မင်္ဂလာ လက်ထပ်စာချုပ်

Mon LayJanuary 19, 20181min37884

ဒီနေ ့ 7 days news မှာဖတ်လိုက်ရတဲ့သတင်း ၁ပုဒ်ကတော့

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးတွင် မင်္ဂလာ လက်ထပ်စာချုပ်လက်မှတ်ရေး ထိုးမည့် မင်္ဂလာမောင်နှံများအား တစ်ရက်လျှင် စုံတွဲ ၁ဝ တွဲသာ လက်မှတ်ထိုးခွင့်ပြုထားသဖြင့် အခက်အခဲရှိကြောင်း လက်မှတ် လာရောက်ထိုးနှံသော မင်္ဂလာ မောင်နှံများက ပြောသည်။

 

ယခုကဲ့သို့ မင်္ဂလာလက်မှတ် ထိုးရန်လာသော စုံတွဲများကို  ၁ဝ တွဲသာကန့်သတ်ပြီး လက်မှတ်ထိုး ရန် နံနက် ၉ နာရီကစ၍ ရန်ကုန် တိုင်းဒေသကြီးတရားလွှတ်တော် ရုံးသို့ လာရောက်စာရွက်ထပ်ရ မည်ဟုဆိုခြင်းကြောင့် မင်္ဂလာ မောင်နှံများ အဆင်မပြေသလို တရားသူကြီးများလည်း အဆင် မပြေကြောင်း မင်္ဂလာလက်မှတ် ထိုးရာတွင် ဆောင်ရွက်ပေးသူ အသက်(၃၀)ကျော် အရွယ် အမျိုးသမီးတရားသူကြီးတစ်ဦး က ရှင်းပြသည်။

‘‘မင်္ဂလာဆောင်တယ်ဆို တာ ဆောင်ချင်တဲ့အချိန်ဆောင် လို့ရတာမဟုတ်ဘူး။ အချိန် ကောင်း၊ ရက်ကောင်းကြည့် ဆောင်ကြတာ။ အခုုလို မနက် ၉ နာရီခွဲကနေ နေ့လယ် ၁၁ နာရီခွဲ ထိပဲ ခွင့်ပြုတယ်ဆိုတော့ အဆင် မပြေဘူး’’ ဟု ၎င်းကဆိုသည်။

အထက်ပါ ကိစ္စနှင့်ပတ် သက်၍ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးတွင် သတိ ပေးစာထုတ်ပြန်ထားခြင်းမရှိပေ။ သို့သော် တိုင်းတရားရုံးဂိတ်ပေါက် စာရေးများက လက်မှတ်ထိုးရန် လာသော စုံတွဲ ၁ဝ တွဲကျော်ပါက စုံတွဲသစ်များကို ယင်းရုံးအတွင်း သို့ထပ်မံဝင်ရောက်ခွင့်မပြုပေ။

ကိုယ်တွေးမိတဲ့အတွေးကတော့ လူငယ်တွေတော်တော်မင်္ဂလာဆောင်နိုင်ကြတာပဲလို့။ တစ်နေ့ကို ၁ဝတွဲ၊ တစ်လဆို အတွဲ၃၀၀။ နေ့တိုင်းလည်း ၁ဝတွဲပြည့်ချင်မှ ပြည့်မှာပေါ့လေ။

လူဦးရေတိုးပွားအောင်တစ်ဖက်တစ်လမ်းကကူညီနေတာလည်းဖြစ်နိုင်တာပါပဲလေ။ :p

ကိုယ်တွေကတော့ ရည်မှန်းချက်ပန်းတိုင်မရောက်မချင်းမပြုသေးဘူးလို့တော့ တေးမှတ်ထားတယ်။

4 comments

  • ကထူးဆန်း

    January 19, 2018 at 3:44 pm

    ရည်မှန်းချက်ပန်းတိုင်မရောက်မချင်းမပြုသေးဘူးလို့တော့ တေးမှတ်ထားတယ်။ …. တေးမှတ်ထားတယ်ဆိုတော့ ဆုံးဖြတ်ထားတာ မဟုတ်ဘူး…..ဒီတော့ ….သွားစုံစမ်းတာလား မသိ … 🙂 🙂 🙂

  • kai

    January 19, 2018 at 5:02 pm

    အင်းလေ…
    ဒီလိုနဲ့တော့.. ရဦးမယ်… ရဦးမယ်..။ :k:

  • Shar Thet Man

    January 22, 2018 at 12:35 pm

    ကထူးဆန်း း ဆုံးဖြတ်ထားတယ်လို့ဆိုလိုချင်တာပါ

  • Shar Thet Man

    January 22, 2018 at 12:36 pm

    kai း ရလည်းကောင်းသားပဲ 😛

Leave a Reply