ယုံကြည်မှု

Mon LayFebruary 9, 20181min2230

တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့လိုတယ်ဆိုတာ မွန်လေး အွန်လိုင်းရှော ့လုပ်တော့မှပဲ ပိုသိလာခဲ့ရတယ်။ ကြုံလို့ပြော

လိုက်ပါမယ်။ မွန်လေးအွန်လိုင်းရှော့လည်းလုပ်ပါတယ်။ www.facebook.com/fashionlaprincesse ပါ။ တချို ့ပစ္စည်းတွေတော့

လက်ထဲထားပါတယ်။ တချို ့ပစ္စည်းတွေကိုတော့ အော်ဒါကောက်ပြီးမှပို့ပေးပါတယ်။ အဲ့နေရာမှာ ငွေကြေးအရမ်းများတဲ့ပစ္စည်းဆို

ဖယ်ထားပေးတာကဟုတ်ပါပြီ။ သူကယူမယ်ပြောပြီးမှ မယူတော့ဘူးဆို..ကိုယ်ကပစ္စည်းကိုတကူးတကချန်ထားပေးထားရတာ

လေ။ နောက်ထပ်ဖောက်သည်ရဖို့က ထပ်ကြိုးစားရမှာ။ အဲလိုဆိုတော့ ငွေကြိုကောက်တဲ့စနစ်သုံးပါတယ်။ အဲမှာလည်း ငွေလွှဲ

တဲ့သူက ကိုယ့်ကိုယုံကြည်မှသာလွှဲမှာပေါ့။ ခုခေတ်က အွန်လိုင်းရှော့ပင်တွေလည်းလုပ်စားနေကြတာအများကြီး။ ပိုက်ဆံလွှဲပေး

ပြီးတော့မှ ပိုက်ဆံတော့ယူတယ်။ ပစ္စည်းမပို့ဖြစ်တဲ့အွန်လိုင်းရှော ့ပင်တွေနည်းတာမဟုတ်ဘူး။ ကြားဖူးနေတာ။ သူတို့ကတော့ ပေါ်ပင်ပဲလေ။တခါပဲလုပ်စားရမှာပေါ့။

မွန်လေးဆို ဘာလိုလိုနဲ့ ၄နှစ်ထဲရောက်လာပြီ။ ၄နှစ်ပြည့်အတွက်လည်း လက်ဆောင်လေးတွေပြန်ပေး

ဖို့လုပ်နေပါတယ်။(လမ်းကြုံလို့) ဖေ့ဘွတ်သုံးရင် ဝင်ကြည့်ပေးပါဦး။

ပြောချင်တာကတော့ ဘယ်အလုပ်ပဲလုပ်လုပ်ပါလေ..ယုံကြည်မှုရှိမှပဲအလုပ်ဖြစ်မှာပါ။ မိသားစုထဲမှာလည်း ဒီလိုပါပဲ။ တခါမယုံ

မကြည်ဖြစ်သွားရင် နောက်ပိုင်းယုံရခက်သွားပါတယ်။ စာရွက်တစ်ရွက်လိုပေါ့လေ။ တွန့်ကြေပြီးသွားရင် ခေါက်ချိုးရာတွေကကျန်

နေခဲ့သေးတယ်လေ။..