” အခါခါ “

အပြစ်တင်မှု့ကို
ခံရတဲ့အခါ
ဝမ်းနည်းသွားပေမယ့်
စိတ်မဆိုးရက်တာ
အခါခါ

ဂရုစိုက်မှု့ကို
ခံရတဲ့အခါ
ကျေနပ်ချက်ကို
ထုတ်မပြပေမယ့်
ပျော်ရွှင်မိတာ
အခါခါ

ဥပေက္ခာပြုမှု့ကို
ခံရတဲ့အခါ
နာကျင်နှလုံးသား
တုန်ခါသွားပေမယ့်
မမုန်းရက်မိတာ
အခါခါ

အမှတ်မထင်
ဆူကာပူကာ
ပြောခံရလည်း
စိတ်တိုစွာနဲ့
ပြန်ပြောချင်ပေမယ့်
နုတ်ဆိတ်မိခဲ့တာ
အခါခါ

စိတ်ပူလို့ပြော
မတုန်လှုပ်တဲ့သဘော
အလေးမထား
ဂရုမစိုက်ကြုံပေမယ့်
အပြစ်မမြင်မိတာ
အခါခါ

လှည့်စားတဲ့အပြော
သိရှိပေမယ့်
ဖုံးကွယ်မှု့ကို
လိုက်မဖော်ချင်လို့
ခေါင်းငြိမ့်ပေးမိတာ
အခါခါ

တစ်ခါတရံ
လူတစ်ယောက်ရဲ့
အတ္တတွေကို
ဟန်ဆောင်ဖုံးတာ
မာယာပညာ
တခုလားလို့
တွေးမိတာလည်း
အခါခါ။

ခင်ခ။

ခင်ခ

About ခင်ခ

ခင် ခ has written 458 post in this Website..