မေမေ့ သမီးချော

ခင္ခFebruary 23, 20181min3068

မိတ်ကပ်လေး
လိမ်းလို့ချယ်
နှုတ်ခမ်းနီလေး
ဆိုးလို့ရယ်
သိပ်လှတဲ့မေ့သမီး
နတ်သမီးရှုံးလောက်တယ်။

ငယ်တုန်းကပါးကွက်ကြား
သနပ်ခါးလိမ်း ဆိုလို့များ
ပါးလေးကိုထိုးလို့ပေး
ချစ်စရာလေးအပြုအမူ
အလှကြိုက်တဲ့သူ
မလိမ်းဘူးဟယ်
စနောက်ပြောတော့
သူနှုတ်ခမ်းလေးကဆူ။

ရှိုးတွေထုတ်ပြီး
အမေ့လာမေးတယ်
သမီး လှ လား ကွယ်
မလှဘူးပြောရင်
စိတ်ကောက်တတ်လို့
ပြန်တောင်ချော့ရတယ်
လှတယ်လို့ပြောတော့
သူကျေနပ်လို့
မေမေ့ပြေးနမ်းတယ်။

အရွယ်ကြီးလည်း
မေမေ့စိတ်ထဲ
ကလေးလေးပါကွယ်
ကမ္ဘာပေါ်မှာအလှဆုံးက
မေမေ့ သမီးချောပါ ဟ။

ခင်ခ

8 comments

  • manawphyulay

    February 23, 2018 at 10:39 am

    လေးလေးရေ… ခုထဲက မနောလည်း သမီးကို အရိပ်တကြည့်ကြည့်နဲ့ ဖြစ်နေရပြီလေ…

    • ခင်ခ

      February 23, 2018 at 1:44 pm

      မိခင်ဆိုတာ ဒီလိုဘဲပေါ့ဗျာ

  • A mar nyo

    February 23, 2018 at 2:46 pm

    အိမ်မှာတော့ အမေကပြောခဲတယ် အဖေကတော့ငါ့သမီးတွေအလှဆုံးတဲ့

    • ခင်ခ

      February 23, 2018 at 8:46 pm

      ကျွန်တော်တို့ငယ်တုန်းကလည်း အဖေကဘဲ ပြောတာ အတူတူပါ

  • Thint Aye Yeik

    February 23, 2018 at 4:30 pm

    ချစ်တဲ့မျက်စိနဲ့ကြည့်တော့ လှတယ်ဆိုတာ မှန်တယ်ထင့်။
    မိဘတွေက သားသမီးကို ချစ်တဲ့မျက်စိနဲ့ပဲ ကြည့်တော့…
    သူတို့ အမြင်မှာ သားတွေဆိုလည်း ချောနေ…သမီးတွေဆိုလည်း လှနေတာပဲပေါ့။
    လေးခရေ…
    ကဗျာလေးတွေ ပြန် ဖတ်ရတာ ဝမ်းသာမိပါရဲ့

    • ခင်ခ

      February 23, 2018 at 8:44 pm

      ချစ်လျှင်အကျိုး မြတ်နိုးသဒ္ဒါ ဆိုသလိုပေါ့လေ

    • A mar nyo

      March 22, 2018 at 10:57 am

      ကိုThint Aye Yeik ပြောတာထောက်ခံပါကြောင်း သားသမီးတော ့မသိဘူး ကိုယ့်တူ တူမတွေမ ျားသူမ ျားကလေးတွေနဲ့ယှဉ်ရင်ပိုထက် ပိုလှတယ်လို့မြင်မိပါကြောင်း

  • Shar Thet Man

    February 28, 2018 at 2:51 pm

    ကောင်းလိုက်တဲ့ ကဗျာ

Leave a Reply