မြန်မာ့သနပ်ခါး

ခင္ခFebruary 21, 20181min3274

 

ကျောက်ပြင်ပေါ်
ရေလေးစွတ်လို့
လက်ချောင်းကို
အားပြုလို့သွေး
မြန်မာ့သနပ်ခါးလေး။

့ပါးပြင်ပေါ်
ပါးကွက်လူးတော့
ယဉ်ယဉ်လေးနဲ့
သူ့အသွင်အပြင်
သိပ်လှတယ်ထင်
မေ့အလှကဗျာတင်။

ခင်ခ

(မူရင်းဓာတ်ပုံရှင်ခရက်တစ်ပါ)

4 comments

  • A mar nyo

    February 22, 2018 at 2:09 pm

    ဒီကဗျာလေးဖတ်ပြီးမှ ကိုယ်သနပ်ခါးမလိမ်းတာတောင်ကြာပြီပဲလို့သတိထားမိတယ်
    ကဗျာလေးကိုဖတ်သွားပါကြောင်း

  • manawphyulay

    February 23, 2018 at 10:31 am

    အိမ်မှာနေရင်းတော့ သနပ်ခါး လိမ်းဖြစ်ပါတယ်။ သနပ်ခါးလေး ပါးပေါ်တင်လိုက်ရင်ကို ရင်ထဲမှာ အေးချမ်းသွးပါတယ်။

  • Thint Aye Yeik

    February 23, 2018 at 4:27 pm

    နယ်တွေ သွားတဲ့အချိန်များမှာ….
    သနပ်ခါးလိမ်းထားတဲ့ တောသူ ဖြူဖြူနုထွေးလေးတွေကို မြင်ရင်
    အသားတွေပါ တဆတ်ဆတ်တုန်လာတာပါဆို။

    :k:

  • Shar Thet Man

    February 28, 2018 at 3:45 pm

    အကြိုက်ဆုံး မြန်မာ့မိတ်ကပ်ပါပဲ

Leave a Reply