အင်္ဂလိပ်သဒ္ဒါတတ်ကျွမ်းလိုသော် – ပါမောက္ခမျိုးကျော်မြင့်

kaiMarch 2, 20182min1912

ယခုလမှာ ခက်ခဲနက်နဲတဲ့ Adj clause ကို adv clause တို့ကို ခဏမေ့ထားပြီး လွယ်သလိုလိုနဲ့ ဒုက္ခပေးတတ်တဲ့ ၊တိမ်မလိုနဲ့ နက်တဲ့ prepositions လေးတွေကို လေ့လာကြပါစို့။ ဒီနှစ်က year of the dog
ဆိုတော့ ခွေးလိမ္မာလေးတွေလိုပဲ ချစ်စရာကောင်းသလောက်နားနားလည်ဖို့ခက်တဲ့ prepositions လေးတွေအကြောင်း တင်ပြပေးပါမယ်။ ဦးစွာပထမ Time လို့ခေါ်တဲ့ “အချိန်” နဲ့ ပတ်သတ်တဲ့ prepositions လေး
တွေကို ကြည့်ကြရအောင်။ “on” ဆိုရင် နေ့နဲ့သုံးရတယ် “in” ကိုလနဲ့သုံးရတယ် “in”ကို နှစ် နဲ့သုံးရတယ်။
ဥပမာ “He was born on the first Monday in February in the year 2018” ဆိုပါစို့။ မှတ်ရလွယ်ပါတယ်နော်။ ကဲ.. မိနစ်တို့ စက္ကန့်တို့ကိုရော -ဘာနဲ့သုံးမလဲ ။ ဒါလည်းမခက်လှပါဘူး။ စက္ကန့်ကိုရော၊ မိနစ်ကိုရော
နာရီကိုရောပါ “in” နဲ့ပဲသုံးပါတယ်။
ဥပမာအားဖြင့်-” I want to see in two hours, 30 minutes and 15 seconds exactly.” လို့ ချစ်သူတို့ Valentine’s day မှာ အမိန့်ပေးလို့ရပါတယ်။ ဒါပေမယ့် အချိန်ကို အတိအကျပြောတဲ့အခါမှာ “in “အစား “at”
နဲ့ပါ သုံးရပါတယ်။ ဥပမာ “I want to see you at 3:30 this afternoon.”ဒီနေရာမှာ” in” နဲ့ သုံးမိရင် မှားသွားပြီနော်။ ဒီတော့ ကိစ္စရှိလို့ ဆရာဝန်နဲ့ဖြစ်စေ၊သွားစိုက်ဆရာဝန်နဲ့ဖြစ်စေ၊အခြားမည်သူနဲ့မဆိုappointment
လုပ်ဖု့ိတဲ့အခါမှာ “at” လေးကိုသုံးမိဖို့ အရေးကြီးပါတယ်။ဥပမာ-
“I am calling to make an appointment with my doctor at 3 pm next Monday.
” I have an appointment 2 to see the dentist.”
“I want to make an appointment to see the counselor at 5 pm tomorrow.”
ပထမဆုံးဝါကျမှာ “ဆရာဝန်နှင့်”ဆိုတော့ “with” ဆိုတဲ့ preposition လေးပါလာတာ သတိပြုမိကြပါလိမ့်မယ်။ သူက အချိန်နဲ့တော့မဆိုင်လှပါဘူး။ ဒါပေမယ့် သိထားသင့်တဲ့ preposition လေးပါပဲ။ with ကို အများအား
ဖြင့်တော့ လူတွေနဲ့ အသုံးများပါတယ် ။
ဥပမာ-“She went shopping with mother.” သူမဟာ အမေနဲ့ ဈေးသွားဝယ်တယ်ပေါ့။ အလားတူ “He is arguing with his dad.”
သူဟာအဖေနဲ့ သွားပြီးငြင်းခုန်နေတယ်ပေါ့လေ ။ဘယ်ကောင်းပါမလဲ။ မိဘကို လျှော့ပေးလိုက်ပါ။ နောက်ဆုံး အနေနဲ့ အချိန်နဲ့ပတ်သတ်ပြီး သိထားသင့်တဲ့ preposition လေးက from ပါ။ “from” ကို”to”နဲ့တွဲပြီးသုံးလေ့ရှိ
ပါတယ်။ ဥပမာ -ရုပ်ရှင်ဟာ ၁ဝနာရီမှာစပြီး ၁၂နာရီခွဲမှာပြီးတယ်ဆိုပါစို့။”The movie runs from 10 to 12:30″ လို့ ရေးလို့ရပါတယ်။ အလားတူတဲ့” the class goes from one to three.”အတန်းဟာ နေလည်တစ်နာရီ
မှာစပြီး ၃နာရီကြာမှပြီးတဲ့ သဘောပါ ။ကဲ အချိန်နဲ့ ပတ်သတ်တဲ့ preposition လေးတွေ အတော်အသင့်ပြည့်စုံသွားပြီဆိုတော့၊နေရာထိုင်ခင်းနဲ့ ပတ်သတ်တဲ့ preposition လေးတွေကို ကြည့်ကြရအောင်။ ဒီအုပ်စုကပိုလည်း
များတယ် ပိုလည်းနားလည်ဖို့ ခက်ခဲပါတယ်။ ဒီတော့ ဂရုစိုက်ပြီး ဖတ်ရှုကြဖို့ တောင်းပန်လိုပါတယ်။ ဦးစွာပထမ လူသုံးများတဲ့ “in,on,at” တို့ကို သုံးတတ်သွားအောင်ဖော်ပြလိုပါတယ်။
“the book is in the drawer.” “the boy is at the desk.””the pen is on the table.”
ဒီဝါကျ သုံးခုမှာ “at the desk” ဆိုတာလေးပဲ နည်းနည်း နားလည်ဖို့ ခက်ပါတယ်။ မြန်မာလိုတော့”စာကြည့်စားပွဲမှာ ထိုင်နေတယ်” ပေါ့နော်။ ဒီ”in” နဲ့ “at”ဟာ နည်းနည်းလေးကွာခြားပါတယ်။ နေရာတိတိကျကျသိရင်”in”
ကို သုံးလေ့ရှိပြီး။ နေရာကို အကြမ်းအားဖြင့်သာ သိတဲ့အခါ “at” ကိုသုံးလေ့ရှိပါတယ်။ ဖော်ပြပါ ဝါကျလေးများကို ယှဉ်ကြည့်လိုက်ပါ။ သဘောပေါက် သွားပါလိမ့်မယ်။
“he is at home.””He is in the living room.”
“He is at school.” “He is in the classroom.”
“He is at work.” “He is in his office.”
မြန်မာတွေကို ဒုက္ခပေးတတ်တဲ့ အသုံးအနှုံးမျိုးကတော့ “in the chair” ဆိုတာမျိုးပါ။ ဘယ်နယ် “in the chair” ဖြစ်ရမှာလည်း” on the chair”မှ မှန်မှာပေါ့လို့ ထင်တတ်ကြပါတယ်။ တကယ်တော့”in” ကမှန်ပါတယ်။
“on” လို့ဆိုရင် ခုံပေါ်မှာဆောင့်ကြောင့်ကြီးထိုင်နေမှပဲ ဖြစ်မှာပါ။ အင်္ဂလိပ်စာက ဒီလိုပဲနော်။ နည်းနည်းတော့ ရှုပ်ထွေးတယ်ပေါ့။ အခြားအသုံးဝင်တဲ့ preposition လေးတွေကတော့ Above,below,behind,between တို့ဖြစ်
ပါတယ်။ အောက်ပါဝါကျတွေကိုကြည့်လိုက်ပါဦး။

“The clock is above the table.”
” The cat is below the table.”
“The cat is behind the table.”
“The cat is between the table and the sofa.”
ပထမဆုံး ဝါကျမှာ above လို့ သုံးထားတဲ့အတွက် နာရီနဲ့ စားပွဲဟာ ထိမနေဘူးလို့ သိရပါတယ်။ ထိနေခဲ့ရင်တော့Above အစား” on” ကို သုံးရမှာဖြစ်ပါတယ် “the clock is on the table.”ပေါ့။ဒုတိယဝါကျလေးမှာတော့
“ကြောင်ဟာစားပွဲအောက်ရောက်နေတယ်ပေါ့” တတိယဝါကျလေးမှာတော့” ကြောင်ဟာ စားပွဲရဲ့အနာက်မှာ ရှိနေတယ်”အဲ နောက်ဆုံးဝါကျလေးမှာတော့”ကြောင်ဟာ စားပွဲနဲ့ ဆိုဖာကြား အလည်မှာရှိနေပါတယ်” ဒီနေရာမှာ
အင်္ဂလိပ် စကားပုံလေးတစ်ခု သွားပြီးသတိရမိသေးတယ်။
“between the devil and the deep blue sea”
ဒို့ မြန်မာလူမျိုးတွေဟာ တစ်ချိန်က ဒီလိုဘဝမျိုးမှာရှိခဲ့ကြတယ်။ တဖက်မှာက စစ်အစိုးရ။ ရက်စက်တဲ့ယုတ်မှာတဲ့ လူတစ်စု။ တခြားတစ်ဖက်မှာက ရောင်စုံသောင်ကျန်းသူတွေ။ သူတို့လည်းသူတို့နည်း သူတို့ဟန်နဲ့ ရက်စက်ယုတ်
မာကြတာပဲ။ ကြားက မြန်မာပြည်သူလူထုမှာ ကုန်းကောက်စရာမရှိအောင် ဆင်းရဲဒုက္ခရောက်ခဲ့ကြရတယ်လေ။ ထားပါတော့ နောက်ထပ် prepositionsလေးကိုကြည့်ရအောင်။” into, onto, outside, inside” တို့ကို အသုံးမှား
တတ်လို့ သတိပြုစေလိုပါတယ်။ outside နဲ့ inside ကတော့ ရှင်းပြဖို့လွယ်ပါတယ် အပြင်မှာနဲ့ အတွင်းမှာပေါ့မဟုတ်လား။ ဥပမာ-
“The children are playing outside.” “Dad is watching TV inside.”
ပြဿနာမရှိလှပါဘူး။ into နဲ့ onto တို့ကို action verbs လို့ခေါ်တဲ့ လှုပ်ရှားမှုကိုပြတဲ့ ကြိယာလေးတွေနဲ့ သုံးရပါတယ်။ into နဲ့ in ဟာ အဓိပ္ပာယ် မတူသလို onto နဲ့ on နဲ့လည်း အဓိပ္ပာယ် မတူတာကို သိထားဖို့ လိုပါတယ်။ သို့မ
ဟုတ်ရင် ကိုယ်ပြောလိုက်တဲ့စကား လိုက်ရေးလိုက်တဲ့အခါဝါကျက တစ်မျိုးကြီးဖြစ်သွားတတ်ပါတယ်။
“He walked into the classroom .” “He is walking in the classroom .”
” The cat jumped onto the table.” ” The cat is jumping on the table.”
ပထမဝါကျက သူဟာ အခန်းထဲကို ဝင်သွားတယ်ပေါ့ ။အဓိပ္ပါယ်ကရှင်းလင်းပြတ်သားပါတယ်။ ဒုတိယဝါကျမှာကြတော့ သူဟာ အခန်းထဲမှာ ခေါက်တုန့်ခေါက်ပြန် လျှောက်နေတယ်ပေါ့ ။ တခါတရံပြောလို့ရေးလို့ရပေမယ့် ဘာ
ကြောင့်များ ဒီလို လုပ်နေတာလဲဆိုတာ စဉ်းစားစရာပေါ့နော် ။ အလားတူ တတိယဝါကျက ကြောင်လေးဟာ ခုန်ပေါ်ကို တက်လိုက်တယ်ပေါ့ ။ ရှင်းပါတယ်။ နောက်ဝါကျမှာကြတော့ ခုံပေါ်မှာ တက်ခုန်နေတယ်ဆိုတော့တစ်စုံတစ်
ခုများ ဖြစ်နေလို့လား။ စဉ်းစားစရာပေါ့နော် ။ နောက်ထပ်သိထားသင့်တဲ့preposition လေးတွေ အများကြီးကျန်ပါသေးတယ် ။ နောက်လမှပဲ ဆက်ပြီး လေ့လာကြသေးတာပေါ့ ။ စာဖတ်သူအားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။ ချစ်
သူခင်သူများနှင့် အတူတကွ ပျော်ရွှင်ခွင့်ရကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

2 comments

  • Thint Aye Yeik

    March 7, 2018 at 12:47 pm

    ဝင်ရောက် လေ့လာသွားကြောင်းပါ။

    လောလောဆယ်တော့ လှည်းတန်းကနေ(ဆင်ရေတွင်းနား ပြောင်းသွားတဲ့)
    ဦးမြကြိုင် ရဲ့ အင်္ဂလိပ်စာ သင်တန်းမှာ တက်ရောက်
    လေ့လာနေဆဲ ဖြစ်ကြောင်းပါ ခညားးး

Leave a Reply