အမိုးဖွင့်ကား (ဝါ) Hop on, Hop off bus

Mon LayMarch 21, 20181min3524

သတင်းတစ်ခုကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာလည်း New York, Washington DC,  Pairs, Hong Kong နဲ့ Shanghai တို့လို့ အမိုးဖွင့်ဘတ်စ်

ကား (Hop on, Hop of) ကားတွေပြေးဆွဲနေပါပြီတဲ့။ ရန်ကုန်၊ မန္တလေး၊ ပုဂံ နဲ့ပြင်ဦးလွင်မြို့တို့ရဲ ့ နံနက်ခင်း အလှနဲ့ညနေခင်းအလှကို အမိုး ဖွင့်ကားနဲ့ လိုက်လံကြည့်ရှုနိုင်ပါပြီတဲ့။

နာမည်လေးကတော့ မင်္ဂလာဘတ်စ်ကားပါတဲ့။

သူများနိုင်ငံတွေက Attraction သွားလို့ရတဲ့နေရာတွေကို Taxi ခသက်သာအောင် ပြေးဆွဲပေးနေတာပါ။ ဝင်ကြေးတွေလည်းတခါတည်းရောင်းတတ်

သလို တစ်နေရာကိုဝင်လည်ချင်ရင် အဲ့နေရာမှာဆင်းခဲ့ရုံပဲ။ ပြီးမှ နောက်တစ်ကားအလာကို နောက်တစ်နေရာဆက်သွားဖို့တက်စီးလိုက်

ရုံပဲ။

ခုကရန်ကုန်မြို့မှာ စမ်းသပ် ပြေးဆွဲမည့် ညနေပိုင်းထွက်မယ့်အမိုးဖွင့်ကားကညနေမှ ရွှေတိဂုံဝင်လည်ပြီး မနက်ပိုင်းထွက်မယ့်ကားက မနက်ပိုင်းမှာကြည့် မြင်တိုင်က လက်မှုလုပ်ငန်းတွေ ကို ဝင်ရောက်လေ့လာတာမျိုးပဲပါပါတယ်။ ကားလမ်းတွေပိတ်ရတဲ့ကြားထဲမှာ ဒီကားကပါအဆစ် ထပ်လာတော့ကာ။မကောင်းဘူးလို့တော့မဆိုလိုပါ။ ခရီးသွားလုပ်ငန်းကိုတစ်ဖက်ကတိုးတက်အောင်လုပ်တာလည်း မဆိုးဘူးပဲဆိုရမှာပဲ။ သို့သော်

လည်း ဘယ်နေရာမှသိပ်မဝင်ရပဲ ကားနဲ့လျှောက်ပတ်စီးသလိုဖြစ်နေတော့ အညောင်းတော့မိမယ်ထင်ပါရဲ ့။

ကားပေါ်မှာတော့ အင်္ဂလိပ်ဘာ သာနဲ့ Guide (လမ်းညွှန်)တစ် ယောက်တော့ပါပါမယ်တဲ့။ မြို့တော်ခန်းမရှေ့မှ  နံနက် ရ နာရီတွင် တစ်ကြိမ်၊ ညနေ ၅ နာရီတွင် တစ်ကြိမ်ထွက်ခွာမည်ဖြစ်ပြီးရန်ကုန်မှာတစ်စီး၊ မန္တလေးမှာတစ်စီး၊ ပုဂံမှာနှစ် စီးနဲ့ ပြင်ဦးလွင်မှာတစ်စီး စတင်ပြေးဆွဲမည်ဖြစ်ပါတယ်တဲ့။

နိုင်ငံခြားက Hop on, Hop off ကားတွေလိုဖြစ်လာပါစေလို့မျှော်လင့်ရင်း။

4 comments

  • ကထူးဆန်း

    March 22, 2018 at 9:02 am

    ထီးတော့ လိုမယ် .. နေပူ လို့ ဟုတ်ဘူးးးး ခိုချေးပါ ချ တာ ကာဖို့ 🙂 🙂 🙂

  • Thint Aye Yeik

    March 22, 2018 at 5:09 pm

    နိုင်ငံခြားသားတွေအတွက်တော့ အတန်အသင့် အဆင်ပြေမယ်ထင်တယ်။
    သူတို့က ပူအိုုက်စိုစွတ်နေတဲ့ မြန်မာပြည်ရောက်ရင် နေပူတာလည်း သိပ်မကြောက်ကြ…။
    ရန်ကုန်မှာ တစ်စီးပဲ စ ပြေးမှာဆိုတော့ သူ့ကြောင့်ဖြင့် ယာဉ်ကြောက အခုထက် ပို ကျပ်သွားလိမ့်မယ်တော့မထင်…။
    အဆင်ပြေလို့ နောက် ထပ်တိုးပြေးဆွဲလည်း အလွန်ဆုံး ၁ဝစီးပေါ့။
    ပိုက်ဆံချမ်းသာတဲ့ သူဌေးတွေ ကားတစ်စီးပြီးတစ်စီး ဝယ်စီးနေတာကြောင့်လောက်တော့
    ယာဉ်ကြောကို ဒုက္ခပေးမယ် မထင်…။

    နောက်ပိုင်း…. ကားတွေ များလာတာနဲ့အမျှ… လမ်းတွေလည်း ပိုအဆင်ပြေအောင်
    လုပ်လာပါလိမ့်မယ်လို့တော့… မျှော်လင့်ထားတာပဲ။ ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာဆိုတာကြီးက…
    ဘယ်အစိုးရတက်တက် သတိမပြုမိဘဲ မနေနိုင်လောက်အောင်… ဖြေရှင်းရအုန်းမယ့်ကိစ္စကြီး မဟုတ်လား။

    ဘာပဲဖြစ်ဖြစ်…
    ဒီ ကားတွေ စီစဉ်မယ့် ကိစ္စ အောင်မြင်မယ် မအောင်မြင်ဘူးကနောက်…
    စီစဉ်ဖြစ်ရင်ကိုပဲ သူများနိုင်ငံတွေလို မျက်စိပွင့် နားပွင့်လာတယ်ဆိုပြီး ဂုဏ်ယူကြိုဆိုအုန်းမှ

  • Foreign Resident

    March 25, 2018 at 12:25 am

    အင်းးးး ၊ ပထမဆုံးပြောရရင်တော့ ၊ စာလုံးပေါင်း အမှန်က ၊
    Hop on, Hop off bus ပါ ။ Hop on, Hop of bus မဟုတ်ပါဘူး ။
    အလွယ်တကူ ဆင်းလိုက် တက်လိုက် နှင့် ခရီးသွားနိုင်တဲ့ အဓိပ္ပါယ်ပါ ။

    ဒုတိယ အချက်ကတော့ ၊
    အမိုးဖွင့်ကား ဆိုတာ Hop on, Hop off bus မဟုတ်ပါ ။
    အမိုးဖွင့်ကား ကို open top bus လို့ ခေါ်ပါတယ် ။

    Hop on, Hop off Sight Seeing Tour တွေမှာ ၊
    open top Double Decker bus တွေကို သုံးလေ့ရှိပေမယ့် ၊
    Hop on, Hop off Bus တိုင်းဟာ open top bus မဟုတ်ပါ ။

  • Shar Thet Man

    March 26, 2018 at 2:15 pm

    ဟုတ်ပါတယ် 7days ဂျာနယ်ကသုံးထားတဲ့မြန်မာအသုံးကို ယူသုံးလိုက်တာပါ အမိုးဖွင့်ကားဆိုတာက အင်္ဂလိပ်ကတော့ စာလုံး
    ပေါင်းရှမ်းသွားလို့ပါဟီး

Leave a Reply