ရင်မှာကျန်နေဆဲ….ခရီးစဉ်လေးတစ်ခု

Mon LayMarch 20, 20181min3493

ဒီခရီးစဉ်လေးကတော့ ဟိုးခပ်ငယ်ငယ်တုန်းက ကျိုက်ထီးရိုးနဲ့ သာမညကို အတူတူဆက်သွားခဲ့ဖူးတဲ့ခရီးစဉ်လေးပါ။😊😊

နှမြောစရာကောင်းတာကတော့ ခုချိန်မှာ သာမညဆရာတော်ဘုရားကြီးလည်းပျံလွန်သွားတော့ လုံးဝကိုပျောက်ကွယ်သွားခဲ့တဲ့

ခရီးစဉ်ဆိုလည်းမမှားပါဘူး။ 😞😞

အရင်ကဆို သာမညဆရာတော် ဘုရားကြီးရဲ ့ဂုဏ်သတင်းကျော်ဇောမှုကြောင့် ပြည်တွင်း ခရီးသွားကုမ္ပဏီတွေက သာမည ခရီးစဉ်ဆိုပြီး ဆွဲခဲ့ကြပါတယ်။ မြန်မာနိုင်ငံအနယ် နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင်အပေါင်းတို့ကလည်း သာမညတောင်ကို မဖြစ်မနေသွားရောက်ပြီး မျက်နှာကြည်လင်နေတဲ့ ဆရာတော်ကို ဖူးမြော်ကြလို့ သာမညတောင်ဟာ ရာသီမရွေး အထူးပင်စည်ကားခဲ့သောနေရာ ဖြစ်ခဲ့ပါတယ်။ ပြီးတော့ သာမညတောင်ကို လာရောက်လည်ပတ်ကြတဲ့ လူထုပရိသတ်ထောင်ပေါင်းများစွာကို သက်သတ်လွတ် ထမင်းဟင်းများနဲ့  ကျွေးမွေးဧည့်ခံလို့ မွန်လေးငယ်ငယ်တုန်းက စားခဲ့ဖူးပါတယ်။ အရမ်းလည်းအရသာရှိပါတယ်။ ပဲဟင်းကိုထမင်းနဲ့ရွှဲရွှဲလေးစားရတာဘယ်လောက်တောင်

အရသာရှိလဲဆိုတာ ခုစာဖတ်နေတဲ့သူကို စားကြည့်စေချင်ပါတယ်။ အဲလို သာမညကိုလာရောက် သူ လူထုမင်းပရိသတ်တွေကို သက်သတ်လွတ်ထမင်း ဟင်းနဲ့ ဧည့်ခံကျွေးမွေးတာ တစ်ရက်ကို ဆန်တင်း ပေါင်းရာနှင့်ချီပြီး ချက်ပြုတ်ကျွေးမွေးရတယ်လို့ ကြားခဲ့ဖူးပါတယ်။ ပြီးတော့ ဘားအံ-မြဝတီ လမ်းမှ သာမညတောင်ကိုသွားတဲ့ လမ်းမုခ်ပေါက်ကစပြီး သာမညတောင်ပေါ်အထိ သွားရာ လမ်းတလျှောက်မှာရှိတဲ့ လူတွေကလည်း ဆရာတော်ရှိစဉ်ကနေ ယခုအထိ သက်သတ်လွတ် စားကြပါတယ်တဲ့။ 😳😧😳😧

အဲ့မြို့လေးက သာမညဆရာတော်ဘုရားကြီးရဲ ့ အရိပ်အာဝါသကို မှီခိုရင်းဖွံ့ဖြိုးလာတဲ့အသားမစားတဲ့ မြို့လေးပါ။🏙🏙

 

သာမညဆရာတော်ဘုရားက ဘယ်လောက်တောင်တန်ခိုးကြီးသလဲဆိုရင် တောင်ပေါ်မှာ ဆန်တွေကုန်ပါတော့မယ်ဘုရားလို့

ကပ်ပိယတွေကလျှောက်တင်လိုက်ရင် နေ့တွင်းချင်း ဆန်လှူမယ့်သူပေါ်လာတာတဲ့။ နောက်တစ်ခုက ဆရာတော်ဘုရား သက်တော်ထင်ရှားရှိစဉ်က လူမှုအကျိုးပြုလုပ်ငန်းတွေဖြစ်တဲ့ အိုးအိမ်မဲ့တွေကို ကျွေးမွေးစောင့်ရှောက်ခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်လှူဒါန်းခြင်း၊ လမ်းများပြုပြင်ခြင်းကို အထူးအရေးပေးလုပ်ဆောင်ခဲ့တယ်လို့ကြားဖူးပါတယ်။ ”လမ်းခင်းတဲ့ ကတ္တရာတွေ ကုန်သွားပြီဆိုပြီး ဆရာတော်ဆီကို သွားလျှောက်တော့ ဆရာတော်က ဖုန်းဆက်တယ်၊ မနက်လည်းရောက်ရော ရှမ်းအမျိုးသမီးတယောက်က သိန်းငါးထောင်တောင်းတွေနဲ့ ထည့်ပြီးလာလှူခဲ့ပါတယ်တဲ့။

တန်ခိုးကြီးလို့ တခါတလေ ဈာန်နဲ့တောင်ကြွတယ်လို့အဲ့တုန်းကကြားခဲ့ဖူးပါတယ်။ ပြီးတော့ သာမညဆရာတော်ကို လာဖူးမယ့်သူကလည်း လာကတည်းက သက်သက်လွတ်ပဲစားခဲ့ရပါတယ်။ အဲဒါကတော့ မွန်လေးကိုယ်တွေ့ပါ။ ဘယ်လိုလဲဆိုရင် မွန်လေးတို့ ရန်ကုန်ကကားစထွက်လာတုန်းကတော့ ကားကအေးဆေးပေါ့။ ဒါပေမဲ့ သာမညတောင်နားရောက်ခါနီးလည်းကျရော ကားကပျက်ပါလေရော။ အဖွားကသိနှင့်လေတော့ ဘယ်သူများ သက်သက်မလွတ်တာစားခဲ့လဲလို့လိုက်မေးတော့မှ ခရီးသွားထဲက တစ်ယောက်က ဟုတ်တယ်သူအသားနဲ့စားခဲ့

လိုက်မိတယ် ဆိုပြီးပြောတယ်။ အဲလောက်တန်ခိုးကြီးတဲ့သာမညဆရာတော်ဘုရားပါ။ ရောက်ဖူးတဲ့သူတွေတော့သိကြမှာပါ။ ခုချိန်မှာရုပ်ကလပ်တောင်ဖူးမြော်ခွင့်မရတော့ပေမယ့် တချိန်ကခဏခဏ ဖူးမြော်ခဲ့ရလို့လိုက်ပို့ပေးတဲ့အဖွားကိုလည်း

ကျေးဇူးတင်မိပါတယ်။🙏🤗🙏🤗

ဆရာတော်ရဲ ့သီလဂုဏ်၊ ပညာဂုဏ်၊ ခမာ၊ ဇာဂရိယ စတဲ့ ဂုဏ်များနှင့် သာသနာရေးအားပေးဆောင်ရွက်တော်မူခြင်းများကို

လေးစားလို့ နိုင်ငံတော်အစိုးရက ၁၉၉၁၊ နိုဝင်ဘာ ၂၁ တွင် အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဘွဲ့တံဆိပ်တော်ကို ဆပ်ကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ သာသနာတော်အကျိုးအား သယ်ပိုးထမ်းဆောင်တော် မူရင်း သက်တော် ၉၃ နှစ်၊ သိက္ခာတော် ၇၃ ဝါအရ ၁၃၆၅ ခု၊ နတ်တော်လဆန်း ၆ ရက်၊ ၂၉-၁၁-၂၀၀၃ စနေနေ့ နံနက် ၉ နာရီတွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ပါတယ်။🙏🙏

ဆရာ တော်ဘုရားကြီးရှိစဉ်က လူထုဧည့်ပရိသတ်အတွက် သက်သတ်လွတ်ထမင်းဟင်းကျွေးရာ ဆန်တင်းပေါင်း တရာကျော်နေ့စဉ်ချက်ပြုတ်ခဲ့ရပြီး လက်ရှိအချိန်မှာတော့ ဆန် ၃ တင်းခန့်သာ ချက်ပြုတ်ရပြီး ဘုရားဖူးလာရောက်သူများကို သက်သတ်လွတ်ထမင်းဟင်း ကျွေး မွေးနေဆဲပဲဖြစ်တယ်လို့လည်းကြားရပါတယ်။🙏🙏🙏

တစ်ခေါက်လောက်တော့ ပြန်တော့သွားကြည့်ချင်ပါသေးတယ်။

ဆရာတော်ပြောခဲ့တဲ့စကားတွေထဲကမှ မွန်လေးကြိုက်တဲ့တစ်ခွန်းကတော့ ‘ရဟန်းဆိုတာ ကားမလိုဘူး’တဲ့ ဆိုပြီး ဗိုလ်ချုပ်ခင်

ညွှန့်က ကားလှူခဲ့တာကို ပြန်ယူသွားခိုင်းခဲ့တာပါပဲ။

3 comments

  • intro

    March 21, 2018 at 11:55 am

    ဆရာတော်ဆီ သွားဖူးတုန်းက ဝဥ နဲ့ သက်သက်လွတ်ထမင်းဟင်း ကျွေးပါတယ်။
    ဆရာတော်က သူ့ဆီလာဖူးတဲ့ ဒါယကာ၊ ဒါယိကာမ တွေကို ထမင်း (၆)ကြိမ်စားဖို့ အမြဲ တိုက်တွန်းပါတယ်။

  • Foreign Resident

    March 25, 2018 at 12:32 am

    ကျနော် သွားဖူးတုန်းကတော့ ၊
    ကရင် တာလပေါဟင်းရည် နှင့် ထမင်း နှင့် စားခဲ့ရတယ် ။
    ဟင်းကို မကြိုက်ပါဘူး ၊ ဆန်လည်း ကြမ်းသကွယ် ။

  • Shar Thet Man

    May 16, 2018 at 2:02 pm

    မွန်လေးကတော့အရမ်းကြိုက်

Leave a Reply