ဗုဒ္ဓဂယာသို့.. (၆)

winkyawaungSeptember 4, 20103min861
မြတ်စွာဘုရား ပရိနိဗ္ဗာန်စံသောနေရာ

တေဇောဓါတ်လောင်ကျွမ်းတော်မူသောစေတီ

ပတ္တနားမြို့ သင်္ဘောဆိပ်ကမ်း
ပတ္တနားမြို့ မြန်မာကျောင်းတော်ကြီး
အန္ဒိယနိုင်ငံ၏ ခေါင်းဆောင်ကြီးဂန္ဒိအမည် တံတား
မြတ်စွာဘုရားရှင် ဝမ်းတော်လား၍ သန့်စင်သောနေရာ
ပါဝါမြို့ကစုဒ္ဒ၏ အိမ်နေရာ ကုန်းမြင့်
ဝေသာလီပြည်ကြီး နှင့် အသောကမင်းကြီး၏ ကျေက်တိုင်
ဓာတ်တော်များ ပူဇော်ထားသောနေရာ

19-4-2010 ကုသိနာရုံ မှာ (၂) ညအိပ်

နံနက်(၇)နာရီမှာ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံသော နေရာ
စေတီတော်သို့သွားရောက် ဖူးမျှော်ကြတယ်။ နီလာအဖွဲ့မှ
စုပေါင်းကြာသက္ကင်္န်းကပ်လှူကြတယ်။ မိုးယံ ရွှေလမင်းနှင့် မြတ်ဆုကုဋေ ထီဆိုင်
ကိုယ်စားလှယ်များကလည်း စုပေါင်း ကြာသင်္က္ကန်းကို ဆက်ကပ်လှူဒါန်း
ပူဇော်ကြပါတယ်။ ကုသိနာရုံ ဆရာတော်မှ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်၏
ပရိနိဗ္ဗာန်စံတော်မူခန်းအား လိုက်လံရှင်းလင်းဟောကြားပေးပါတယ်။ ဆရာတော်မှာ
ရခိုင်လူမျိုး ဆရာတော်ဖြစ်၍ ဟောကြားသောတရားများမှာ မရှင်းလင်းကြပါ။
သို့သော် ဘုရားလာသော လူတိုင်းက ဗုဒ္ဓဝင်ဇာတ်တော်အား သိထားကြလို့
သဘောပေါက်ကြပါတယ်။

အဲဒီကနေ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံပြီး တေဇောဓာတ်လောင်ကြွမ်းသော
စေတီနေရာ နှင့် မြတ်စွာဘုရားရှင်၏ ဓာတ်တော်များအား ခုနှစ်ပြည်ထောင်မှ
ရှင်ဘုရင်မင်းများ က ဓာတ်တော် များကို ခွဲဝေယူကြသောနေရာ၊
မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန် မစံမှီ ရေကြည်တော် သုံးဆောင် တော်မူသော
နေရာစေတီ တို့ကို ဖူးမျှော်ကန်တော့ ပူဇော်ကြပါတယ်။

နေ့လည် ပိုင်း ဘုရားဖူးများ အနားယူကြရပါတယ်။ ဒီညလည်း ကုသိနာရုံ
မြန်မာကျောင်းမှာ ဆက်လက်အိပ်ကြရပါမည်။ ဤ နေရာမှာ (၂)ညအိပ် ရတာ
ဘုရားဖူးများအားလုံးစကားအရ အနေအထိုင် ဆင်းရဲကြခြင်း၊ အစားအသောက်များ
မကောင်းပါ။ လုံလောက်ခြင်းမရှိပါ။ အဆင်မပြေကြပါ။ နီလာ
ဘုရားဖူးပို့ဆောင်ရေးက တာဝန်ခံ ကိုသန်းထွန်းကို ဝိုင်း၍ပြောကြား ကြပါတယ်။
ကုသိုလ်ရေးမို့ လူတိုင်းသီးခံနေကြရပါတယ် ခင်ဗျား။ အခြားနေရာများမှာ
အာလုံအဆင်ပြေကြပါတယ်။ ယခု ကုသိနာရုံကျောင်းမှာ အဆင်မပြေကြတော့ သိသိသာသာ
ကြီးကို ကွာခြားကြောင်း သိကြရပါ၏..။ အများအတွက် ရေးသားရခြင်းဖြစ်၍
သက်ဆိုင်သူများ ပြင်ဆင်နိုင်ကြပါစေခင်ဗျား..။
မြန်မာဘုန်းကြီးကျောင်းများတွင် လူတစ်ယောက် တစ်ညတည်းခိုလျှင်ယူဘီ(၆၅)၊
နံနက်စာယူဘီ(၃၅)၊ ထမင်းကြီးတစ်နပ်စာကို ယူဘီ(၇၅) နှုန်းပေးရကြောင်း
စုံစမ်းသိရှိရပါသည်။ ယင်းစာရိတ်အား ဘုရားဖူးပို့ဆောင်ပေးသော နီလာကုမ္ပဏီမှ
ပေးချေရပါကြောင်း၊ ဘုရားဖူးများက ဖြတ်ပိုင်းနှင့်အလှူငွေအား
ကျောင်းပိုင်ကယူကြောင်း၊ ဖလားခွက်ထဲတွင် လှူငွေများကိုသာ
တရားဟောဆရာတော်ကရရှိကြောင်း ကြားသိခဲ့ရပါတယ်။ သူတို့နိုင်ငံတွေမှာ
အများအားဖြင့် ဘုရားနှင့် မြန်မာဘုန်းကြီးကျောင်းတွေကိုလှူသမျှအားလုံး
ကုလားတွေကသာယူကြသည်ဟု မြင်တွေ့ခဲ့ပါတယ်။

အော် မနက်ဖြန် မနက်စောစောထပြီး ရာဇဂြိလ်ပြည်ကြီးသို့ ခရီးဆက်ကြရပေဦးမည်..။

မနက်ဖြန်ခရီးစဉ်အား ဆက်လက်တင်ပေးပါမည်။

2o-4-2010 ကုသိနာရုံ မှ ပတ္တနား၊ ရာဇဂြိုဟ် သို့ရောက်

နံနက်(၆)နာရီ ကုသိနာရုံမှ စတင်ထွက်ခဲ့ပါတယ်။ လမ်းမှာ
ဓာတ်ဆီဆိုင်တစ်ဆိုင်မှာ နေ့လည်စာ စားကြပါတယ်။ ပါဝါမြို့ ကိုရောက်တယ်။
မြတ်စွာဘုရားရှင်အား စုဒ္ဒအိမ်မှ ဝက်ပျိုသားနှင့် ဆွမ်းကပ်သောနေရာစေတီ အား
ကားလမ်းပေါ်ကလှမ်းမြင်ရပါတယ်။ ဓာတ်ပုံရိုက်တယ်။ အဲဒီနေရာကို
သွားရောက်ဖူးမျှော်ချင်သော်လည်း ပါဝါမြို့က (၇၈၆) မူဆလင်များရဲ့
ဘုရားကျောင်းဖြင့် ကပ်နေခြင်း၊ လာရောက်သူများအား မကြာခဏ ရန်ပြုတယ် လို့
စကားပြန်ကပြောကြား၍ မသွားရဲခဲ့ကြပါ။ ကုသိနာရုံ နဲ့ ပါဝါမြို့ ကြားမှာတော့
မြတ်စွာဘုရား ရှင် ဝမ်းတော်လား၍ သန့်စင်ဆေးကျောသော ချောင်းကလေးဟု သိရလို့
ကားပေါ်က မှတ်တမ်းတင် ဓာတ် ပုံရိုက်ပါတယ်။ အဲဒီကနေ ဝေသာလီပြည်ကို
ရောက်ပါတယ်။ ဝေသာလီ ပြည်ကို ဘုရားရှင်လက်ထက်က
ကပ်သုံးပါးဘေးကြီးကျရောက်ခဲ့ပါတယ်။ လူတွေအသေ အပျောက်များ၍
ဘီးလူး၊သဘက်၊သရဲများ ချောက်လန့်နေပါတယ်။ ဘုရားရှင်က တပည့်ဖြစ်တဲ့
ရှင်အရဟံနဲ့ သံဃာတော်များကို စေလွှတ်၍ ရတနာ့သုတ်တော်ကို
ရွတ်ဖတ်ပူဇော်ပေးတော်မူကြ ပါတယ်။ အဲဒီအခါမှာ ဘေးအန္တရာယ်တွေ
ကင်းစင်ပပျောက်၍ သာယာသွားပါတယ်။ ဘုရားဖူးအဖွဲ့များကလည်း ရတနာသုတ်တော်ကို
ရွတ်ဖတ်ပူဇော်ခဲ့ကြပါတယ်။ဝေသာလီပြည် ဤနေရာမှာ အာသောကမင်းကြီးရဲ့
ကျောက်စာတိုင်အပြည့်အစုံကိုမြင်တွေ့ခဲ့ရပါတယ်။ဤ နေရာသည်
‘ဒုတိယသဂါင်္ယတနာတင်ခဲ့သောဌါနတစ်ခုဖြစ်ကြောင်းကိုလည်းသိရပါတယ်။ အဲဒီကနေ
လစ်္စဝီမင်း များက မြတ်စွာဘုရားရှင်၏ ဓာတ်တော်များကို ဌာပနာပြီး
ပူဇော်ထားတဲ့ စေတီနေရာကို ရောက်ခဲ့ပါတယ်။ အဲဒီကနေ ပတ္တနားမြို့ ကိုမဝင်မှီ
အန္ဒိယနိုင်ငံမှာ အရှည်ဆုံး အကြီးဆုံး ကီလိုမီတာ(၈)ကီလို၊
မိုင်(၅)မိုင်ခန့်ရှည်လျားတဲ့ ဂန္ဒီ တံတားကို မြင်တွေ့ရပါတယ်။
ဂဂါင်္မြစ်ကိုဖြတ်ကျော်ထားတာကို မြင်တွေ့ရပါတယ်။ တော်တော်လေးကို
ကောင်းမွန်ပါတယ်။

ညနေ(၄း၃၀)နာရီမှာ ပတ္တနားမြို့ (ပါဋလိပုတ်)က မြန်မာကျောင်းကို
ရောက်ကြပါတယ်။ မြန်မာကျောင်းမှာ ညနေစာ ထမင်းစားကြပါတယ်။
ဈေးဝယ်ကြပါတယ်။ဤမြို့ရဲ့ ယခုပန်းခြံ ပြုလုပ်ထားတဲ့နေရာသည်
တတိယသင်္ဂါတယနာတင်ခဲ့သော ဌါနတစ်ခုဖြစ်ကြောင်းသိရ ပါ တယ်။အဲဒီပန်းခြံကိုတော့
မဝင်ခဲ့ကြရပါ။ံ ပတ္တနားမြို့ ဟာ ဘီအာပြည်နယ်ရဲ့ မြို့ တော်ဖြစ်
ကြောင်းသိရပါတယ်။ စည်ကားပါတယ်။ အဆောက်အဦး ေတွေလည်းကောင်းပါတယ်။ ဒါပေမဲ့
သန့်ရှင်းမူ မရှိပါ။

ဗုဒ္ဓဂယာသို့..(၇)ခရီးစဉ်အား ဆက်လက်တင်ပေးပါမည်။

One comment

  • winkyawaung

    September 5, 2010 at 12:59 am

    ပြင်ဆင်ပေးသော အယ်ဒီတာအဖွဲ့အား အထူးကျေးဇူးတင်ပါတယ်။ ပို့စ်တင်တာ ညက အဆင်မပြေလို့ မိုးလင်းသွားတာပဲ..။

Leave a Reply