တဘောင်ရှိသည်မှာ “ကြောင်ကြီး၏စော် ပေါင်ကြီးပေါ်” ဟူရွေ့ဖြစ်သည်။ ထွက်သည်မှာ မကြာသေး သို့သော် လူတိုင်းပါးစပ်ဖျား ရောက်နေသည်။ မည်သူမှ ရေရေရာရာ မသိ.. သိုက်စာဟု ပြောသူကပြော လေတိုက်လို့ စကပ်လန်တာ ထင်သူထင်သည်။  ကြောင်ကြီး၏စော် မည်သူနည်း…. တွေ့လျင် ပေါင်သားတဝ ကြည့်မည်  အားခဲထားသူ ကာလသားများမှာ ထုနှင့်ဒေး။ ။။။။။။။
ကာလသမီးများကမူ တမျိုးဖြစ်သည်။ ကင်းကောင်ဘီလူးဆိုလျင် တဘောင်ထွက်သည့်နေ့မှစကာ မီနီစကပ်တို အကွဲဝတ် လမ်းသလား ပြသည်။ ။ ကေအိုင်အို လုမက စစ်တပ်နှင့်တိုက်နေရာမှ အမြန်ပြေးလာပြီး သရီးကွာတား ဘောင်းဘီတိုကို ချက်ဖော်ကာ ရွာရိုးကိုးပေါက်လျောက်သည်။ ဝါးတားဘွမ်းတွင် ဘီကီနီရေကူးဝတ်စုံနှင့် ခြစ်သျှားဓါတ်ပုံများ ဖဘတက်လာသည်။ ၇၈၆ ပန်းသေးမူဆင် ကြေးမုံဂျီးလည်း အားကျမခံ အထင်ခံရနဲလား ဆိုကာ ဂါဝန်ရှည်နှင့် ပုဝါခေါင်းမြီးခြုံရာမှ ပေါင်လည်အတို ပြောင်းဝတ်သည်။ လေးဦးထဲက ဘယ်သူ ကြောင်ကြီးစော်လည်း ရွာသူားများ လောင်းကြေးထပ်ကုန်ပြီ။ နှစ်လုံး သုံးလုံးသမားများက နမိတ်ကောက် ထီထိုးရာ ဒဲ့ပေါက်သဖြင့် ဟိုးလေးတကျော်ဖြစ်သွားသည်။ လဖက်ရည်ဆိုင် ဘီယာဆိုင် မှအစ မာဆက် အလယ် လွှတ်တော် အဆုံး ဒါပဲ ပြောနေသည်။ ရုံးများ ကျောင်းများလည်း အလုပ် မလုပ်နိုင်… အန်စီအေ ငြိမ်းချမ်းရေး စာချုပ်သတင်းလဲမှိန်၊ ခြေဥပြင်ရေးလည်း စိတ်မဝင်စား.. ခက်တော့နေချေပြီ။ ။။။။။။။။

ကြောင်ကြီး၏စော် ပေါင်ကြီးပေါ် ရှာရာပိုဗာ ကိတ်ကြီးနော်

နောက်ဆုံး ကာချုပ်ထံ သတင်းပေါက်သွားရာ နိုင်ငံလုံခြုံရေး တာဝန်ယူထားရသူ တပ်မတော် အနေဖြင့် ထိပ်တန်းဦးစားပေး စုံစမ်းရတော့သည်။ ပေါ့ပေါ့သေးသေး မဟုတ်ရွေ့ တပ်နှင့်ပြည်ထဲရေး ပူးပေါင်းဆောင်ရွက်ရသည်။ စုံစမ်းရေးမှုးများကား ဦးကိုနီအမှု စစ်တပ်နှင့်မဆိုင် ဖင်ပိတ်ငြင်းသာ စရဖ စုံထောက် ငရဲဆီ နှင့် ၂၀၀၈ နာဂစ် အခြေခံဥပဒေ မဲဆန်ဒ ပေးပွဲတွင် လူဦးရေ ဆယ်သန်း ပိုပြထားသော လဝက ဗိုလ်ကြီး ရဲထက်ဆိုး.. ဟုတ်တော့နေပြီ။ ၄င်းတို့၏ ကြိုးစားမှုကြောင့် သတင်းအစအန ထွက်လာသည်။ ကစာနေသော ခလေးတစုထံမှ ထွက်လာခြင်းဖြစ်သည်။ ဆက်လက်စုံစမ်းရာ ဦးကြောင်ကြီး ဆိုသူတွင် လမ်းဆုံးသည်။ တဘောင်စာသားနှင့် သူ့နာမည်လည်း ကိုက်သည်။ တရားခံကား ပြေးမလွတ်ပြီ။ ။။။။။။။
စစ်ကြောရေးတွင် ဗိုလ်ကြီးရဲထက်စိုး (ခ) ကက်ပတိန်မြွေဂျီးကားမှ ဧဘောင်ကြေးကြီး… ဖြောင်း ဒိုင်း ခွပ်.. ပြေးရိုက်ရာ အောင်မငှီး ကျောင်းပါပီဗျ၊ နောင် မလုပ်တော့ပါဘူး။ စရဖစောင်ထုံငရဲ ကလည်း မခေ … ပြောစမ်း မင်း ကေအိုင်အေလား၊ ရခိုင်ဧဧသဘုံလား… သိဘူးရေ၊ ရိုက်တာ သက်သာအောင် ပြောတာ။ ငလူးမ ကြောင်ကြီး ရူးချင်ယောင် မဆောင်နက်။ တိုင်းပြည်ချောက်ထဲ မကျအောင် ငါတို့ကယ်တင်နေတာ.. မင့်လောက်တော့ ငှက်ပျောခွံ နွှာတာ ခက်ဦးမယ်။ မတတ်သာသည့်အဆုံး မှန်ရာ ဝန်ခံရပြီ။ ဒီလို စိပါတယ် စုံထောက်…. ဘာကွ.. မင်းက လှောင်တာလား… ငါ စောက်ထုံ မဟုတ်ဘူး၊ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ အရာရှိကွ။ အဲ အဲ …. စုံထောက်ကြီး… ဘွာတေး..၊  ဒီလို စိပါတယ် စရဖ အရာရှိမင်း… ။ မြန်မြန်ပြောကွာ…. ဆွမ်းကြီးလောင်းရန် ကြံနေသော လဝက ဗိုလ်ကြီးရဲထက်စိုး တရုတ်ဆိုင်မှ ဖရီးဆွဲလာသော ဘီယာဗူး သောက်လျက် နံပါတ်တုတ်ဖြင့် ရွယ်လိုက်သည်။ ဟုတ်ကဲ့ပါ ဗိုလ်ကြီးရဲထက်ဆိုး… ဘာကွ ငါ့နာမည် ရဲထက်စိုးကွ ဆလိမ်နဲ့ မဆိုးဘူး၊ ကက်ပတိန် မြွေကြီးကားလို့လည်းခေါ်တယ်.. ပြီးတော့ ရဲထက် အပုံကြီးကောင်းတယ်.. ခက်တော့ နေပြီ။ သူ့ဟာသူ အိုးမလုံ အုံပွင့်… ဒီက ခေါ်သည် အကောင်း သူက အဆိုးမြင်သည်…။ ဗိုလ်ကြီးတပ် ရိုရိုသေသေ ခ်ါတာ မှားသလား… ထားလိုက်တော့…. ။ ။။။။။။
သို့သော် သူတော်ကောင်း နတ်မ.. အလျောက်ကောင်း အထောင်းသက်သာ ကြောင်ကြီး လွတ်မြောက်သွားသည်မှာ ….အနော်မျိုး တနေ့သ၌ လမ်းသလားစဉ် တရုတ်သဘုံ ကြေးမုံဂျီး အပေါင်ဆိုင်ထဲ ရွာထဲမှ ပေါ်ကြီးအား ကျော်ကြီး၏စောင် ပေါင်နှံနေကြောင်း တွေ့ပါသည်။ ထိုသို့ ပေါင်နှံကြောင်း ပြောလျင် ရန်ပြုခံရမည်စိုးရွေ့ စောင်ပျောက်ရှာနေသော ကျော်ကြီးအိမ်အနီး “ကြောင်ကြီး၏စော် ပေါင်ကြီးပေါ်” အား “ကျော်ကြီး၏စောင် ပေါ်ကြီးပေါင်” ဟု ပြောင်းပြန်ယူ အနက်ကောက်နိုင်အောင် စေတဏှာနှင့် ကင်းမြီးကောက်ထောင် အော်ခဲ့ပါသည်။ အီသည်ကို အနီးတွင် ခလေးတစုအား ဗိုလ်လုပ် ယောဂလေ့ကျင့်ဂဏ်းပြ ညာစားနေသော ကွင်သဘုံတုမ မော်သွပ် တွေ့သွားပြီး… ဟယ် ငါဆို ဆယ်နှစ်ဆယ်မိုး နံရံမှီ ကင်းမြီးကောက်ထောင်တာ မရလို့ အိမ်က ခလေးနှစ်ကောင်ကို နံရံကပ် ကိုင်ခိုင်း… ဓါတ်ပုံရိုက်၊ ဖိုတိုရှော့ ဖြတ်ညှပ်ကတ် တင်ရတယ်။ ကံထူးလေစွ…. ဆိုကာ သူ့လင် နိုင်ငံခြားသွားရေး၊ ရာထူးတက်ရေး၊ ဝယ်ထားသော မြေကွက် ၂ဆ မြတ်ရေး ကြံစည်လျက် အနော့်အား သူတော်စင် ဆာဒူးကြီး အမှတ်မှား ရှစ်ခိုးပြီး လောဘဇောတိုက် လိုက်ရွတ်ရာမှ ရပ်သိရွာသိ ဖြစ်ကြောင်းပါ။ ။။။။။
နောက်တနေ့ဝယ် ကေအန်ယူသို့ တောပြန်ခိုသွားသော ကွင်ဘုံတုမ သတင်း နှင့် ကင်း လု သျှားတို့ ဘောင်းဘီရှည် ထမီ စကပ်ရှည် ကိုယ်စီနှင့် ကြက်ငှက်တုပ်ကွေးရန် ကြောက်သယောင် မျက်နှာဖုံး ကိုယ်စီ ဝတ်ထားပြီး ကြေးမုံဂျီး မျက်လုံးသာဖေါ်သော ခြေဆုံးခေါင်းဆုံး ဘူခါအမဲရုံလျက် တွေ့ရခြင်းမှာ တိုက်ဆိုင်မှုသာ ဖြစ်ပေတော့သည်။။ ။။။။။ *=(( broken heart
ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး