စိမ်းလန်းတဲ့အပင်တွေအများကြီးနဲ့ Adventure တို့ပေါင်းစုံရာ စိမ်းလဲ့တင်

Mon LayJanuary 13, 20186min2540

ဒီခရီးစဉ်လေးကတော့ မွန်လေးကျိုက်ထီးရိုးကအပြန် ဝင်လည်ခဲ့တဲ့ခရီးစဉ်လေးပါ။ နေ့ချင်းပြန်အနေနဲ ့ရန်ကုန်ကနေစောစောထ

သွားရင်ပိုကောင်းတဲ့ခရီးစဉ်လေးလည်းဖြစ်ပါတယ်။ 😘✌️😁😘✌️😁

#ဘယ်လိုသွားရလဲ 🚗🚌🚍🚘

ရန်ကုန်ကနေ ကားနဲ ့ ၃ နာရီမောင်းရင် မွန်ပြည်နယ် ကျိုက်ထိုမြို ့က စိမ်းလဲ့တင် ကိုရောက်ပါတယ်။ ဝင်လိုက်တာနဲ့ အပင်ကြီး

တွေနဲ ့အရိပ်ကောင်းကောင်းရလို့အေးမြတဲ့ခံစားမှုကိုချက်ချင်းရလိုက်ပါတယ်။ 🌳🌲🌳🌲

#ဝင်ကြေး💵💵

အထဲဝင်ဖို ့ လူတယောက် ၁၀၀ဝပါ။ ရုံးပိတ်ရက်ဆို ၁၅၀ဝပါ။ ကားအတွက် ၁၀၀ဝ ပေးရပါတယ်။

အထဲဝင်တဲ့ လမ်းဘေးဝဲယာမှာ ကြက်မောက်သီးပင်တွေ အသီးတွေကို ပြွတ်နေတာ။ အသီးခူးရင် အမှိုက်တခြင်းကောက်ရမည် ဆိုတဲ့ ဆိုင်းဘုတ်ထောင်ထာတယ်လေ 😬😅 မခူးခဲ့ပါ။ 🍓🍇🍒🍎🍏🍊🍋

#ဘာတွေရှိလဲအထဲမှာ

ကားပါကင် နားမှာပဲ Zip Line စီးတဲ့စင်မြင့်ရှိပါတယ်။ Zip Line ကတယောက် ၁သောင်းပါ။ Zip Line + Quick Jump ပေါင်းဆိုရင်တော့ တယောက် ၁၅၀၀ဝ ကျပ်ပါ။ (အချိန်မရလို့ မစီးခဲ့ရဘူး နောက်တစ်ခေါက်သွားဦးမှာဆိုတော့

နောက်တစ်ခေါက်သွားရင်စီးဖြစ်အောင်စီးပါမယ်။)😁

Rope course နဲ့ Rock climbingလည်းဆော့လို့ရတယ်။ သူတို့လည်းကား ပါကင်နားမှာပဲ။ Rope course တော့ဆော့ခဲ့တယ်။

တစ်ယောက် ၁ သောင်းပါ။ အဆင့်ရဆင့်ရှိတယ်။ ✋✌️ရဆင့်လုံးအောင်ခဲ့တယ်။ 😋😆😋😆အချိန်၁၅မိနစ်အတွင်းမှာ။  1⃣5⃣📳 ဝတ်စုံပြည့်ဝတ်တဲ့အချိန်ပါအပါပေါ့။ တစ်ဖွဲ ့ကို trainer တယောက်က လိုက်ပြပေးပါတယ်။ Adventure ကြိုက်တဲ့အပြင် အသစ်အဆန်းဆိုလုပ်ကြည့်ချင်တဲ့မွန်လေးအတွက်တော့ စိတ်ကျေနပ်မှုရခဲ့ပါတယ် ။😇😇

အထဲမှာ လမ်း ၂ လမ်းရှိပါတယ်။ ✌️ သစ်ပင်ထိပ်ဖျားတွေနား တက်ဆောက်ထားတဲ့ တောတွင်းလျောက်လမ်းလေးရယ် ရိုးရိုး မြေပေါ်လျောက်လမ်းလေးရယ်ပါ , လမ်း ၂ ခုလုံး အရမ်းသာယာပြီး လှပါတယ်။ တံတားပေါ်ကသွားတဲ့လမ်းကိုပိုကြိုက်ပါတယ်။

ကမ္ဘောဒီးယားသွားတုန်းက ရောက်ခဲ့တဲ့စားသောက်ဆိုင်လေးနဲ့တူလို့ပါ။ တံတားလေးပေါ်မှာ အပင်ကြီးတွေနဲ့ဓါတ်ဖမ်းရတာ

တယ်လည်းကောင်းသကိုး။ 🌳🌲🌳🌲🌳🌲🌳🌲🌳🌲လမ်းမှာ ငှက်ကလေးတွေ မျောက်လေးတွေ သမင်လေးတွေ လှောင်အိမ်နဲ ့မွေးထားပါတယ် အစာကျွေးလို ့လဲရပါတယ် ,🦅🐦🦌🐒🐵 အပေါ်လမ်းကလျောက်လာလိုက်တာ လမ်းဆုံးတော့ သဘာဝရေတံခွန်နဲ ့ရေကူးကန်ကို အပေါ်စီးကနေမြင်ရပါတယ်။👙👙 တီးလုံးတွေပါဖွင့်ပေးထားတော့ ကတဲ့သူကက ရေကူးတဲ့သူကူး ပျော်စရာကြီးပါ။ ရေကူးတာက တယောက် ၁၅၀ဝ တဲ့ ရေတော့မကူးခဲ့ဘူူး✌🏻😁။ (နောက်တစ်ခေါက်အတွက်တေးထားတယ်)🏊🏊

ဥယျာဉ်အလယ်က ကန်ကြီးထဲမှာ ကင်းကောင်ရုပ်ကြီးရယ် ကြိုးတံတားရယ်ရှိပါတယ်။ အမေ့ကို စင်ကာပူကလို ပါးစပ်ထဲရေထည့်ပေးပုံဓါတ်ဖမ်းပေးလိုက်သေးတယ် 😛😜😝😛😜😝

မြို ့ပြရဲ ့ မွမ်းကျပ်မှုတွေကနေ ခဏတာပြေးထွက်ချင်တဲ့သူတွေ , Adventure ဝါသနာပါတဲ့သူတွေ , တိရစာ္ဆန်လေးတွေ ကြည့်ချင်တဲ့သူတွေ အတွက် သင့်တော်တဲ့ နေ ့ချင်းပြန် Day trip လေးပါပဲ ✌🏻

ခရီးတွေလည်းအများကြီးထပ်သွားပါဦးမယ်