တစ်ရက်မှာတော့

နေ ့လည်ခင်း၊ထမင်းစားချိန်လေးမှာ၊ကိုယ်နေတဲ့နေရာနဲ ့သူ နေတဲ့နေရာက

သိတ်မဝေးလှလို ့၊ထမင်းသွားစားဖြစ်ခဲ့ပါတယ်။

သူကတော့၊တာလော့မှာလည်းနေထိုင်ပါတယ်။

တာလော့ဆိုတာ၊တာချီလိတ်မြို ့ပေါ်က၊အထင်ကရရှိလှတဲ့ရပ်ကွက်တစ်ခုပါ။

အရင်ရောက်ဖူးတဲ့နေအိမ်ကတော့၊ပါလျံမှာရှိတဲ့သူ ့နေအိမ်ခြံဝန်းကိုရောက်ဖူးတာပါ။

သူနေထိုင်တဲ့ပါလျံရပ်ကွက်လေးက၊ကျွန်မတာဝန်ဆောင်ရွက်နေတဲ့ရုံးနဲ ့လည်း

အတော်လေးနီးပါတယ်။

အဲဒီအချိန်တုန်းကတည်းက၊ သူကတာလော့ရပ်ကွက်မှာရှိတဲ့ သူ ့ရဲ ့အိမ်ရှေ့မှာ၊

ကျောက်ဘီဒိုဆိုင်လေးဖွင့်ထားပြီးဈေးရောင်းပါတယ်။

ကျွန်မတာဝန်ကျတဲ့နေရာနဲ ့က၊နီးနီးလေးပါဘဲ။

တစ်ခါတစ်ရံမှာ၊ကျွန်မသူ ့ကိုသတိရတဲ့အခါ၊သူ ့အိမ်မှာထမင်းစားဖြစ်ပါတယ်။

ကျွန်မရောက်တဲ့အချိန်မှာ၊သူကဇောင်းလျားသီးတွေကိုသကြားရည်စိမ်ထားတာတွေကို

ဆရာတော်ဘုရားဆီယူသွားဖို ့အတွက်ပြင်ဆင်နေတာတွေ ့ရပါတယ်။

ကျွန်မကမေးတော့၊ဆရာတော်ဘုရားရဲ ့ကျန်းမာရေးအတွက်၊လုပ်ပေးတာလို ့ပြောပြပါတယ်။

ကိုယ်တိုင်အပင်ပန်းခံပြီး၊စေတနာထားဆောင်ရွက်နေတာကို၊ကိုယ်တိုင်မြင်လိုက်

ရပြန်တော့၊သူ ့စေတနာကို လေးစားမိရပြန်ပါတယ်။

တစ်ညနေခင်းမှာ

ပါလျံမှာရှိတဲ့သူ ့အိမ်လေးကိုသွားဖို ့အတွက်၊ကျွန်မနဲ့အတူ

အလုပ်လုပ်ဖော်သူငယ်ချင်းကခေါ်တာမို ့

ကျွန်မလိုက်သွားဖြစ်ပါတယ်။

သူ ့ခြံဝန်းလေးထဲရောက်တာနဲ ့၊လူအနည်းငယ်တွေ ့မြင်ရပြီး

ခြံဝန်းနောက်ဖက်မှာ၊သူစိုက်ထားတဲ့၊ကန်ဇွန်းပျိုးခင်းထဲမှာအလုပ်ရှုတ်နေကြတာကို

တွေ ့မြင်လိုက်ရပါတယ်။

ကျွန်မတို ့လာတာမြင်တော့၊သူကဝမ်းသာအားရစွာနဲ ့ လှမ်းအော်ခေါ်လိုက်ပါတယ်။

သူ ့စိုက်ခင်းထဲရှိရာလာဘို ့အတွက်နဲ ့၊ကန်ဇွန်းရွက်တွေဝိုင်းကူခူးပေးဘို ့

သူက၊အကူညီတောင်းပါတယ်။

ကျွန်မကို၊သူက ဝေယျာဝစ္စ ကုသိုလ်မှာပါဝင်ရစေချင်လို ့သာ၊

အကူညီတောင်းတယ်ဆိုတာကို၊ကျွန်မကသိလိုက်ပါတယ်။

ဘုန်းကြီးကျောင်းအတွက်၊သူ ့ရဲ ့ ခြံထွက် အသီးအနှံတွေနဲ ့

ဟင်းသီးဟင်းရွက်တွေကို သွားလှူဒါန်းပါတယ်။

သူ ့နေအိမ်ခြံဝန်းထဲမှာလည်း၊ စားပင်တွေ အတော်လေးစုံလင်အောင်

စိုက်ပျိုးထားတာတွေ ့ရပါတယ်။

ကျွန်မစိတ်ထဲမှာတော့၊သူ ့ကိုကြည့်ပြီး

ကုသိုလ်အရေးအတွက်အပင်ပန်းခံနိုင်၊လုပ်နိုင်တာကို၊မလေးစားပဲမနေနိုင်အောင်

ဖြစ်ရပါတယ်။

ကုသိုလ်ရရေးအတွက်ကို၊တော်တော်ကိုလုပ်နိုင်တဲ့ သူပါလားလို ့၊ဆိုပြီးတော့ပါ။

ခြံထဲမှာထင်းတွေတင်ထားတဲ့၊ကားကိုလည်း၊ကျွန်မကမြင်မိလို ့

ထင်းတွေကဘာလုပ်ဖို ့လည်းလို ့၊သူ ့ကိုမေးမိပါတယ်။

ဘုန်းကြီးကျောင်းမှာ၊ထမင်းဟင်းတွေချက်ဖို ့၊ထင်းရှာပေးဖို ့အတွက်

သူတာဝန်ယူထားတဲ့အကြောင်း၊ သူကကျွန်မကိုပြောပြပါတယ်။.

ထင်းတွေရရှိရေးအတွက်လည်း၊လွယ်စတုံဆိုတဲ့ရွာအထိသွားပြီး၊ထင်းရှာပေးရတာတွေ

သူပြောပြလို ့၊ကျွန်မသိရပါတယ်။

သူကိုယ်တိုင်အပင်ပန်းခံပြီး၊ထင်းတွေခုတ်၊သူတစ်ပါးကိုလည်းပိုက်ဆံပေးပြီးဝိုင်းကူခုတ်ခိုင်းရကြောင်း

သူပြောပြလို ့၊ကျွန်မသိရှိရပါတယ်။ထင်းတွေကိုလည်းနေ ့စဉ်ရှာဖွေပေးရကြောင်း

သူကကျွန်မကိုပြောပြပါတယ်။

သူ ့ကိုနောက်ထပ်ကျွန်မမေးမယ့်စကား၊ရှာမရ(မရှိ)တော့ပါဘူး။

ဘာပြောရမယ်မှန်းလည်း၊ ကျွန်မ မသိတော့ပါ။

ကိုယ့်ကိုယ်ကို နားမလည်အောင်ဖြစ်ရတဲ့အပြင်

ကျွန်မစိတ်ထဲမှာလည်း၊ဪ,လို ့သာသူ ့အပေါ်ဖြစ်မိသွားရပါတော့တယ်။

တစ်ခါမှာလည်း၊သူနဲ ့ကျွန်မ၊ဘုန်းကြီးကျောင်းမှာသွားဆုံပါတယ်။

ကျွန်မကသူ ့ကိုမမြင်ပါဘူး၊သူကကျွန်မကိုလှမ်းမြင်ပါတယ်။

ထုံးစံအတိုင်းသူက၊ကျွန်မကိုမြင်တော့၊အားရဝမ်းသာစွာနဲ ့လှမ်းခေါ်လိုက်ပါတယ်။

ကျွန်မကဘာရှိလို ့လည်း၊ဆိုပြီးသူ ့ကိုမေးမိပါတယ်။

သူ ့ရှေ့မှာ၊ဂွမ်းစောင်(မီးယာ-တံဆိပ်) အကောင်းစားတွေ

ပုံပြီးချထားတာကိုတော့၊ကျွန်မမြင်ရပါတယ်။

ဆရာတော်ဘုရားထံခြုံစောင်တွေ၊ဆက်ကပ်မယ့်အကြောင်း

သူပြောပြလို ့သိရပါတယ်။

သူနဲ ့အတူတူကုသိုလ်သာဓုခေါ်ဆိုနိုင်ဖို ့အတွက်၊

ကျွန်မကိုခေါ်တာပါတဲ့။

ကိုယ်လှူတာမဟုတ်တော့လည်း၊ကျွန်မအနေနဲ ့ကမျက်နှာထူပူမိသွားပါတယ်။

သူကအကင်းပါးနပ်တဲ့သူပါဘဲ။ကျွန်မကိုကြည့်ပြီး၊ကျွန်မမျက်နှာပူနေမှန်းသိလို ့၊

ကျွန်မကိုသူကသဘောပေါက်နားလည်အောင်ဆိုပြီး၊ရှင်းပြပါတယ်။

သူလှူတာကို ကျွန်မကသာဓုခေါ်ရင်၊ကုသိုလ်အလိုလိုရကြောင်း၊နောက်ဘဝမှာ

လည်းအခြွေအရံပေါများတဲ့အပြင်၊သူလှူတဲ့အလှူမှာ၊ကျွန်မကကုသိုလ်တဝက်

ရကြောင်းနဲ ့၊သူနဲ ့အတူတူကုသိုလ်ယူပေးဘို ့တောင်းဆိုရတဲ့အကြောင်းပါ။

ကျွန်မအနေနဲ ့သူ ့ကိုမငြင်းသာဘဲ၊(အားနာ)စွာနဲ ့၊ကျွန်မလည်း

သူနဲ ့အတူတူကုသိုလ်ယူခဲ့ပါတယ်။

သူလှူတဲ့ကိစ္စပြီးစီးမှသာ၊ဘုန်းကြီးကျောင်းကနေ၊ကျွန်မပြန်ခဲ့ရပါတယ်။

ကျွန်မပြန်တော့လည်း၊သူကိုယ်တိုင်၊ကျွန်မကိုပြန်လိုက်ပို ့ပေးရှာပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

About aye.kk

has written 247 post in this Website..