မြန်မာနိုင်ငံနဲ့ ဒီမိုကရေစီ

Mon LayFebruary 17, 20181min2294

နိုင်ငံရေးမပြောချင်ပါဘူး..စိတ်မဝင်စားလို့..ဒါအမှန်တိုင်းပြောတာ။ ဒါပေမဲ့လည်း ပြောရဦးမယ်..ခုတော့။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရတာအရင်အစိုးရလက်ထက်ဦးသိန်းစိန်လက်ထက်ထဲကနေ ခုချိန်ထိပေါ့နော်။ ဒီမိုကရေစီရတော့ မြန်မာနိုင်ငံဟာ တော်တော်ပွင့်လင်းလာတာတွေ့ရပါတယ်။ လူတွေလက်ရဲဇက်ရဲရှိလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် သတ်ဖြတ်ဖို့ကို

ဝန်မလေးကြတော့ဘူး။ယောကျာ်းတွေကလည်း ဆန္ဒကိုသိက္ခာနဲ့ မထိန်းနိုင်ကြတော့ဘူး။ သက်ငယ်မုဒိမ်းတွေလည်း ၁ နေ့ကို ၂မှုတဲ့။ မိန်းမတွေကလည်း ကုသိုလ်ရဖို့ အတိုလေးတွေဝတ်လာကြသလို ကြွားချင်လို့ အသက်အန္တရယ်နဲ့နီးတဲ့ ရွှေတွဲလွဲလေး

တွေနဲ့ဖြစ်လာတယ်။ နာမည်အကြီးဆုံးကတော ့V day မှာ ဟိုတယ်ခန်းတွေပြည့်တယ်ဆိုပဲ။ တချို ့ဆို ဟိုတယ်တွေက ပူဖောင်းတွေနဲ့တောင် ကြိုဆိုတယ်ဆိုပဲ.. ဖေ့ဘွတ်မှာပုံနှင့်တကွတွေ့လိုက်ပါရဲ့။ အဲလောက် မတရားဒီမိုကရေစီကျင့်သုံးတာကို အီးယူ (EU – European Union) က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖြစ်စဉ်နှေးကွေးတယ်ဆိုပဲ။..အကယ်လို့ မြန်မာနိုင်ငံရဲ ့ဒီမိုကရေစီ

သာ မြန်သထက်မြန်လာမယ်ဆိုရင်ဖြင့်…ပြောကိုမပြောချင်တော့ပါဘူး..ပြောလည်းမပြောတော့ပါဘူး….ဗာျ…..မြန်မာဂဇက်

ကရွာသူရွာသားတို့ရေ။

4 comments

  • kai

    February 24, 2018 at 2:12 pm

    ယောက်ျားနဲ့မိန်းမချစ်ကြ..အိပ်ကြတာ.. ဒီမိုကရေစီနဲ့ ဘာဆိုင်လို့လဲကွယ်..။
    ကမ္ဘာဦးကထဲကကိစ္စ..။
    လူသတ္တဝါက.. ဒီကမ္ဘာမှာ ဒိုမနိပ်.. ထိပ်တန်းရောက်..အခြားသတ္တဝါတွေအပေါ်မှာလွှမ်းမိုးနိုင်တာ.. လိင်ကိစ္စ.. အချိန်ကာလနေရာမရွေးဆက်ဆံရင်းမျိုးပွားကြလို့ပဲ..။
    ဆိုတော့.. ဘယ်သူမှမထိခိုက်ရင်…. ကျားနဲ့မချစ်ကြတယ်ဆိုတာ.. ကောင်းတဲ့မွန်မြတ်တဲ့အလုပ်..။

    အချိန်ရ..အခွင့်ပေးရင်.. ငယ်တုံး..ကျန်းမာတုံး.. ခံစားကြ..။ စံစားကြ..။ :k:

  • Shar Thet Man

    February 27, 2018 at 4:27 pm

    အနောက်တိုင်းယဉ်ကျေးမှုအရဆိုရင်တော့ အဆင်ပြေပေမယ့် မြန်မာနိုင်ငံလေ..သင့်တော်ပါ့မလား စဉ်းစားပေါ့။

    • kai

      February 28, 2018 at 7:03 am

      သင့်တော်တာပေါ့..။
      မြန်မာတွေလည်းလူတွေပဲ..။ ဂျိူတချောင်းအပိုပေါက်နေတာမှမဟုတ်တာ..။
      မြန်မာအမျိုးသမီးက.. မ, မြန်မာအမျိုးသားက.. ကျား..။ မြန်မာဂေးက.. အနောက်နိုင်ငံကဂေးနဲ့ အကုန်တူတူ..။
      ဘယ်သူမှ ၂ခုအပိုလည်းမပါ..၊
      ဆိုတော့..
      … ရှားမမလည်းအနောက်နိုင်ငံတွေရောက်ဖူးတာပဲ..။
      အနောက်တိုင်းယဉ်ကျေးမှုဆိုပြီး.. လိင်ဆက်ဆံတိုင်း…အနောက်တိုင်း..။ ဖောက်ပြန်တိုင်း..အနောက်တိုင်း..။တယောက်ထက်ပိုယူ..အနောက်တိုင်းသူ..ဆိုပြီး.. မြန်မာ့ကွန်ဆာဗေးတစ်အာဏာရှင်တွေ.. ရိုက်သွင်းခံထားရတာတွေဘယ်လောက်များ.. ဂျင်းမိနေသလဲသိမှာပေါ့..။
      အမေရိကားမှာ.. နယူးယောက်..အယ်လ်အေ..ဆန်ဖရန်မြို့ကိုလာ.. ၁မြို့တရက်.. အတွင်း.. မိန်းကလေးတယောက် အပေါ်ပိုင်းလွှတ်ထားတဲ့ဓာတ်ပုံတပုံ ပါတ်ဗလစ်..အလွယ်မြင်နိုင်တဲ့နေရာမှာ ရှိမရှိရှာကြည့်ပါလား..။
      အသက်မပြည့်တဲ့ကျား/မ ကိုယ်တုံးလုံးပုံ ရှာကြည့်ပါလား..။
      ပြီးရင်..ရလဒ်ကို.. ရန်ကုန်..။ဘန်ကောက်။ စင်္ကာပူ၊ ဟောင်ကောင်။ ဆိုးလ်။ တိုကျိုနဲ့ယှဉ်ကြည့်..။
      ပက်လက်တောင်လန်ကျသွားဦးမယ်..။ :k:

  • ဦး လေး မန်း

    March 14, 2018 at 9:38 pm

    ကိုယ်တို့လူမျိုးကလဲသန့်ကနဲဆို နန့်ကနဲနေတဲ့လူတွေကများများရယ် ကိုရီးယားဆိုလဲ ရားလိုက်ရမှ ဖွဘုတ်ဆိုလဲ အတင်းလိုက်ခေတ်မှီလိုက်ရ ဗာလင်တိုင်းဆိုလဲပြေးပြီးတိုင်းလိုက်ရနဲ့ အချိန်အတော်ပေါတဲ့လူမျိုးတွေလေ၊

Leave a Reply