တရားဥပဒေစိုးမိုးရေး

Mon LayJanuary 29, 20181min40492

ဟိုတလောက သတင်းတွေမှာ Taxi သမားက FDA ဝန်ထမ်းကောင်မလေးကိုသတ်လိုက်တယ်ဆိုပြီး ဟိုးလေးတကျော်ညံသွား

လေရဲ ့။ ကိုယ်နဲ့လည်းမဆိုင်ပါဘူး။ဒါပေမဲ့ အားနွဲ ့သူမိန်းမသားတွေကို ရိုးရိုးသတ်ရုံအားမရဘဲ မုဒိမ်းကျင့်ပြီးမှသတ်တာကတော့

တရားလွန်နေပြီလို့ထင်မိပါတယ်။

ကောင်မလေးကလည်းက နယ်မှာနေနေတဲ့သူဆိုတော့ ရန်ကုန်မှာ Taxi သမားတွေနဲ့ မှုခင်းကိစ္စတွေကို သိပ်မသိရှာဘူးထင်ပါ

တယ်။ တခါတလေအသက်ကို ဉာဏ်စောင့်တယ်ဆိုတာလေးတော့ရှိသင့်တယ်ထင်ပါတယ်။ ခုလိုတဖြည်းဖြည်းတိုးတက်လာနေ

တဲ့ခေတ်မှာ Grab တို့ Uber တိုု့စီးလို့ဘာဖြစ်သွားမှာမို့လို့လဲ။ နေ့ခင်းဘက် မိန်းကလေးတစ်ယောက်ထဲ Taxi စီးတာ ဘာမှမဖြစ်

နို်င်ဘူးဆိုပေမယ့် ညနေတို့ညဘက်ဆို Taxi စီးတာကိုတော့ မိန်းကလေးတိုင်း သတိထားသင့်တယ်လို့ထင်ပါတယ်။ မဖြစ်မနေစီး

ရမယ်ဆို ခုနက ပြောတဲ့ Grab တို့ Uber တို့နဲ့စီးသင့်ပါတယ်။ သူက ကားသမားရဲ ့နာမည်၊မှတ်ပုံတင်၊သန်းခေါင်စာရင်းကအစ

အကုန်မှတ်တမ်းတင်ထားရပါတယ်လို့ပြောပါတယ်။ ဈေးစကားလည်းပြောစရာမလိုသလို၊ငြင်းစရာမလို၊ အဲကွန်းလေးနဲ့ အေး

ဆေးစီးရုံပါ။ Promotion တွေရှိတတ်လို့တခါတခါဆို ဈေးတောင်ပိုသက်သာသေး။

ဒီနေရာမှာပြောချင်တာကတော့ ရိုးရိုးသားသားနဲ့ လုပ်စားနေတဲ့Taxi သမားတွေတော့အားနာပါတယ်။ ခုဆို FDA ဒုတိယကြီးကြပ်ရေးမှူး မရွှေရည်ဝင်းရဲ ့ အဖြစ်ဆိုးကို ကြားသိပြီး နောက် လူတွေTaxi ငှားစီးရမှာကို စိုးရိမ်လာတော့ ရိုးရိုးTaxi သမားတွေ ခရီးသည်ရဖို့ အခက်တွေ့နေကြပါတယ်။  စီးပွားရေး တွေထိခိုက်ကုန်ပါတယ်။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေ

သားလုံးပုပ်ကြတာပေါ့။

ကောင်မလေးဘက်ကလည်းလိုအပ်ချက်တွေရှိသလို သတ်ဖြတ်ခဲ့တဲ့ Taxi သမားကလည်း နှမချင်းကိုယ်ချင်းစာနာမှုအတော်ကင်း

မဲ့ပါတယ်။

 

တခါတလေ ခရီးသည်တွေကလည်း Taxi သမားတွေကိုသတ်သွားတာတွေလည်း ကြားနေရပါတယ်။ အကုန်လုံးကိုခြုံပြောရမယ်

ဆိုရင်တော့ သေနေ့စေ့လို့ပေါ့။ ဗုဒ္ဒဘာသာဝင် အနေရဆိုရင် ဘယ်သူမပြု မိမိမှုပါပဲ။ အတိတ်ဘဝမှာ တခြားသူကို ဒီအချိန်ဒီနေရာမှာ ဒီလိုမျိုးလုပ်ခဲ့လို့အကြောင်းတရားတွေကြောင့်သာလိုု့ပဲတွေးမိပါတယ်။

Grab တို့ Uber တို့စီးတိုင်းလည်း လူ့စိတ်ဆိုတာ ခန့်မှန်းရခက်ပါတယ်။ ဘယ်သူ့ကိုမှ စိတ်မချရပါ။ သတိလေးနဲ့ ထားမှတော်ခါ

ကျပါမယ်။ အထူးသဖြင့် မွန်လေးတို့လိုအားနွဲ ့တဲ့မိန်းမသားတွေ ညဘက်အခါမိုးချုပ်တဲ့အထိအပြင်မှာမနေဖို့နဲ့ နေရင်လည်း ဂရု

တစိုက်ပြန်ဖို့လိုပါတယ်။ အကောင်းဆုံးကတော့ YBS ပါပဲ။ အဲကွန်းလည်းကောင်းတယ်။ လူအများနဲ့ဆိုတော့ ဘာမှဖြစ်စရာ

အကြောင်းကိုမရှိတာ။ အခကြေးငွေလည်းနည်းတယ်။

 

‘အရေးအကြီးဆုံးမှာ ပြဿနာ၏ ဇာစ်မြစ်သည် တရားဥပဒေ စိုးမိုးမှု လျော့နည်းနေခြင်းပင်ဖြစ်သည်။ ထိုအခြေအနေကို တရားဥပဒေစိုးမိုးရေးအဖွဲ့များ၏ စွမ်းဆောင်ရည်မကောင်းခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲသော လူငယ်များပြားလာခြင်း၊ အရက်သေစာနှင့် လောင်းကစားနွံနစ်သူများနေခြင်း၊ စီးပွားရေးနှေးကွေးပြီး အလုပ်အကိုင် အခွင့်အလမ်းရှားပါးခြင်း စသည်တို့က ပိုမိုဆိုးရွားစေနိုင်ပါ သည်။ ထို့ကြောင့် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများဖြစ်သော မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်အောင် ကြိုးစားရန်လိုသလို တရားစီရင်ရေးသည်လည်း သမာသမတ်ကျ မျှတ၍ ပြစ်မှုကျူးလွန်သူများကို ထိုက်သင့်သော ပြစ်ဒဏ်ချမှတ်နိုင်ရန် လိုအပ်ပါသည်။ ထို့အတွက် တည်ရှိနေသော ဥပဒေများမှာ မျှတ ပြည့်စုံပြီး ခေတ်ကာလနှင့်လျော်ညီရန် လွှတ်တော်များက အမြဲ စောင့်ကြည့်၍ ဥပဒေများပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ပြဋ္ဌာန်းခြင်းလုပ်ငန်းစဉ်များ ထိထိရောက်ရောက် ဆောင် ရွက်ရန်လည်း လိုအပ်သည်။ ထို့အပြင် ပြည်သူများကလည်း ယခု ကဲ့သို့ ပြဿနာများ  ကျော်လွှားနိုင်ရန် ဒုက္ခတွေ့နေသူကို စာနာစိတ် ဖြင့် ဝိုင်းဝန်းကူညီကာ မတရားမှုများတွေ့လျှင် ဆန့်ကျင်ရဲသော သတ္တိရှိရမည်ဖြစ်သည်။’

7 days က အယ်ဒီ့တာအာဘော်လေးကိုနောက်ဆုံးမှာ ပြန်ထည့်ခြင်းဖြစ်ပါတယ်။

2 comments

  • aye.kk

    February 8, 2018 at 8:53 pm

    တရားဥပဒေစိုးမိုးရေးအတွက်
    တရားဥပဒေဝန်ထမ်းတွေဖြောင့်မတ်မှန်ကန်နိုင်ကြပါစေ။
    ခြစားတဲ့ဘဝမှကင်းလွတ်ရုန်းထွက်နိုင်ကြပါစေ။

  • A mar nyo

    February 16, 2018 at 10:03 am

    ညဘက်ပြန်တော့ YBSကမလာတာများတယ် လာတဲ့ကားကလည်း လမ်းတစ်ဝက်နဲ့ဆက်မသွားတာမျ ို းလည်းရှိတယ် Grab,Uber မသုံးတတ်တဲ့သူများလည်းရှိတော့ သတိထားရတာပေါ့ ညဘက်ဆိုအရင်ကတော့ ၈နာရီနောက်ပိုင်းကားတွေလူတွေမရှိတော့ပေမဲ့ ခုနောက်ပိုင်း ၉နာရီခွဲလောက်ထိတော့ကားတွေလူတွေမပျက်ဘူး ညီမတို့ဘက်ပြောပါတယ်

Leave a Reply