ငါရဲ့လိပ်ပြာ

manawphyulaySeptember 4, 20101min600

ဖြူစင်တဲ့စိတ်ကလေးနဲ့
အပူအပင်ဖွဲ့ အရိပ်တွေဖြင့်
မေတ္တာရည် အလှလွှမ်း
သစ္စာတည် ဘဝလမ်း
လျှောက်လှမ်းခဲ့ပေ….။
ဘယ်သူတွေ ဘယ်လိုကဲ့ရဲ့
မဲ့ရွဲ့လို့ မြင်ကာ ကြည့်စေ
လူတကာတွေ မေးငေါ့မှာကြောက်…
လိပ်ပြာလုံ
သိက္ခာဂုဏ် ရိုးသားစွာဖြင့်
ရိက္ခာအစုံ တိုးပွားမလာလဲ
(နင်ရယ်… တို့ကတော့) မိုးခါးရေမသောက်….။