စစ် ကျွန်နှလုံးသား

badbabylay09@gmail.comSeptember 4, 20101min774

မတရားလိုက်တာ…

နေမဝင် အင်ပါယာ တစ်ခုအတွက်

ငါက အသေခံ လူတဲ့လား…။

အဒီတွက် အသိမှတ်ပြု

ငါပုခုံးထက်မှာ ပုဝါနီတထည်….

သားသတ်ရုံ ထဲ ဝင်ရမယ့်

နွားတစ်ကောင်ရဲ့ ကျောပေါ်က ဆေးနီစက်ပေါ့…

ဒါက ငါ့အတွက်ဆုလား…(ဒါမှမဟုတ်)

ရွှေရောင်သုတ်ထားပြီး ဘောင်ရိုက်ထားတဲ့

စက္ကူစာရွက်တစ်ရွက်လား……။

ငါ့လူမျိုးတစ်စုအတွက်

နေမဝင်အင်ပါယာ တဲ့လား…..

ပြိုပျက်လောင်ကျွမ်းနေတဲ့

အဆောက်ဦးကြားက မီးခိုးတွေ…..

သွေးစက်တွေ ၊မျက်ရည်စက်တွေ ၊

ငိုကြွေးကြေကွဲ ၊ပြိုကွဲပျက်စီး၊…….

၊မိသားစုတွေ၊ အမေတွေ ၊ဇနီးတွေ၊

သားသမီးတွေ၊ချစ်သူတွေ၊

အို….သူတို့ ပျော်နေတယ်လို့ ထင်မိလား…..။

အမှန်တရားတွက် တိုက်ခိုက်တဲ့

တိုက်ပွဲတွေကြားမှာ…..

အမှန်တရားတွေ သေနေလိုက်တာ

အလောင်းချင်းထပ်လို့….အို..

မြင်လို့မကောင်းတဲ့ သွေးစက်တွေ

သေအံ့မူးမူးစစ်ကျွန် တစ်ယောက် နောက်ဆုံးခေါ်နေမိတဲ့

အမေေ၇…ချစ်သူေ၇…သားေ၇..သမီးေ၇..ကြားခဲ့မိကြရဲ့လား…….။

ရှင်သန်နေတဲ့ အမှားတွေကြားမှာ….

ဪ…

အမှန်တရားတွေ သေနေလိုက်တာ

အလောင်းချင်းထပ်လို့……။

4 comments

  • MTY

    September 4, 2010 at 2:55 pm

    ဘယ်သူမှမရေးကြတော့ပါလား….စစ်ဆိုတာ..အာဏာရမည်သည့်အစီုးရရဲ့(အောင်ဆန်းစုကြည်အပါအဝင်…ဖြစ်လာခဲ့သော)ဆုံးဖြတ်ချက်တစ်ခုပါ…အမေရိကန်…ဆိုဗီယက်…သမိုင်း…ကြည့်ပါ…(နောင်ဆို..အာကာသ..Avater…လူသားများပင်ချဲ့ကြမှာပါ)…(တိုက်သူနဲ့ ..ခံစစ်စင်သူ..နှစ်ဖက်စလုံး..ရဲ့သဘောထား..ခံယူချက်..များကိုလေ့လာကြည့်ပါ)
    ….သေရတာက စစ်သားဟုဆိုသော…လူပင်ဇြစ်လေသတည်း…..

  • ko ko

    September 4, 2010 at 3:49 pm

    ကိုယ့်မြေ၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးတန်းတူညီမျှရေးအတွက် တိုက်ပွဲဝင်တာကို မှားတယ်လို့ထင်ရင် အဖန်တရာပြန်သေလိုက်တော့
    တရားသောစစ်အတွက် သာအသေခံရမယ်ဆိုရင် သေရဲတယ်… မတရားစစ်ဆိုတာမရှိဘူး… တရားသောစစ်ဘဲရှိတယ်… မုန်တိုင်းပြီးမှ လေပြေလာတယ် ………

  • MTY

    September 5, 2010 at 4:06 am

    နှစ်ဖက်စလုံးကသူ့စစ်သားတွေကိုပြောကြမှာက(ကိုယ့်မြေ၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးတန်းတူညီမျှရေးအတွက် တိုက်ပွဲဝင်တာလို့……..)..ကျူးကျော်လူနဲ့ခုခံသူ..ဘယ်သူမှန်တယ်မငြင်းပါ…..ကျူးကျော်သူဘက်ကသေတာလဲစစ်သာတွေဟုဆို…လူပင်
    ဖြစ်ပါသည်..

  • chitsayar

    September 5, 2010 at 2:59 pm

    MTY နှင့် ko ko ရေ အထူးသဖြင့်
    MTY ပါ
    မရေးတာ မဟုတ်ရပါဘူးဗျာ မရေးတတ်တော့တာပါ
    ဆယ်ဘီးကားကြီး အကြိတ်ခံရမယ်ဆိုရင်တောင် ဒီလောက်ခံစားရမှာ မဟုတ်ပါဘူး
    ကဗျာရှင်ကို ရင်ထဲအသဲထဲကနေ လေးစားဂုဏ်ပြုနေတာပါ
    ကဗျာရှင်ရေး
    ဒါ…………..
    ကိုယ်တိုင်ရေးတာလား (ဝါ)
    ဘာသာပြန်လား(ဝါ)
    မေးလ်းကနေတဆင့်ရတာလား
    ကျွန်တော် ကဗျာတွေကို လုံးဝ မရူးသွပ်ဖူးပါဘူး
    ဒီတစ်ခါတော် ကျွန်တော့် ရင်ထဲ အသဲထည်းကနေ
    လုံးဝ လေးစားဂုဏ်ပြုပါတယ်ဗျာ

Leave a Reply