ဒီနေ့ဘာမှအလုပ်မရှိအားတာနဲ့ ရတနာပုံဘောလုံးပွဲသွားကြည့်ရန် ခြေဦးလှည့်မိသည်။

အဲဒါနဲ့ ဗထူးကွင်းထွက်လာခဲ့သည်။ သုံးနာရီကတည်းက၀င်လိုက်သည်။ကိုယ့်အရင်ရောက်နေသောပရိသတ်များတော်တော်များသည်။

ကိုယ့်အသင်းကိုအားပေးဖို့အတွက် ငွေအကုန်ခံ အချိန်အကုန်ခံတဲ့ အပြင် နေပူပြင်ထဲမှာ အပင်ပန်းခံအားပေးရန်ရောက်လာသောပရိတ်သတ်ကို

လေးစားမိသည်။

ဒီနေ့ညနေ လေးနာရီတွင် မန်းလေးမြို့ ဗထူးအားကစားကွင်းမှာ ရတနာပုံ နှင့် နေပြီတော် အသင်းတို့ယဉ်ပြိုင်ကစားခဲ့ကျပါတယ်။

ပထမပိုင်း မှာ ရတနာပုံအသင်း ကစားပုံဟာလေးနေပြီ နေပြီတော်အသင်းရဲ့ အတင်းဝင်လုကစားမှုကြောင့် ကစားပုံတည်မရပဲဖြစ်နေခဲ့သည်။

ပထမပိုင်းတွင် နေပြီတော်အသင်းက ၁ ဂိုး အသာရနေသည်။ ဂိုးကိုတော့ ၃၆ မီနစ်မှာ ပြည့်ဖြိုးဦးက သွင်းယူသွားသည်။ ဒုတိယပိုင်းရောက်တော့ကြည့်ကောင်းပီဟု

ထင်မိပါသည်။ပွဲအစမှစပြီ နေပြီတော်အသင်းသည် အချိန်ခိုးတော့သည် ။ထိလိုက်သည်နှင့် ခွေကျသွားပြီးထမလာတော့မပေ။ကွင်းဘေးစည်းကျော်တာနဲ့ ချက်ချင်းထပြီး ကွင်းထဲပြန်ဝင်တော့ သည်။ဟန်ဆောင်နာနေကျပါသည်။ပရိတ်သတ်များဆူညံနေသည်။

ဆဲသံတွေလည်းမိုးမွန်နေသည်။ ကျွန်တော်လည်း ပရိတ်သတ်တွေဆဲတာကို အရင်ကလက်မခံခဲ့ပါ။ အခုတော့ကြည့်ပါအုန်း သူတို့လုပ်နေပုံက

ငွေကုန်ခံ အချိန်ကုန်ခံ အပင်ပန်းခံပြီး လာကြည့်နေတဲ့ သူတို့ကျေးဇူးရှင်ပရိတ်သတ်မှအားမနာ ဘောလုံးပွဲကြည့်နေရတာနဲ့မတူ ကြက်ခြေနီများ

ချေချင်းလိမ်နေသည်။ပရိတ်သတ်တွေလည်း ဆဲကျသည်။ သူတို့အပစ်မဟုတ်ပါ။ ကစားသမားတွေအပစ်ဖြစ်သည်။ဘောလုံးပွဲကို ဒီလိုနည်းနဲ့ပွဲဆူအောင်လုပ်နေသော ဘောလုံးသမားတွေအပစ်ဖြစ်သည်။ ထိရုံလေးနဲ့ လဲကျနေရင် ဘောလုံးသမားလုပ်မနေနဲ့ပေါ့။

အဲဒီမှာပဲ ရဲမှုးက ကျွန်တော်ကြည့်နေသော အထူးတန်းရှေ့ ရောက်လာပြီ ဆဲတဲ့ပရိတ်သတ်ကို အချုပ်ထဲထည့်တဲ့ အဲဒါအမိန့်ပဲတဲ့ မင်းတို့ကြားလားဆိုပြီ

တာဝန်ကျ ရဲများကိုပြောသွားသည်။ကြည့်ရတာ VIP မှာ လူကြီးလာကြည့်လောက်သည်။ အရင်ပွဲများတွင်းဆဲသောအခါ ဘာမှမပြောဟု ပရိတ်သတ်ကပြောပြသည်။

အဲဒါမှန်ကန်သောဖြေရှင်းနည်းမဟုတ်ပါ။ ကမ္ဘာကျော် ပ၇ီမီးယားလိဂ်တောင်မှ ပရိတ်သတ်များဆဲကျသေးသည်။အမှန်တကယ်ဆို ပရိတ်သတ်ရဲ့အပစ်ကြည့်မဟုတ်ပါ

ဟန်ဆောင်ကစားသမားတွေရဲ့အပစ်လည်းဖြစ်သည်။ပရိတ်သတ်တွေကို လက်ကမ်းကြေငြာများနှင့် မဆဲရန်စည်းရုံးရမည်။

ပွဲအစ မိနစ် ၅၀ကျော်တွင် ရတနာပုံအသင်း  ချေပဂိုးသွင်းယူလိုက်သည်။ မန်းလေးပ၇ိတ်သတ်များဆူညံသွားသည်။

အောင့်ထားခဲ့ရတာလည်းကြာပြီလေ။ ပွဲပြီးခါနီလေ ပိုပြီး ဟန်ဆောင်နေသော နေပြီတော် အသင်းသားများကြောင့် အိမ်ရှင် ရတနာပုံပရိတ်သတ်များ ဆူညံနေပြီ။

ဆဲမိကျသည်။ အဲဒီမှာ ရဲတွေကလာပြီ ဆဲတဲ့သူတွေ ဖမ်းတော့သည်။ကြည့်ပါအုန်း ဘောလုံးပွဲမှ ဟုတ်သေးရဲလားလား။နောက်ပိုင်းတွင် ပရိတ်သတ်များ မဆဲတော့ပဲ

တခြားစကားများနှင့် စော်ကားပြောဆိုနေကျသည်မှာ နေပြီတော်အသင်းရစရာမရှိပေ။ ထိုသိုပြောသောပရိတ်သတ်ဘက်မှာ ကျွန်တော်အပြည့်အ၀ထောက်ခံပါသည်။

နောက်ဆုံးတွင် ၁ ဂိုး သရေဖြင့် ပွဲပြီးသွားခဲ့သည်။

ဒီနေ့ဘောလုံးပွဲကို ကြည့်ပြီ မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲ ရေရှည်တည်တံ့ရန်မှာ မလွယ်ပေ။

တချို့ဘောလုံးပရိတ်သတ်များသည် နောက်လာမကြည့်တော့ဖူးဗျာ ကျွန်တော်တို့က ဘောလုံးကို ၀ါသနာပါလို့ လာကြည့်တာ ကိုယ့်အသင်းညံလို့ရှုံးသွားရင်လက်ခံတယ်။ဒါမှမဟုတ် ထိုက်ထိုက်တန်တန်ရှုံးတယ်ဆိုလည်းထားပါ အခုတော့ကြည့်ပါအုန်း ဘောလုံးပွဲနဲ့မှာမတူတာ။

မတန်ဖူးဗျာ လာကြည့်ရတာ အကုသိုလ်များတယ်။ နောက်လာမကြည့်တော့ဖူး ဆိုပြီပြောသွားသော ပရိတ်သတ်များတော်တော်များသည်။

ဘောလုံးပြိုင်ပွဲတခု ဖြစ်မြောက်အောင်မြင်တယ်ဆိုတာ ပရိတ်သတ်က အရေးကြီးဆုံးနေရာမှာ ရှိပါတယ်။အခုတော့ ပရိတ်သတ်ဆဲတာကို အပစ်လုပ် ဖမ်းသွားတာတော့မတရားဘူးဗျာ။ အမှန်တကယ်ဆို ဟန်ဆောင်နာကျင်နေတဲ့ ကစားသမားတွေက တကယ်တရာခံပါ။

ဒီပုံစံမျိုးနဲ့ဆိုရင်တော့ ဘောလုံးကွင်းထဲတွင် ဘောလုံးအားကစားကိုချစ်သော ပရိတ်သတ်များမရှိတော့ပဲ ဘောလုံးလူရမ်းကားများသာကျန်ရှိတော့မယ်အခြေအနေကိုရောက်လာပါတော့မယ်။

မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲ တာဝန်ရှိသူများခင်ဗျာ

ဘောလုံးပွဲကို ဘောလုံးပွဲနဲ့တူအောင်ကစားကြဖို့ ကစားသမားတွေကို တိုက်တွန်းပေးပါ ခင်ဗျာ

ဟန်ဆောင်နာကျင် နေတဲ့ ကစားသမားတွေ နဲ့တော့ ရေရှည်တည်တံ့တဲ့ ပြိုင်ပွဲဖြစ်လာဖို့ မထင်ကြောင်းပါ။

About ဆိုးဆိုး

ဆိုးဆိုး has written 30 post in this Website..