ဂျစ်ပစီတစ်ယောက်ရဲ့အိပ်မက်ထဲက အမှန်တရား

သင့်အေးရိပ်February 16, 20181min23026

ဂျစ်ပစီတစ်ယောက်ရဲ့အိပ်မက်ထဲက အမှန်တရား

————————–

 

ဂျစ်ပစီတစ်ယောက်…
နတ်သမီးပါတဲ့ အိပ်မက် မက်သလိုပဲ. . .
ဆားနည်းနည်း ပေါ့တယ်။

ဘယ်လိုပဲဖြစ်ဖြစ် . . .
အိပ်မက်ထဲမှာ ကိုယ့်အသက်ရှုသံ
ကိုယ်ပြန် ကြားခဲ့ရတာအတွက်
ကျေနပ်ရတယ်။

 

မောက်မာရင့်သီးပြီး
ကိုယ့်မြင်းကိုကိုယ် အထီးအမ မသဲကွဲတဲ့

အဝါရင့်ရောင် တိမ်စိုင်တို့ရေ. . .
မှတ်ထားစမ်း. . .
ပစ်မှတ်ကို လွယ်လွယ်မှန်ရိုးထုံးစံ ရှိမှတော့. . .
အမှန်တရားရုပ်တုဟာ . . .
နတ်ဘုရားဆန်စွာ ကိန်းခန်းကြီးမနေဘူး။

 

 

 

သင့်အေးရိပ်

16/02/2018

(Photo credit=  internet)

 

 

 

 

 

6 comments

  • Shar Thet Man

    February 17, 2018 at 10:09 am

    အိုး..မိုက်တယ်…ပုံရော..စာရော

    • Thint Aye Yeik

      February 18, 2018 at 8:57 am

      ဝင်ဖတ်သွားတဲ့အတွက် သိုင်းကျူးဗျို့

  • manawphyulay

    February 23, 2018 at 10:23 am

    ကြည့်လိုက်တာနဲ့ ကိမ်းခန်းကြီးလား မကြီးလား သိပါတယ်နော်….

    • Thint Aye Yeik

      February 25, 2018 at 12:52 am

      တိန်
      ဘာကို ကြည့် ပြောတာပါလိမ့်

  • kai

    February 24, 2018 at 2:19 pm

    ဂျစ်ပစီလူမျိုးတွေက.. သဘာဝကိုခံစားရင်း
    အခြေတကျမနေ..ဥရောပမြေမှာလှည့်လည်နေတဲ့ လူမျိုးစု…
    အမျိုးသားရေးလူတု စရိုက်ပျက်တွေက.. (တချိန်က..) ဂျီနိုဆိုက်ခဲ့ကြသမို့..
    ခုခေတ်မတော့ မနည်းကိုလိုက်ရှာကြည့်ရမယ့်ဘဝ..။

    • Thint Aye Yeik

      February 25, 2018 at 12:51 am

      ဂျစ်ပစီရဲ့ နတ်သမီး အိပ်မက်ကတော့ မရှားဘူးထင့်။
      အထူးသဖြင့် မြန်မာပြည်ထဲမှာ. . .

Leave a Reply