အခါခါ
” အခါခါ ”
အပြစ်တင်မှု့ကို
ခံရတဲ့အခါ
ဝမ်းနည်းသွားပေမယ့်
စိတ်မဆိုးရက်တာ
အခါခါ
ဂရုစိုက်မှု့ကို
ခံရတဲ့အခါ
ကျေနပ်ချက်ကို
ထုတ်မပြပေမယ့်
ပျော်ရွှင်မိတာ
အခါခါ
ဥပေက္ခာပြုမှု့ကို
ခံရတဲ့အခါ
နာကျင်နှလုံးသား
တုန်ခါသွားပေမယ့်
မမုန်းရက်မိတာ
အခါခါ
အမှတ်မထင်
ဆူကာပူကာ
ပြောခံရလည်း
စိတ်တိုစွာနဲ့
ပြန်ပြောချင်ပေမယ့်
နုတ်ဆိတ်မိ်ခဲ့တာ
အခါခါ
စိတ်ပူလို့ပြော
မတုန်လှုပ်တဲ့သဘော
အလေးမထား
ဂရုမစိုက်ကြုံပေမယ့်
အပြစ်မမြင်မိတာ
အခါခါ
လှည့်စားတဲ့အပြော
သိရှိပေမယ့်
ဖုံးကွယ်မှု့ကို
လိုက်မဖော်ချင်လို့
ခေါင်းငြိမ့်ပေးမိတာ
အခါခါ
တစ်ခါတရံ
လူတစ်ယောက်ရဲ့
အတ္တတွေကို
ဟန်ဆောင်ဖုံးတာ
မာယာပညာ
တခုလားလို့
တွေးမိတာလည်း
အခါခါ။
ခင်ခ။
အင်မတန်ကောင်းတဲ့
အခါအခါလေးပါ။
Was this answer helpful?
LikeDislikeအခါခါ ပြန် ဖတ်ချင်စရာလေး
Was this answer helpful?
LikeDislikeအင်မတန်ကောင်းတဲ့
စိတ်ထားလေးပါ။
Was this answer helpful?
LikeDislikeတော်တော်လေးကောင်းပါတယ်
Was this answer helpful?
LikeDislikeအားနာတတ်စွာ အခါခါ လို့ပြောရမယ်ထင်တယ်နော်၊
Was this answer helpful?
LikeDislike