ပုဂံအနုပညာ

Mon LayMarch 8, 20181min1340

ပုဂံကို သွားလည်တဲ့အခါ ဘုရားပုထိုးတွေအပြင် စိတ်ဝင်စားဖို့ကောင်းတဲ့ ပုဂံလက်မှုပစ္စည်းများအ ကြောင်းကို

လည်းပြောပြချင်ပါတယ်။

Lacquerware

ယွန်းထည်

ယွန်းထည်တွေဟာ ပုဂံရဲ့နာမည်အကြီးဆုံးလက်မှုပစ္စည်းပဲဖြစ်ပါတယ်။ ဘုရားတွေမှာ ယွန်းထည်အ ရောင်းဆိုင်တွေကိုတွေ့နိုင်သလို ပုဂံမြို့ရဲ့နေရာအနှံ့အပြားမှာလည်း ယွန်းထည်အလုပ်ရုံတွေကိုတွေ့နိုင် ပါတယ်။ ယွန်းထည်တွေကို  ပန်းကန်, ပန်းအိုးမှအစ ရတနာသေတ္တာ, ပရိဘောဂအဆုံး ပုံစံအမျိုးမျိုးနဲ့တွေ့နိုင် ပါတယ်။ ယွန်းထည်တွေဟာ ဈေးကြီးပေမဲ့ အလုပ်ရုံတွေကိုသွားလေ့လာကြည့်ရင်တော့ပေးရတာတန်တယ်ဆိုတာတွေ့ရပါလိမ့်မယ်။ ယွန်းထည်တစ်ခု ပြီးမြောက်ဖို့ အချိန်နှင့် လူအင်အားအများကြီးသုံးရတယ်ဆိုတာတွေ့ရပါလိမ့်မယ်။ သေချာတာကတော့ ယွန်းထည်တစ်ခုချင်းစီတိုင်းဟာထူးခြားပြီးလှပတယ်ဆိုတာပါပဲ။

Puppets

ရုပ်သေးရုပ်

ရုပ်သေးရုပ်တွေဟာလည်း အရမ်းလူကြိုက်များပါတယ်။ ရုပ်သေးရုပ်တွေကိုပုံစံအမျိုးမျိုး နဲ့တွေ့နိုင်ပါတယ်။ ရုပ်သေးရုပ်တွေကို အနုစိတ်ပြုလုပ်ထားတာဖြစ်ပြီး ပုဂံမှာရုပ်သေးပွဲများကိုလည်းသွားရောက်ကြည့်ရှုနိုင်ပါတယ်။

Wooden carving sculptures

သစ်သားပန်းပုရုပ်များ

သစ်သားပန်းပုရုပ်တွေကတော့ကျွန်မရဲ့အကြိုက်ဆုံးလက်မှုပစ္စည်းတွေပဲဖြစ်ပါတယ်။ ပန်းပုရုပ်တွေကိုလည်း တိရစာ္ဆန်မှအစလူအဆုုံး, ဒဏာ္ဌရီလာသတ္တဝါများမှအစ ဗုဒ္ဓရုပ်ပွားတော်များအဆုံးတွေ့မြင်နိုင်ပါတယ်။ ပန်းပုရုပ်အားလုံးဟာလှပပြီးကျက်သ ရေရှိလှပါတယ်။ ဒါပေမဲ့ သူတို့ကို လက်ဆောင် ပစ္စည်းထက်အလှဆင ဖို့သာအသုံးပြုကြပါတယ်။ဒါ့အပြင်ပန်းပုရုပ်များကိုပုဂံမှာသာမကအခြားမြို့များတွင်လည်းတွေ့နိုင် ပါတယ်။

 

ဆိုင်တွေကလည်းတော်တော်ရှိတာတွေ့ပါတယ်။

  • Bagan House
  • Golden Bagan Lacquerware Shop
  • Golden Cuckoo Lacquerware
  • Jasmine Family Lacquerware Workshop
  • The Lotus Collection Lacquer Ware Factory စသဖြင့်။

ဈေးလေးတွေလည်းမဆိုးပါဘူး။ တချို ့ဆိုင်တွေဆို credit card လက်ခံလို့ အဆင်ပြေပါတယ်။ နိုင်ငံခြားသားတွေတော်တော်များ

များလာကြပြီး ဝယ်နေကြတာတွေ့ပါတယ်။ ကိုယ်ဆို antique ပစ္စည်း တွေကိုဘယ်လိုကြိုက်မှန်းမသိကိုကြိုက်တာ။ အဘွား

ရှေးဟောင်းပစ္စည်းတွေဆို ကြိုက်လွန်းလို့ အမွေတောင်တောင်းထားတယ်။ ခုခေတ်ပေါ်ထက် အသုံးဆောင်ထက် ရှေးပစ္စည်း

တွေကိုပိုကြိုက်လို့ ပုဂံကိုလည်းထပ်သွားပါဦးမယ်။