“နှစ်သစ်အတွက် အကောင်းဆုံးလက်ဆောင်”

aye.kkDecember 31, 20171min4377

ဒီနေ ့ကနှစ်တစ်နှစ်အတွက်

နှစ်တစ်နှစ်ရဲ ့၊နောက်ဆုံးရက်နေ ့လေးပါ။

ကျွန်မအတွက်တော့၊  ပစ္စုပ္ပန်လို ့ဆိုပါရစေ။

ကျွန်မအတွက်

အကောင်းဆုံးအဖော်မွန်ဖြစ်တဲ့

နှစ်သစ်လက်ဆောင်က၊ ကျွန်မရဲ ့ခန္ဓာကိုယ်မှာ အမြဲရှိနေတဲ့ “ကံ,ဉာဏ်,ဝီရိယ”တွေပါ။

လူတိုင်းက ချမ်းသာချင်ကြပါတယ်။ ဆင်းရဲတာကို မနှစ်မြို ့ကြပါဘူး။

ကျွန်မလည်း ဒီအတိုင်းပါဘဲ။ ချမ်းသာချင်ပါတယ်။

ချမ်းသာချင်တယ်ဆိုပေမယ့်လည်း၊ကျွန်မပြုလုပ်နေတဲ့အလုပ်က၊

ကောင်းမှသာလျင် ကောင်းကျိုးခံစားရမယ်ဆိုတာ

အလိုလိုနားလည်မိပြီးသားပါ။

ကျွန်မပြုလုပ်တဲ့ “အလုပ်”(“ကံ”)မရှိဘူးဆိုပါလျင်၊

အကြောင်းတရားလည်း မရှိ၊ အကျိုးတရားလည်း မရရှိနိုင်တော့ပါဘူး။

ကျွန်မမှာ ပြုလုပ်ချင်တဲ့ “”စိတ်စေတနာ”

တစ်နည်းအားဖြင့် ဆိုရပါလျင် “ကံ”ရှိရပါမယ်။

ကိုယ်ပြုလုပ်လိုက်တဲ့အလုပ်က

အကျိုးရှိလား၊မရှိလားဆိုတာ၊စဉ်းစားဆင်ခြင်တဲ့ဉာဏ်ရှိရပါမယ်။

အကျိုးရှိတယ်,အကျိုးမရှိဘူးဆိုတာ၊ကိုယ်ပိုင်ဉာဏ် ရှိဖို ့လည်း လိုအပ်ပါတယ်။

အကျိုးရှိတာကိုသိပြီး၊လုံ ့လဝီရိယ(ကြိုးစားအားထုတ်မှု)မရှိပါလျင်၊ မလုပ်ပဲနေနေပါလျင်

မချမ်းသာနိုင်ပါဘူး။ ဒီအတိုင်းဘဲနေနေရင်တော့ ၊ ဒုံရင်း,ဒုံရင်းဖြစ်နေမှာလို ့(စကားအရ)

ပြောပြချင်မိပါတယ်။

အခုဆို

လူတိုင်းအတွက်၊အားလုံးအတွက်

နှစ်တစ်နှစ်ရဲ ့ ပြီးဆုံးသွားတော့မယ့်၊ နောက်ဆုံးနေ ့ရက်လေးကို  ရောက်ရှိလို ့လာပါပြီ။

၂၀၁ရခုနှစ်မှာ ကိုယ်ဟာ ဒုံရင်းပဲလားဆိုတာ၊  စဉ်းစားကြည့်မိဖို ့တော့ လိုအပ်လာပါတယ်။

ဒုံရင်း,ဒုံရင်းပဲဆိုရင်တော့ ၊ဒုံရင်းမဖြစ်ရလေအောင်

နှစ်သစ်အတွက်၊ လူတိုင်း,လူတိုင်းအတွက်

“အကောင်းဆုံးလက်ဆောင်” လိုအပ်လာနေပါပြီ။

ကျွန်မအနေနဲ ့၊ကျွန်မခန္ဓာကိုယ်မှာရှိနေတဲ့၊”ကံ,ဉာဏ်,ဝီရိယ”ဆိုတဲ့

“အကောင်းဆုံး လက်ဆောင်”ကိုသာလျင် “နှစ်သစ်လက်ဆောင်”အဖြစ်

မြတ်မြတ်နိုးနိုး ရယူချင်မိပါတယ်။

အားလုံးအတွက်

အားလုံးမှာ ရှိနေပြီးသားဖြစ်တဲ့

“အကောင်းဆုံးလက်ဆောင်”(ကံ,ဉာဏ်,ဝီရိယ)ကို

ကိုယ်စီ,ကိုယ်ငှ၊ အသီးသီးရယူနိုင်ကြပါစေ။

 

 

 

 

 

 

7 comments

  • ကထူးဆန်း

    January 1, 2018 at 10:25 am

    အန်တီ ဆုတောင်းတဲ့ အတိုင်းပြည့်ဝ ပါစေ ..
    ကြည်နူ း ချမ်းသာ ပီတီ ဖြစ်ရသော နှစ်သစ်ဖြစ်ပါစေ ..

    • aye.kk

      January 11, 2018 at 12:58 pm

      ကထူးဆန်း
      ကြည်နူးချမ်းသာပီတိ နှစ်သစ်
      ဖြစ်ဖို ့အတွက် အန်တီရိပ်သာဝင်နိုင်ပါစေသတည်း။

  • Shar Thet Man

    January 2, 2018 at 10:33 am

    ပေးတဲ့ဆုနဲ့ပြည့်ပါစေ ..Happy New Year ပါ

  • aye.kk

    January 11, 2018 at 1:00 pm

    ရှားသက်မန်
    အန်တီကလည်း…
    ထပ်တူထပ်မျှပါလို ့….ဆိုပါရစေ။

  • Thint Aye Yeik

    January 11, 2018 at 4:47 pm

    အန်တီအေးရေ…
    ကိုယ့်ရဲ့ ကံ(အလုပ်)နဲ့ ကိုယ့်ရဲ့ ဉာဏ်၊ ဝီရိယကို ကိုယ် အားကိုးတတ်အောင်
    သတိပေးလိုက်တာကိုက…. အန်တီအေး ပေးတဲ့ လက်ဆောင်ပါ။
    လက်ဆောင်တွေ ကောင်းစွာ ရရှိပါကြောင်း။
    ကျေးဇူးတင် ချစ်ခင်လျက် ရှိပါကြောင်းနဲ့…
    အန်တီအေးလည်း အေးချမ်းသာယာပါစေကြောင်း

  • aye.kk

    January 12, 2018 at 11:15 am

    ကျေးဇူးပါ
    တူမောင်ရေ ့…
    တူမောင်လည်း…ကျန်းမာ ချမ်းသာပါစေ။

  • manawphyulay

    February 14, 2018 at 4:15 pm

    တီအေးရေ… အားလုံးက မှတ်သားစရာတွေပါပဲ။ မနောတော့ ဒီအတိုင်းပဲ ကျင့်ကြံနေမိပါတယ်။

Leave a Reply