္စုပ္ပန်အရ ဖြစ်ပေါ်နေတဲ့ တရားတွေ။

အတိတ်ဆိုတာ ထည့်ပြောနေဖို ့မလိုအပ်ဘူးလို ့ဘဲ ကျွန်မအနေနဲ ့မြင်တာ။

အတိတ်ဆိုတာ မရှိတော့လို ့ပါ။

ဒီကိစ္စလေးကို အကြောင်းပြုပြီး

ကျွန်မအနေနဲ ့ ညီမလေးကို ဆုံးမမိပါတယ်။

ကျွန်မလည်း ရိပ်သာဆိုတာ၊(လေးကြိမ်)လောက်ဝင်ဘူးပါတယ်။

ညီမလေးလည်း ရိပ်သာဝင်ဘူးပါတယ်။

တကယ်ဆို

ရိပ်သာဘယ်လောက်ပဲဝင်ဝင်၊ တရားမှမသိခဲ့ရင်၊ တရားမှ မရခဲ့ဘူးဆိုပါလျင်

ဒေါသ,လောဘ,မောဟတွေဟာ၊  မခေါင်းပါးသွားနိုင်ပါဘူး။

အဓိကအရေးကြီးတာက၊

ကိုယ့်ရဲ ့စိတ်ကိုယ်,ကိုယ်စိစစ်ကြည့်ဖို ့အတွက်ပဲ၊  လိုအပ်တာပါ။

တကယ်ဆို

ကျွန်မအနေနဲ ့ ညီမလေးကို မခိုင်းသင့်မှန်း စိတ်မှာ ဖြစ်ပေါ်နေပါလျင်။

ပြောမိ,ခိုင်းမိမှာ မဟုတ်သလို ၊ ပြောမိ,ခိုင်းမိပြီးမှ ပြန်ပြီးစဉ်းစား မိတဲ့အတွက်လည်း၊

အခုလို အခက်တွေ ့သွားရတာပါ။

ယီကြည့်လည်း ညီမလေးကို ပြောမိတာမှားတယ်။

ညီမလေး ထင်မြင်မှုဟာလည်း ယီကြည့်အတွက် မမှန်ဘူးလေ။

ဒါကြောင့်မို ့

ညီမလေးရဲ ့စိတ်က မှန်တယ်လို ့ထင်နေတဲ့ဟာလည်း မှားတယ်။

ယီကြည့်အနေနဲ ့လည်း ပြောလိုက်မိတာဟာလည်း မှားတယ်။

တကယ်ဆို

ကိုယ့်စိတ်ကို,ကိုယ်စိစစ်ကြည့်မိကြပါလျင်

မှားတာ၊မမှန်တာတွေဖြစ်ဖို ့ခဲယဉ်းမှာ အမှန်ပါပဲ။

ပုထုဇဉ်စိတ်ဆိုတာ

အဝိဇ္ဇာဖုံးလွှမ်းနေပါတယ်။

ဝိဇ္ဇာကသာ အမှန်တရားကို သိမြင်နိုင်ပါတယ်။

ကိုယ့်စိတ်ကိုယ်,ကိုယ်ပြန်စိစစ်နိုင်ရင်တော့ ၊ ဘယ်နေရာမှာပဲနေနေ ကိုယ်နေနေတဲ့နေရာနဲ ့

ကိုယ့်ရဲ ့ပစ္စုပ္ပန်အချိန်တွေဟာ၊

ရိပ်သာပါပဲ ကွယ်လို ့ညီမလေးကို၊ ပြောဆိုဆုံးမလိုက်ပါတယ်။

ညီအစ်မနှစ်ယောက်

ကိုယ့်စိတ်ကိုယ်,ကိုယ်ပြန်စိစစ်ကြည့်မိဖို ့လိုအပ်တာ

ပြောပြရင်းနဲ ့၊ ရယ်ရယ်မောမော ဖြစ်မိခဲ့ကြရပါတယ်။။

 

 

 

 

 

 

 

 

 

 

 

 

 

 

6 comments

  • Shar Thet Man

    December 20, 2017 at 10:43 am

    ဟုတ်ပါတယ်လူတိုင်းကိုယ့်စိတ်ကိုစိစစ်ကြည့်ဖို့တော့လိုတာအမှန်ပါပဲ

    • aye.kk

      December 26, 2017 at 3:46 am

      မှန်ပါတယ်။
      သူကျလိုရာကျတတ်တဲ့
      နက်နဲသိမ်မွေ ့လွန်းလှတဲ့စိတ်ကို
      သမထ,ဝိပဿနာတစ်ခုခုပွားများအားထုတ်
      အလေ့အကျင့်လုပ်ထားရမှာပါ။
      ဒါမှလည်း
      သူကျလိုရာမှာသာကျနေတတ်တဲ့စိတ်လေးကို
      စိစစ်ကြည့်တတ်လာမှာပါ။

  • ဇီဇီ

    December 20, 2017 at 1:57 pm

    ကောင်းလိုက်တဲ့ စာလေး ပါ တီအေးရဲ့။
    ကျနော့ စိတ်ရဲ့ သွားနှုန်းကလည်း သိပ်မြန်တာ။
    ထင်လိုက် တွေးလိုက်မိပြီ ဆိုတာနဲ့အတိတ်က အထောက်အထားတွေရော
    နောက်ဖြစ်လာမဲ့ အရာတွေပါ ထပ်တွေးပြီး ပြောလိုက် လုပ်လိုက်မိရော။
    ဟုတ်တယ်နော်။ အမှန်က လက်ရှိအချိန်ကိုပဲ စိတ်လေးကို ထားရမှာ။

    နောက်က လိုက်သတိထားပြီး ထိန်းတဲ့ စိတ်က အဲလောက်မမြန်တော့လည်း မသိမှုမှာ သံသရာလည်နေတုန်းပါ။

    • aye.kk

      December 26, 2017 at 4:03 am

      ဇီဇီ
      ပစ္စုပ္ပန်အချိန်မှာ
      ဖြစ်ပေါ်ပြီး၊ ဖြစ်,ပျက်နေတဲ့တရားအရ
      ကိုယ်ပြုလုပ်ဆောင်ရွက်ချက်တွေမှာ
      အကောင်း,အဆိုးနှစ်ခုပဲရှိပါတယ်။
      အချိန်တိုင်း၊ကိုယ့်အတွက်တန်ဘိုးရှိအောင်
      ပြုမူနေထိုင်တတ်ဖို ့အတွက်စိတ်ကိုထားတတ်ဖို ့လိုအပ်ပါတယ်။
      ဒါဟာလည်း
      စိတ်ကိုစိစစ်ကြည့်တတ်ခဲ့ရင်သိလာမှာပါလို ့ပြောပြပါရစေ။
      အမှားနဲဖို ့လည်းခဲယဉ်းသွားမှာပါ။
      ၃၁ဘုံသံသရာမလည်အောင်တော့
      (သမထ,ဝိပဿနာအားထုတ်ထား
      ပြီး၊အမှန်သိဉာဏ်ရှိအောင်အားထုတ်ထားနိုင်ပါမှ)။
      အတိတ်ကိုထည့်ပီးတွေး
      အတိတ်ကိုပြန်စဉ်းစားပြီးပြောဆိုနေရင်
      ရှေ့လှမ်းနေတဲ့ခြေလှမ်းကနောက်ကိုပြန်ပြီးလှမ်းနေသလိုပါဘဲ။
      ကိုယ့်ရဲ ့တန်ဘိုးရှိလှတဲ့ပစ္စုပ္ပန်အချိန်ကိုကိုယ်ကဖြုန်းတီးပစ်လိုက်သလိုပါပဲ။

  • Thint Aye Yeik

    December 20, 2017 at 6:55 pm

    အခုတလော ကျနော်လည်း ဆရာတော်ဦးဇောတိက(မဟာမြိုင်တောရ)ရဲ့ အဆုံးအမကို
    တော်တော်လေး လိုက်နာ မှတ်သားချင်နေတဲ့အချိန်မို့….
    ကိုယ့်သဘောထားကို ကိုယ် ပြင်ရင်း…
    ကိုယ့် စိတ်ကို ကိုယ် မကြာခဏ စစ်နေမိတယ်။။

  • aye.kk

    December 26, 2017 at 4:09 am

    တူမောင်
    စိတ်ကိုသိနိုင်ဖို ့အတွက်
    အရင်ဦးဆုံးလုပ်ထားရမှာက
    သမထ,ဝိပဿနာဘာဝနာပွားများပေးပါ။
    ဒါမှလည်းစိတ်ကိုစိစစ်ကြည့်တတ်လာမှာပါ။

Leave a Reply