အမှောင်ထုထဲကအလင်းတန်းလေး

Mon LayApril 6, 20181min1650

ရန်ကုန်နောက်ဖေးလမ်း ကြား ဥယျာဉ်စီမံချက်၏တစ်စိတ် တစ်ပိုင်းဖြစ်သော ပန်းဘဲတန်းမြို့ နယ် ၃၁ လမ်းနှင့် ဗိုလ်ဆွန်ပက် လမ်းကြား (အလယ်ဘလောက်) ရှေးဟောင်းဓာတ်ပုံလမ်းကို ရုပ် ရှင်သရုပ်ဆောင် အေးဝတ်ရည် သောင်းနှင့် ကလေးငယ်များက ကမ်ပိန်းတစ်ခုပြုလုပ်ရန် စီစဉ်ခဲ့တယ်လို့ သတင်းမှာသိလိုက်ရတော့ အတော်လေးဝမ်းသာသွားရပါတယ်။

မွန်လေးတို့ငယ်ငယ်တုန်းကဆို အိမ်ရှေ ့မှာ ကွင်းပြင်ကြီးရှိလို့ အစ်မတွေ အစ်ကိုတွေနဲ့ တစ်နေကုန် တစ်နေခမ်းဆော့လိုက်ကြရတဲ့ကစားနည်းတွေ၊

တချို ့ကစားနည်းတွေဆိုမှတ်တောင်မမှတ်မိတော့ဘူး။ နွေရာသီကျောင်းပိတ်ရက်ဆို နေ့လည်တည်းကကစားဖို့ထွက်သွားလိုက်တာ ညမိုးချုပ်တော့

မှအိမ်ပေါ်တက်တဲ့အထိ။ ပြီးတော့အဲ့ကွင်းပြင်ရှိလို့ အိမ်ကနေမြောင်းဟိုဘက်ခြမ်းက တိုက်တွေ၊လူသွားတာတွေတောင်လှမ်းမြင်လို့ရသေးတယ်။

ခုများကျတော့အဲ့အိမ်ရှေ ့မှာ ၅ထပ်တိုက်ကြီးဆောက်လို့၊ မြင်ကွင်းတွေလည်းပိတ်လို့၊ အရှေ ့တိုက်ကနေ ကိုယ့်အိမ်ထဲကိုချောင်းကြည့်မှာစိုးလို့ အပင်

တွေစိုက်ရတာကတစ်မျိုး၊ လိုက်ကာတွေနဲ့ ကာရတာကအလုပ်တစ်ခု။

ခုခေတ်ကလေးတွေခမျာကြည့်ကြည့်နေတာ သူတို့အတွက် ဆော့စရာကွင်းပြင်မရှိတော့ ကားပါကင်လွတ်ရင်ဆော့ကြတယ်။ မလွတ်ရင်မဆော့ကြတော့ဘူး။ ရပ်ကွက်မှာ ကလေးတွေမရှိတော့ဘူးလားလို့တောင် တခါတလေတွေးမိပါတယ်။ ကလေးတွေပြေးလွှားသံ၊ဆူညံသံတွေ ခုခေတ်မှာမကြားရတော့လို့လေ။

နောက်ဖေးလမ်းကြားဖွင့်ပွဲ ကို ဧပြီ ၈ ရက်တွင် ကျင်းပမည် ဖြစ်ပြီး နံနက် ၈ နာရီမှ ညနေ ၆နာရီအထိ ကလေးများကစားနိုင် ရန် စီစဉ်ထားကြောင်း တိုင်းလွှတ် တော်ကိုယ်စားလှယ် ဦးသန်းနိုင် ဦးက ပြောပါတယ်။

‘‘ကလေးတွေအတွက် လွတ် လွတ်လပ်လပ် ကစားလို့ရတဲ့ ကစားကွင်းတွေမရှိဘူး။ လူကြီး တွေအတွက် အနားယူတဲ့နေရာ မရှိတော့ အခုလို စီစဉ်ရတာပါ။ အခုဆို အားကစားပါထည့်ထား တဲ့အတွက် ပရော်ဖက်ရှင်နယ်ကျ ကျ ကစားလို့ရသွားပြီ’’ဟု ၎င်းက ဆိုပါတယ်။

မြန်မာလူမျိုးတွေအားကစားမထူးချွန်တာလည်းမပြောနဲ့။ ဘယ်မလဲကွင်းတွေ၊ လေ့ကျင့်ဖို့နေရာမှာတိုက်တာကြီးတွေကအစားထိုးဝင်လာတာကိုး။

ဒါကြောင့်လည်း ဆီးဂိမ်းတွေသွားပြိုင်ကြရင် ဟိုးအရင်ကလောက်ရွှေတံဆိပ်တွေမရတော့တာအသိသာပဲလေ။

ခုလို သတင်းကိုကြားရတော့ အခုကလေးတွေကံပြန်ကောင်းလာတယ်ပဲပြောရမလားပဲ။ ဒါတောင်နောက်ဖေးလမ်းကြားရှိတဲ့

ကလေးတွေပဲကံကောင်းတာပါ။ ဘယ်လိုပဲဖြစ်ဖြစ်အဆိုးထဲကအကောင်း၊အမှောင်ထုထဲကအလင်းတန်းလေးကိုတော့လှမ်းမြင်ရသယောင်ယောင်။