ပန်းများနဲ့လှနေတဲ့ပန်းမြို ့တော်ကို လည်လည်သွားမယ် 😊🍓🌸🌺🍓😊

Mon LayFebruary 2, 20185min2824

ဒီခရီးစဉ်လေးက မွန်လေး 2nd year လောက်တုန်းကအဒေါ်၂ယောက်ရယ်၊ညီမလေးရယ်၊အဖွားတို့နဲ့သွားလည်ခဲ့တဲ့ခရီးလေးပါ။

အရမ်းကြီးအချိန်အတိအကျမမှတ်မိတော့ပေမယ့် တော်တော်မာျးများလေးမှတ်မိနေလို့ လည်လည်သွားလို့ရအောင်လည်းရေးပေး

လိုက်ပါတယ်။ ပန်းမြို ့တော်ထဲမှာ ထူးဆန်းဖို့ကောင်းတာလေးတွေလည်းပြန်ရှယ်ပေးချင်တာလည်းပါပါတယ်။

# ခရီးလမ်းကြောင်း🚗🚍🚘

ပြင်ဦးလွင်ကို ကားနဲ့လည်းသွားလို့ရသလို၊ ရထားနဲ့လည်းသွားလို့ရပါတယ်။ မန်းလေးဘူတာကြီးကနေ မနက်အစောဆုံးထွက်တဲ့ ရထားစီးပြီးသွားရင် (၃)နာရီလောက်တော့ စီးရပါတယ်တဲ့။ကားနဲ့သွားမယ်ဆို ကားခတွေကတော့ ရိုးရိုးဆို (11700) အထူးဆို (20600) အစားစားရှိပါတယ်။ ကားလက်မှတ်ဆိုပြောနော်။ အသိတစ်ယောက်ရောင်းတာဖြစ်လို့ပြောပေးပါမယ်။ 😊😊👍🏼

#တည်းခိုဖို့🏨🏨

ဟိုတယ်တွေကတော့အများကြီးပါ.မွန်လေးတို့တည်းခဲ့တုန်းကတော့ဈေးနဲ့လည်းနီးတဲ့ Star hotel ဆိုတာလေးပဲ။ Roof top လည်းရှိတယ်။

တခြားလက်လှမ်းမှီတာလေးတွေပြောပေးမယ်နော်

Hotel hill top gem – $39, $59
Hotel Aster – 25000 ~ 45000
Bravo Hotel – 25000 ~ 45000
Rainbow Motel – 20000

ကောင်းတဲ့ဟာတွေလည်း အများကြီးရှိပါသေးတယ်။😆😆

#ဘယ်တွေလည်ကြမလဲ

#မဟာအံ့ထူးကံသာဘုရား🙏🙏

လားရှိုးသွားတဲ့ လမ်းဘက်ထွက်ပြီး  မဟာအံ့ထူးကံသာဘုရားကန်တော်ကြီးဥယာဉ်ထဲကို မနက်စောစောသွားလည်ပေါ့။ အရမ်းတိတ်ဆိတ်ပြီးသာယာတယ်။ ကြာကန်ကြီးကလည်းလှမှလှ။

#အမျိုးသားကန်တော်ကြီးဥယျာဉ်

အဲ့ဒီအထဲမှာက အချိန်ရရင် ရသသောက်ပတ်လို့ရတယ်။ ထူးဆန်းတာကမွန်လေးတို့ ဂိတ်ပေါက်ဝကိုဝင်လာတုန်းက လမ်းမှာစိုက်ထားတဲ့ပန်းက အနီလေးတွေ၊ ပြန်လည်းလာရော ပန်းလေးတွေကခရမ်းရောင်လေးတွေဖြစ်သွားတယ်။ မနက်တစ်မျိုး၊ညနေတစ်မျိုးအလှအဖြစ် ပြောင်းစိုက်ကြတာနဲ့တူတယ်ထင်တယ်နော်။ ကန်တော်ကြီးထဲမှာ ဓါတ်ပုံရိုက်လို့လည်း

လှတယ်။ ကိုယ်တွေဆိုတာ တစ်နေရာမှာ အိုက်တင်တစ်မျိုးမျျိုးဆီကိုရိုက်တာ။ ပန်းလေးတွေကလည်းလှသကိုး။

ဘယ်နေရာပဲရောက်ရောက်ရင် အမှိုက်မချကြပါနဲ့နော်၊😞😞။ ကန်တော်ကြီးထဲကပန်းတွေလည်းမခူးကြပါနဲ့နော်။

 

#ဒီဇင်ဘာခြံ

ဒီဇင်ဘာခြံက စားသောက်ဆိုင်လဲဟုတ်သလို ဓါတ်ပုံရိုက်လို့ကောင်းတဲ့နေရာတစ်ခုပါ။

 

#YGW Garden

ပိတ်ချင်းမြောင်ရေတံခွန် သွားတဲ့ လမ်းပေါ်မှာ တည်ရှိတဲ့ အပန်းဖြေနေရာသစ်လေးတစ်ခုပါ။ ပြင်ဦးလွင်ကနေ Toll Gate ကျော်လာပြီး တောင်အောက် အကွေ့လေးတွေနဲ့ ဆင်းသွားရတဲ့ ကားလမ်းလေး လွန်တာနဲ့ လမ်းရဲ့ ညာဘက်ခြမ်း နံရံတစ်ခုရဲ့အောက်မှာ ရောင်စုံမှုတ်ဆေးတွေနဲ့ရေးသားထားတဲ့ YGW ခြံသို့ ဆိုတဲ့ လမ်းညွှန်စာသားလေးကို တွေ့ရပါမယ်။ ရုပ်ရှင်ရိုက်ကွင်းတစ်ခုလာတည်ရာကနေ ဖေ့စ်ဘွတ်ပေါ် ပြန့်သွားပြီး လူတွေ လာရောက်လည်ပတ်နေကြတာလို့ ပြောကြပါတယ်။ တောလမ်းလေးပေါ် ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်လုပ်နိုင်သလို၊ တိရစ္ဆာန်ချစ်သူတွေအတွက် ယုန်၊ ဘဲ၊ ကြက်ဆင်၊ မျောက်၊ ဝက်ဝံ၊ အောက်ချင်းငှက် စတဲ့ အကောင်လေးတွေကို မြင်တွေ့ အစာကျွေးနိုင်ပါသေးတယ်တဲ့။ အမှန်ကYGW ဆိုတာ မိဘမဲ့ကလေးတွေကို စောင့်လျှောက်တဲ့ ပရဟိတအဖွဲ့တစ်ဖွဲ့ပါ။ အခု ဥယာဉ် ကတော့ အဲ့ဒီ YGW အဖွဲ့မှာရှိတဲ့ မိဘမဲ့ကျောင်းခွဲတွေကို ထောက်ပံ့ဖို့ ရန်ပုံငွေရှာတဲ့ ပုံစံပါပဲ။ အဲ့ဒီမှာ စားသောက်ဆိုင်လည်းရှိတယ်။ ဓါတ်ပုံရိုက်စရာ ရှုခင်းတွေလည်းတော်တော်ရှိပါတယ်။ အကောင်တွေနဲ့ အရေခွံတွေတို့နဲ့ ပြင်ဆင်ထားတာလည်း အမြင်ဆန်းတယ်။ မြန်မာပြည်မှာ သိပ်မတွေ့ရသေးတဲ့ အပြင်အဆင်ပါ။ရောက်ဖြစ်အောင်ရောက်လိုက်ကြဦးနော်။

#ပိတ်ချင်းမြောင်ရေဂူ

ပိတ်ချင်းမြောင် ရေတံခွန် နှင့် မဟာနန္ဒမူ လိုဏ်ဂူတော် သမိုင်းအကြောင်း
========================================

ပိတ်ချင်းမြောင် မဟာနန္ဒမူ လိုဏ်ဂူတော်သည် မန္တလေးတိုင်းဒေသကြီး ၊ ပြင်ဦးလွင်မြို့၏ အရှေ.မြောက်ဘက် ၊ ပြင်ဦးလွင်မြို့မှ (၁၅)မိုင်ခန့် ၊ ဝက်ဝံကျေးရွာ၏ အရှေ့ဘက် (၂) မိိုင်ခန့်အကွာ ၊ တည်ရှိပါသည်။ မြောင် (၃)မြောင် (၁) မြောင် ပေါ်ထွန်းမည်ဟူသော တပေါင်စကားအရ ဤဒေသတွင် ရှိသည့် လျှိုမြောင်ကြီး(၃)ခုရှိသည့်အနက် ရှေးယခင်က ဆေးဖက်ဝင် ပိတ်ချင်းပင်များ ပေါက်ရောက်ရာ ဤလိုဏ်ဂူတော်ကြီးကို ပိတ်ချင်းမြောင် မဟာနန္ဒမူ လိုဏ်ဂူတော်ဟူ၍ အမည်နာမသတ်မှတ် ခေါ်ဝေါ်ခဲ့ကြသည်။
ပိတ်ချင်းမြောင်လိုဏ်ဂူတော်ကြီးမှာ ပြတ်ရွေ့ကြောကြီးများမှတဆင့် ဖြစ်ပေါ်လာသည့် ကျောက်ဂူဖြစ်ပြီး ထုံးကျောက် ၊ ကျောက်စက်ရေများကြောင့် ကျောက်ခတ်ပန်းဆွဲများ လှပစွာဖြစ်ပေါ်နေပါသည်။ လိုဏ်ဂူအတွင်းမှ စီးဆင်းနေသည့် စမ်းချောင်းသည် သဘာဝအလျှောက် နေရာအနှံ့အပြားမှ ထွက်ရှိလာသည့် စမ်းရေထွက်များ စုစည်းပြီး ဖြစ်ပေါ်လာသည့် စမ်းချောင်းဖြစ်ပါသည်။ စမ်းချောင်းမှာ အချို့နေရာများတွင် အနက်(၅)ပေ ခန့်ထိ ရှိပြီး အချို့နေရာာများတွင် ရေတံခွန်ငယ်လေးများ အဖြစ် စီးဆင်လျှက် ရှိပါသည်။ ယင်းစမ်းချောင်းမှ စိမ့်စမ်းရေများ ဖြစ်သဖြင့် အလွန်ကြည်လင် အေးမြပြီး ထူးခြားချက်များမှာ မျက်စဉ်းအဖြစ် အသုံးပြုပါက မျက်စိယားယံခြင်း ၊ မျက်စိနာခြင်းများ ပျောက်ကင်းခြင်း၊ ၎င်းရေကို ချိုးသုံးပါက အရေးပြာယားယံနာများပျောက်ကင်းခြင်း၊ ယင်းစမ်းရေသည် နွေအခါ အေးမြ၍ ဆောင်းအခါ နွေးထွေးခြင်း ၊ အခြားနေရာများတွင် နွေရာသီ၌ ရေခမ်းခြောက်သော်လည်း လိုဏ်ဂူအတွင်း ရေမခမ်းခြင်း ၊မိုးသည်းထန်စွာ ရွာသွန်း၍ ပတ်ဝန်းကျင်ရှိ ရေများ နောက်ကျိသော်လည်း လိုဏ်ဂူအတွင်းမှ ရေသည် ကြည်လင်မြဲအတိုင်း ရှိနေခြင်း စသည့် အကျိုးကျေးဇူးများနှင့် ထူးခြားမူများကို တွေ့ရှိရပါသည်။

ပိတ်ချင်းမြောင်ရှိ မဟာနန္ဒမူလိုဏ်ဂူတော် ၏ ရာဇာဝင် သမိုင်းအကြောင်း
————————————————————————-
ဘုရားရှင်လက်ထက်တော်တွင် ဘုရားရှင်ကိုယ်တော်တိုင် ဝေလ္လဗေဝတောင်တော် (ယခုပြင်ဦးလွင်ဒေသ)ကို ဒေသစာရီကြွချီတော်မူလာသည်။ ထိုသို့ ဘုရားရှင် ကြွချီတော်မူလာစဉ် ဝေလ္လဗေဝတောင်အနီးနေ တောင်ယာခင်းရှင် စိန္တပါလဆို သူလုလင်သည် မြတ်စွားဘုရားအား သစ်သီးဆွမ်းများ ကပါလှူခဲ့ရာ ဘုရားရှင်၏ ဗျာဒိတ်အရ ဗျာဒိတ်တော်နှင့် ကုိုက်ညီသော ရေမြေအနေအထားတွင် သာသနာတော် ပွင့်လင်းလာမည်ဖြစ်၍ ယင်းမြေနေရာကို ရှာဖွေခဲ့ပါတယ်။ ချောင်း ၊ ချောက် ၊ဂူ ၊မြောင် ၊ သုံးတွင်းတောင် ၊သုံးအောင်ရေတံခွန်၊ကံထူထဋ်ခေါင် ၊ ပိတ်ချင်းမြောင်၊ အောင်မြေနတ်လမ်းညွန် ဟူသော ဗျာဒိတ်တော်အရ စိန္တပါလ လုလင်မှ ရှာဖွေခဲ့ရာ ဗျာဒိတ်တော်နှင့် ညီညွှတ်သော လိုဏ်ဂူတော်ကို တွေ့ရှိခဲ့ပါသည်။ ယင်းတောင်ခြေနှင့် မြတ်ရောင်ခြည် ထွက်ပေါ်နေသော လိုဏ်ဂူအတွင်း၌ ဘုရားတည်ရန် ရည်သန်ခဲ့သော်လည်း လိုဏ်ဂူတော်တွင်းနှင့် အနီးပတ်ဝန်းကျင်တွင် ကျက်စားနေထိုင်သော နဂါးမင်း မောင်နှမအား ကျော်လွန်ကာ လိုဏ်ဂူအတွင်း ဝင်ရောက်ခြင်းဌာ မတတ်နိုင်ခဲ့ပါ ။ ထို့ကြောင့် လိုဏ်ဂူနျင့် မနီးမဝေးတွင် နေထိုင်၍ လိုဏ်ဂူအတွင်း ဘုရားတည်ရန်စောင့်ဆိုင်းခဲ့ရာ အချိန်ကြာာလာသည့်နှင့်အမျှ နဂါးမင်းမောင်နှမအနက်မှ နှမတော်နဂါးမနှင့် စိန္တပါလ လုလင်တို့ ရည်ငံခဲ့ကြပါတယ်။ ထိုအခါမောင်တော် နဂါးမင်းမှ သိရှိ၍ စိန္တပါလ လုလင်အား ပိတ်ချင်းမြောင် လျှိုအထိပင် ဝင်ခွင့်မပေးတော့ပါ။ တရားဓမ္မနှင့် မွေ့လျော်သည့် နဂါးမင်းဖြစ်၍ အန္တရယ် မပြုခဲ့ပါပေ။ သို့ဖြစ်၍ လူသား စိန္တပါလ လုလင်သည် ရသေ့အသွင်ဖြင့် ဂူလွင်ပြင်နှင့် မလှမ်းမကမ်းတွင် တောရကျောင်းဆောက်တည်နေထိုင်ကာ သီတင်းသုံးခဲပါတယ်။ တောတွင်းမှ ရရှိသည့် ကျွန်းအမြူတေဖြင့် ဘုရားရုပ်ပွားတော်မြတ် (၃) ဆးအား ထုလုပ်ပူဇော်၍ ဂူအတွင်း၌ တည်ထားကိုးကွယ်ရန် နဂါးမင်းအား ပေးအပ်ခဲ့ရာ သူတော်စင် ရသေ့အသွင် ဖြစ်၍ နဂါးမင်းမှ လက်ခံကာ လိုဏ်ဂူအတွင်း ထားရှိပူဇော်ခဲ့ပါသည်။

အနော်ရထားမင်းလက်ထက်တွင် မိဘုရား စောမွန်လှသည် ပေါက္ကံပြည်မှနေရပ်သို့ အပြန် ဝေလ္လဗေဝတောင်တော်တွင် စို့စကိုင်းခေါ် ရောင်စုံသက်တန့် အကွေးအဆုံးနေရာမှ ရောင်ခြည်တော်အစုံ ကွန့်မြူနေသည်ကို တွေ့ရှိရပါသည်။သို့ဖြစ်ပါ၍ အကြောင်းစုံသိရှိရန် ကိုယ်ရံတော်ဖြစ်သူ မောင်တော် စပ်နောင်လှအား ဓါတ်တော်၊ မွေတော်များ ၊ရဟန္တာဓါတ်တော်များပေး၍ စေလွှတ်ခဲ့ပါသည်။ စပ်နောင်လှမှ လိုဏ်ဂူကို တွေ့ရှိ၍ ဝင်ရောက်ခဲ့ရာ ရုပ်ပွားတော်မြတ်(၃)ဆူကို ဖူးတွေ့ရပါသည်။ ပါလာသည့် ဓါတ်တော် မွေတော်များနှင့် ရဟန္တာဓါတ်တော်များကို ရုပ်ပွားတော်(၃)ဆူအတွင်း ဋ္ဌာပနာခဲ့သည်အပြင် အချို့ဓါတ်တော်များကို ဂူအတွင်း အမြင့်ဆုံး(၃)ထပ်နေရာတွင် ဋ္ဌာပနာခဲ့သည်ဟု ယူဆခဲ့ရပါသည်။ နှစ်ပရိစ္ဆေဒ ကြာမြင်၍ ဓါတ်တော်များ ရှာဖွေရန် ခက်ခဲခဲ့သော်လည်း ရဟန္တာဓါတ်တော်များ ပြန်လည်တွေ့ရှိရ၍ မောင်တော်နဂါးမင်း သုံးခွေအုပ်မိုးသည့် ဗုဒ္ဓ္ဓရုပ်ပွားတော်တွင် ဋ္ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့ပါတယ်။ ယခင်တည်ရှိပြီး ကျွန်းအမြူတေ ရုပ်ပွားတော်များအား ကိုးထောင်ပြည့် ကံထူထွဋ်ခေါင် ရွှေစေတီနှင့် ကံထူးတံခွန်(၁၈)တောင် စေတီတော်တို့တွင် ဋ္ဌာပနာ၍ တည်ထားကိုးကွယ်ခဲ့ပါတယ်။…ဟု

ရေးသားထားပါတယ်။။။။။

#တရုတ်ဘုံကျောင်း

သူလည်းဓါတ်ဖမ်းချင်စရာကောင်းအောင် လှတဲ့ဘုံကျောင်းပါ။ မွန်လေးတို့အဲ့ကို မြင်းလှည်းစီးပြီးသွားခဲ့ကြပါတယ်။

#ချယ်ရီပန်း ပန်းနုနုရောင်လေးတွေ

ကန်တော်ကြီးနဲ့ကပ်နေတဲ့တိုင်းရင်းသားကျေးရွာကိုသတိမထားမိကြတာများတဲ့ နေရာလေးထဲမှာ ကြည်နူးစရာကောင်းတာလေး

ကတော့ပီတိမျက်ရည်မိုးတွေကျချင်လောက်အောင်လှနိုင်လွန်းတဲ့ချယ်ရီလေးတွေအားကြီးပွင့်နေတာပါပဲ။ကိုယ့်မြန်မာပြည်မှာဒီလိုတွေလှပနေတော့ဂုဏ်ယူစရာပါ။ ကိုယ့်မြန်မာပြည်သူပြည်သားတွေကဒီအလှတရားလေးတွေကိုထိန်းသိမ်းထားရမယ်။ ကိုယ်ကဘာမှမလုပ်ပေးနိုင်ရင်တောင်အနည်းဆုံးတော့မဖျက်စီးသင့်ဘူးပေါ့။ ဝမ်းနည်းမိတာကကိုယ်တောင်ချယ်ရီပန်းလေးတွေ

ကိုမထိရက်မကိုင်ရက်တာတချို့ချို့တွေကခူးလိုက်အကိုင်းလိုက်ချိုးလိုက်နဲ့အမျိုးမျိုးလုပ်နေကြတာမြင်ရတော့ရင်ထဲတကယ်မကောင်းဘူး။ ပန်းလေးတွေဆိုတာ အပင်ပေါ်မှာဝေနေတာကအလှဆုံးအချိန်ပဲလေမဟုတ်လား။

  

#ဂုတ်ထိပ်တံတား

နောက်ထက် ဆက်သွားမယ်ဆိုရင်တော့ ဂုတ်ထိပ်ရောက်ပြီပေါ့။ ဒါပေမယ့် နောက်ထပ် မိုင်(၄၀)၊ (၁)နာရီခွဲလောက်တော့ ကားနဲ့ဆက်သွားရပါသေးတယ်။ နောက်ချိုလမ်းကြားထဲကနေ အထဲတော်တော်ဝင်ရတယ်။ ရထားနဲ့သွားရင်တော့ မေမြို့ကနေ မနက်(၈)နာရီရထားနဲ့ ဂုတ်ထိပ်ကိုလာလို့ရပါတယ်တဲ့။ (၃)နာရီလောက်တော့ ရထားစီးရပါတယ်တဲ့။ 😊😊

#ဓါတ်တော်ချိုင့်

အနီးစခန်းနားက ဆိုင်းဘုတ်လေးနဲ့ ပြထားတဲ့နေရာလေးကနေ အထဲဝင်သွားရတယ်။ လမ်းကတော့အကောင်းကြီးမဟုတ်ပါဘူး။ ဟိုရောက်ရင်လို့ ရေတံခွန်ရှိတဲ့နေရာအထိ လမ်းလျှောက်ဆင်းရင် မိနစ်(၂၀)ကျော်ကျော်လောက်ကြာတယ်။ ကိုယ်တွေသွားတုန်းကတော့ ဆိုင်ကယ်ကယ်ရီ ဘာညာမရှိသေးတော့ တော်တော် ဟောဟဲဆိုက်သွားတယ်။ 😂😂အခုတော့ ဆိုင်ကယ်ကယ်ရီတွေရှိလာပြီတဲ့၊ အတက်ကြီးကိုပဲ တစ်ယောက်ကို (၇၀၀၀)ပါတဲ့။ ဒီအချိန်သွားရင်တော့ရေကတော်တော်

လှပါတယ်။

#The View

နောက်အဲ့ဒီသွားတဲ့ လမ်းမှာပဲ ဓါတ်တော်ချိုင့်ရဲ့ ဟိုးအပေါ်ကနေ အောက်ဆုံးအထိရေတံခွန်တစ်ခုလုံးကို ကြည့်လို့ရတဲ့ The View မှာ အအေးလေးဘာလေးသောက်လို့ရတာပေါ့လေ။ အဲ့စားသောက်ဆိုင်လေးကသိပ်လှတာပဲ။ ချစ်သူလေးနဲ့ သိပ်Ro လို့

ကောင်းတဲ့နေရာလေးပါ။

#ဒီးဒုတ်ရေပြာအိုင်

မန္တလေး-ပြင်ဦးလွင် ကားလမ်းမကြီးထဲကနေ ဒုတ္ထဝတီမြစ်ဘေးလမ်းထဲ ဝင်သွားရတာ၊ ပြင်ဦးလွင်ကနေဆိုရင်လည်း (၁)နာရီနီးပါးလောက် ကားစီးရပါတယ်။ ရေပြာအိုင် (၁၀)ထပ်ရှိပြီး အပေါ်ရောက်ခါနီးလေ ပိုလှလေပေါ့။ (၅)ထပ်လောက်ဆိုရင်လည်း တော်တော်လှနေပါပြီ။ နောက်ပြီး (၁၀)ထပ်အလွန်မှာ ဒီးဒုတ်လှိုင်ဂူဆိုတာရှိတယ်။ သဘာဝအတိုင်းမပျက်စီးပဲ ကျန်နေသေးလို့ တော်တော်လည်း လှနေပါသေးတယ်။ တောင်အတက်ကတော့ နည်းနည်းမတ်ပါတယ်။

#စားကြမယ်

မြို့ပတ်လမ်းက – Black Lotus (ရှမ်းစာ)
ဝါးရိပ်မွန် ရှမ်းစာ
နာရီစင်နားက ခရစ္စနားဆိုင် ချစ်တီးထမင်း
လားရှိုးလမ်းမပေါ်က စံပြထမင်းဆိုင်
(၁၅)လမ်း မောဝ့်နမ်းခမ်း ရှမ်းထမင်းဆိုင်
လားရှိုးလမ်းမပေါ်က ကောင်းသန့် ရှမ်းထမင်းဆိုင်
စတော်ဘယ်ရီ ကြိုက်တဲ့တဲ့သူများအတွက် ဒီဇင်ဘာခြံ၊ ထီးလှိုင်
နန်းမြိုင် ကော်ဖီဆိုင်
ကန်တော်ကြီး အဝိုင်းနားက ကိုင်ကိုအကင်ဆိုင်
ဈေးကြီး ညဈေးတန်း (မြန်မာပုံစံ)

#လက်ဆောင်ပစ္စည်းတွေဝယ်ကြမယ်
……………………………..

ပြင်ဦးလွင်ရောက်ရင် မပါမဖြစ်ဝယ်ပြန်ရမယ့်လက်ဆောင်ကတော့ မလိုင်ပါပဲ။ မလိုင်ဆိုရင် မူလလက်ဟောင်း ပါရမီ မလိုင်၊ စမ်ဂျူး မလိုင်၊ ရှမ်းမလိုင်တို့ပါ။ ဝိုင်ကောင်းကောင်းကြိုက်သူများအတွက်က ငွေနန်းတော်၊ ဆွယ်တာတွေဆိုရင် နာမည်ကြီးတဲ့ ပုလဲဖြူ ဆွယ်တာ၊ ဘုရင်မ ဆွယ်တာ။

နောက်ထပ်လည်းခရီးလေးတွေသွားပြီး ရေးပေးပါဦးမယ်။

 

4 comments

  • aye.kk

    February 2, 2018 at 4:26 pm

    ဒီတစ်ခါခရီးထွက်ရင်
    ဝယ်ချင်စရာတွေနဲ ့စားသောက်ကောင်းမယ့်နေရာလေးတွေ
    သိထားရလို ့ကျေးဇူးပါ။

  • Shar Thet Man

    February 5, 2018 at 3:49 pm

    ဟုတ်ကဲ့ပါ

  • manawphyulay

    February 14, 2018 at 4:48 pm

    အင်း မလိုင်ကတော့ ပြည်မလိုင်ပဲ စားဖူးတယ်…

  • Shar Thet Man

    May 21, 2018 at 4:30 pm

    ဟုတ်ကဲ့ပါ Manawphyulay

Leave a Reply