လိုရင်းကို ဒဲ့ဘဲ ပြောရရင် ၊ ဖြစ်စဉ် အကျဉ်းချုပ်က ။

Foreign ResidentApril 11, 20182min64010

လိုရင်းကို ဒဲ့ဘဲ ပြောရရင် ၊ ဖြစ်စဉ် အကျဉ်းချုပ်က ။

ပြသာနာရဲ့ အစက ရဲစခန်းဝင်စီး အကြမ်းဖက်တာ မဟုတ်ဘူး ။
ပြသာနာရဲ့ အစက ကိုယ်တိုင်ကော မိဘရော ဒီမြေပေါ်မှာ မွေးလာပါလျှက်နှင့် ၊
လူမှန်သမျှရဲ့ အခြေခံ ရပိုင်ခွင့် ၊ နိုင်ငံသား ဖြစ်ခွင့်လေးတောင် မပေးချင်တဲ့ ၊
ဗမာ အစိုးရ အဆက်ဆက်ရဲ့ ရိုဟင်ဂျာတွေအပေါ် မတရား ဖိနှိပ်ချုပ်ချယ်မှုဘဲ ။

အမေရိကန် နိုင်ငံကို စတင်ထူထောင်ခဲ့တဲ့ ၊
အမေရိကန် နိုင်ငံရဲ့ တတိယမြောက် သမ္မတ သောမတ်ဂျက်ဖာဆင်က ၊
” မတရား ( ဖိနှိပ်ချုပ်ချယ်မှု ) တွေဟာ ဥပဒေ ဖြစ်လာရင် ၊
တော်လှန် တိုက်ခိုက်ရမှာ ( လူတိုင်းရဲ့ ) တာဝန်ဘဲ ” တဲ့ ။
“ When injustice becomes law, resistance becomes duty. ”
( Thomas Jefferson )

အဲ့ဒါကြောင့် ( World Most Persecuted ) ၊
ကမာ္ဘပေါ်မှာ မတရား ဖိနှိပ်ချုပ်ချယ်မှု အခံရဆုံး ရိုဟင်ဂျာတွေဟာ ၊
သူတို့အပေါ် နှစ်ပေါင်းများစွာ မတရား ဖိနှိပ်ချုပ်ချယ်နေသူ ဗမာ အစိုးရ ကို ၊
တော်လှန်တိုက်ခိုက်တာဟာ ၊ တရားမျှတ Legitimate ဖြစ်တယ် ။

ဒါကြောင့်လည်း လူစိတ်ရှိတဲ့ ကမာ္ဘ့ လူသားထုကြီး တစ်ရပ်လုံးကကော ၊
တစ်ကမာ္ဘလုံးက တရားမျှတမှုကို ချစ်မြတ်နိုးတဲ့ နိုင်ငံတွေ အားလုံးကကော ၊
အဖိနှိပ်ခံနေရတဲ့ ရိုဟင်ဂျာတွေဘက်က တစ်သားထဲ ထောက်ခံနေကြတယ် ။
အခုဖြစ်နေတဲ့ ရိုဟင်ဂျာ ပြသာနာကို အကျဉ်းရုံးပြောရရင် ၊ အဲ့ဒါဘဲ ။


Additional :

တရားမဝင် ခိုးဝင်တာကို ဘယ်သူကမှ လက်မခံပါဘူး ။
အဓိက ကတော့ တရားမဝင် ခိုးဝင်တယ် ဆိုတာကို ပြနိုင်ဘို့ လိုပါတယ် ။

၁ ။
ခိုးဝင်တဲ့ ဘင်္ဂါလီ ဆိုတာ မရှိပါဘူးလို့ ၊
နိုင်ငံရဲ့ အကြီးဆုံး နိုင်ငံတော် သမ္မတကရော ၊
Immigration မှာ တာဝန် အရှိဆုံး လူဝင်မှု ဝန်ကြီးကပါ ၊
တရားဝင် ပြောပြီး ကြေငြာပြီးသား ။

ဒီ ဘူးသီးတောင် မေါင်းတော ဒေသမှာ ဘင်္ဂါလီတွေဟာ ၊
သူတို့ရဲ့ ဘိုးဘွားတွေက အစ ဒီမှာမွေး ဒီမှာသေခဲ့ကြတယ် ။
ပြောရမယ်ဆိုရင် ဘူးသီးတောင် မေါင်းတော ဒေသဟာ ၊
ဘင်္ဂါလီတွေရဲ့ ဘိုးဘွားပိုင်မြေလို့တောင် မှတ်ယူလို့ရတယ် ။

ပြောရမယ်ဆိုရင် လူဝင်မှု နိုင်ငံသား ဖြစ်မှု ကိစ္စတွေ နှင့် ၊
ပါတ်သက်ပြီး တရားဝင် ထုတ်ဖေါ် ပြောကြားသူတွေထဲမှာ ၊
နိုင်ငံတော် သမ္မတ နှင့် လူဝင်မှု ဝန်ကြီး တို့ဟာ ၊
ရာထူးကလည်း အကြီးဆုံး ၊ တာဝန်ကလည်း အရှိဆုံး သူတွေပါ ၊
ကျနော်တို့က သူတို့စကား မယုံလို့ ဘယ်သူ့စကား ယုံရမတုံး ။

နောက်ပြီးတော့ ကျနော်က အစိုးရ ပြန်တမ်းဝင် အရာရှိ လုပ်လာတာ ၊
အမိန့်စာတို့ ကြော်ငြာချက်တို့ ဖြေကြားချက်တို့ရဲ့ သဘောက ၊
နောက်ထပ် ကြော်ငြာချက် ဖြေကြားချက် အသစ် မထွက်မခြင်း ၊
ရှေ့ဟာက အတည် / တည်မြဲဘဲ ။
ဆိုတော့ကာ အရင် သမ္မတ နှင့် လူဝင်မှု ဝန်ကြီးရဲ့ ဖြေကြားချက်ကို ၊
နောက် သမ္မတ နှင့် လူဝင်မှု ဝန်ကြီး က ငြင်းချက် မထုတ်မချင်း ၊
အရင် သမ္မတ နှင့် လူဝင်မှု ဝန်ကြီးရဲ့ ဖြေကြားချက်က အတည်ဘဲ ။

ဆိုလိုတာက ” ခိုးဝင်တဲ့ ဘင်္ဂါလီ ဆိုတာ မရှိပါဘူးလို့ ” ၊
နောက်တက်တဲ့ ဒေါ်စု အစိုးရကလည်း အခုထိ လက်ခံထားရတယ် ။
အဲ့ဒီစကားဟာ အခုထက်ထိ အစိုးရရဲ့ သဘောထား အတည်ဘဲ ။

—https://www.youtube.com/watch?v=o0iOMjItvqE—

၂ ။

ခိုးဝင်တယ် or တရားမဝင် ဝင်ရောက်လာတာ ရှိခဲ့ရင် ၊
( ရှိမယ်လို့တော့ မထင်ပါဘူး ၊ ထားပါ ရှိခဲ့ရင်ပေါ့ )
အဲ့ဒီ ခိုး ဝင် or တရားမဝင် ဝင် ကို မိအောင်ဖမ်းဖို့က ၊
တရား ဥပဒေ စိုးမိုးရေး တာဝန်ယူထားတဲ့ အစိုးရရဲ့ အလုပ် ။

Even ခိုးဝင် or တရားမဝင် ဝင်ရောက် လာနိုင်ရင်တောင်မှ ၊
လဝက ရဲ့ လူဝင်မှု စာရင်းမှာ ဝင်လို့ မရပါဘူး ။

အဲ့ဒီလို လဝက ရဲ့ လူဝင်မှု စာရင်းမှာ မပါဝင်တဲ့ သူတွေကို ၊
ကျနော်တို့ကလည်း လက်မခံပါဘူး ။
ဒီ စာရင်း မဝင်တဲ့ သူတွေကို နိုင်ငံသား ပေးစရာ မလိုပါဘူး ။

အစိုးရရဲ့ တရားဝင် စာရင်းတွေအရကို ၊
ခိုးဝင် မဟုတ်တဲ့ ၊ တရားဝင် စာရင်းဝင် နေထိုင်နေတဲ့ ၊
ဘင်္ဂါလီ အရေအတွက်ဟာ ၉ သိန်း ရှိတယ် ဆိုတာပါဘဲ ။

ကျနော်တို့ ထောက်ခံ တောင်းဆိုနေတာကလည်း ၊
ဒီတိုင်းပြည်ထဲ ၊ တစ်မြေထဲမှာဘဲ ကျနော်တို့ နှင့် အတူတူ မွေးဖွားခဲ့တဲ့ ၊
တစ်မြေထဲနေ တစ်ရေထဲသောက် ၊
တရားဝင် စာရင်းဝင် ရိုဟင်ဂျာ သွေးချင်း ၉ သိန်း ကိုဘဲ ၊
တရားမျှတစွာ ၊ နိုင်ငံသား ပေးသင့်တယ်လို့ ပြောနေတာပါ ။

၃ ။

နောက် တစ်ချက်က ၊
ဘင်္ဂါလီတွေဟာ ရခိုင်ဒေသကို ၊ ဗမာ ဘိုးတော်ဘုရားက မသိမ်းခင် ၊
ရှေးရခိုင်မင်းတွေ လက်ထက်ကတည်းက မေယု ဒေသမှာ နေနေခဲ့တာပါ ။

ရှေးရခိုင် ဘုန်းတော်ကြီးတွေ ရေးသား ပြုစုတဲ့ ၊
ရခိုင် ရာဇဝင်ကျမ်းတွေထဲမှာပါ ဒီအကြောင်းတွေ ပါပါတယ် ။
ဒီလို မွတ်ဆလင်တွေနှင့် အတူနေထိုင်ကြရတာဖြစ်လို့ ရှေးရခိုင် ဘုရင်တွေဟာ ၊
ဘုရင့်ဘွဲ့ / နာမည်မှာ Abdulla တို့ Khan တို့ Shah တို့ ထည့်ကြပါတယ် ။

ဥပမာ ။ ။ ရခိုင်ပြည် မြောက်ဦးခေတ် တစ်ခေတ်ကို တည်ထောင်ခဲတဲ့ ၊
ရခိုင် ဘုရင် မင်းစောမွန် ရဲ့ မွတ်ဆလင် ဘွဲ့က Suleiman Shah ပါ ။

ရခိုင် ရာဇဝင်ကျမ်းတွေထဲက နာမည် အကြီးဆုံး ဖြစ်တဲ့ ၊
ရှေးရခိုင် ဘုန်းတော်ကြီး စန္ဒ မာလာ လင်္ကာရ ရေးသား ပြုစုတဲ့ ၊
” ရခိုင် ရာဇဝင်သစ် ” ကျမ်းထဲမှာ ဒီ အကြောင်းတွေ ပါပါတယ် ။
” ရခိုင် ရာဇဝင်သစ် ” ကျမ်း ကို စာအုပ်ဆိုင်တွေမှာ ရှာဝယ်ရင် ရပါတယ် ။

အစိုးရရဲ့ ပြဌာန်းစာအုပ် Propaganda မှာတင် လမ်းမဆုံးဘဲ ၊
စာ ဖတ်သင့်ပါတယ် ။

—https://en.wikipedia.org/wiki/Rakhine_Razawin_Thit—

၄ ။

နောက် တစ်ခု ၊ အင်္ဂလိပ်တွေက ၊ ရခိုင်မြေထဲမှာ အလုပ်လုပ်ကြဖို့ ၊
ဘင်္ဂါလီတွေ ခေါ်သွင်းလာတယ်လို့ တစ်ချို့က ပြောကြတယ် ။

အဲ့ဒါကို ခိုးဝင်တယ် or တရားမဝင် ဝင်ရောက်တယ်လို့ ပြောလို့ မရပါဘူး ။
ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီအချိန်က မြန်မာပြည် နှင့် ရခိုင်ပြည်ဟာ ၊
အိန္ဒိယနိုင်ငံရဲ့ ပြည်နယ် အဆင့်ဘဲရှိတာမို့ ၊
နိုင်ငံ တစ်နိုင်ငံရဲ့အောက်က ပြည်နယ် တစ်ခုနှင့် တစ်ခု ကူးလူးသွားလာတာ ၊
ဘယ် ဥပဒေကြောင်းအရဘဲကြည့်ကြည့် တရားဝင် Legal ဖြစ်ပါတယ် ။
အဲ့ဒါဟာ ခိုးဝင်တာ or တရားမဝင် ဝင်ရောက်တာ မဟုတ်ပါ ။

ပြီးတော့ ၊ အဲ့ဒီ အဖြစ်အပျက်တွေဟာ ၊
အင်္ဂလိပ် မြန်မာ ပထမ စစ်ပွဲ ( ၁၈၂၅ ) ပြီးလို့ ၊
အင်္ဂလိပ် က ရခိုင် နှင့် တနင်္သာရီကို စ အုပ်ချုပ်ချိန်မှာ ဖြစ်ခဲ့တာပါ ။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ဝ လောက်မှာ ဖြစ်ခဲ့တဲ့ ကိစ္စကို ၊
အခုကျမှ ထပြီး အပြစ်တင် လက်ညှိးထိုး ပြောင်းပြန်လှန်လို့ မရပါဘူး ။

၅ ။

နောက်ဆုံး ပြောချင်တာ တစ်ခုကတော့ ၊
ဒီ ဘင်္ဂါလီတွေက မြန်မာနိုင်ငံထဲမှာ မွေးဖွားခဲ့တာဆိုရင် ။
ဒီ မြန်မာ့ ရေမြေကို သူတို့ ( ဘင်္ဂါလီတွေ ) လဲ အတူတကွ ပိုင်ကြတာဘဲလေ ။

ဒီ မြန်မာနိုင်ငံကို ၊ မြန်မာနိုင်ငံထဲမှာ မွေးသမျှလူတွေ ညီတူ မျှတူ ပိုင်ကြတယ် ။
မြန်မာ ဘင်္ဂါလီ ကချင် ရခိုင် မွန် ၊ ဘယ်လူမျိုးကမှ သီးသန့် မပိုင်ဘူး ။

လူ စိတ် ရှိကြပါ ၊ စိတ်ကောင်း မွေးကြပါ လို့ဘဲ ပြောချင်ပါတယ် ။

10 comments

  • ကထူးဆန်း

    April 12, 2018 at 1:14 pm

    ဒဲ့ဘဲ ပြောရရင် ခိုးဝင်နေပြီး ကိုယ်တိုင်ကော မိဘကော ဒီမြေမှာမွေး ဒီမြေမှာကြီး တာ နဲ့ နိုင်ငံသားဖြစ်ခွင့်ပေးတာတွေ တကမာ္ဘလုံး မှာ ဘယ်နှစ်နိုင်ငံရှိလဲ သိချင်သား …
    စစ်ပြေး ဒုက္ခသည်စခန်းမှာ မွေး ကြီးပြင်းလာသူတွေ နိုင်ငံသားဖြစ်ခွင့် ရပါသလားသိချင်ပါတယ်။

    မြန်မာပြည် မှာ ဒုက္ခသည်စခန်းမရှိခဲ့တာ လာတ်စား ခြစား ဝင်ချင်တိုင်းဝင်ခွင့်ပေးခဲ့တာ သံဆူးကြိုးကာ စခန်းထဲ မထားနိုင် လွတ်လပ်စွာနေထိုင်ခွင့်ပေးခဲ့တာတွေ( ပြည်နယ်ကေ ျာ်ခွင့်တော့မပေးခဲ့တာ ) ဟာ အခုတော့ အပြစ်ပေါ့ ….

    ဖြစ်စဉ်အက ျဥင်္းချုပ်က တော့ ပေါ့ ပေါ့နေ ပေါ့ပေါ့စားခဲ့လို့ အပ်နဲ့ ထွင်းရမှာ ပုဆိန် နဲ့ အပေါက်ခံနေရတာ…..

    အရင်ကသာ လာတ်မစား သဘောမကောင်းခဲ့ ဝင်လာသမျှ သံဆူးကြိုးကာ စခန်းထဲ ထားခဲ့ ရင် ဒီလိုဖြစ်မလား ….

  • Foreign Resident

    April 13, 2018 at 8:02 am

    က ထူးဆန်းရေ ။
    တရားမဝင် ခိုးဝင်တာကို ဘယ်သူကမှ လက်မခံပါဘူး ။
    အဓိက ကတော့ တရားမဝင် ခိုးဝင်တယ် ဆိုတာကို ပြနိုင်ဘို့ လိုပါတယ် ။

    ၁ ။
    ခိုးဝင်တဲ့ ဘင်္ဂါလီ ဆိုတာ မရှိပါဘူးလို့ ၊
    နိုင်ငံရဲ့ အကြီးဆုံး နိုင်ငံတော် သမ္မတကရော ၊
    Immigration မှာ တာဝန် အရှိဆုံး လူဝင်မှု ဝန်ကြီးကပါ ၊
    တရားဝင် ပြောပြီး ကြေငြာပြီးသား ။

    ဒီ ဘူးသီးတောင် မေါင်းတော ဒေသမှာ ဘင်္ဂါလီတွေဟာ ၊
    သူတို့ရဲ့ ဘိုးဘွားတွေက အစ ဒီမှာမွေး ဒီမှာသေခဲ့ကြတယ် ။
    ပြောရမယ်ဆိုရင် ဘူးသီးတောင် မေါင်းတော ဒေသဟာ ၊
    ဘင်္ဂါလီတွေရဲ့ ဘိုးဘွားပိုင်မြေလို့တောင် မှတ်ယူလို့ရတယ် ။

    ပြောရမယ်ဆိုရင် လူဝင်မှု နိုင်ငံသား ဖြစ်မှု ကိစ္စတွေ နှင့် ၊
    ပါတ်သက်ပြီး တရားဝင် ထုတ်ဖေါ် ပြောကြားသူတွေထဲမှာ ၊
    နိုင်ငံတော် သမ္မတ နှင့် လူဝင်မှု ဝန်ကြီး တို့ဟာ ၊
    ရာထူးကလည်း အကြီးဆုံး ၊ တာဝန်ကလည်း အရှိဆုံး သူတွေပါ ၊
    ကျနော်တို့က သူတို့စကား မယုံလို့ ဘယ်သူ့စကား ယုံရမတုံး ။

    နောက်ပြီးတော့ ကျနော်က အစိုးရ ပြန်တမ်းဝင် အရာရှိ လုပ်လာတာ ၊
    အမိန့်စာတို့ ကြော်ငြာချက်တို့ ဖြေကြားချက်တို့ရဲ့ သဘောက ၊
    နောက်ထပ် ကြော်ငြာချက် ဖြေကြားချက် အသစ် မထွက်မခြင်း ၊
    ရှေ့ဟာက အတည် / တည်မြဲဘဲ ။
    ဆိုတော့ကာ အရင် သမ္မတ နှင့် လူဝင်မှု ဝန်ကြီးရဲ့ ဖြေကြားချက်ကို ၊
    နောက် သမ္မတ နှင့် လူဝင်မှု ဝန်ကြီး က ငြင်းချက် မထုတ်မချင်း ၊
    အရင် သမ္မတ နှင့် လူဝင်မှု ဝန်ကြီးရဲ့ ဖြေကြားချက်က အတည်ဘဲ ။

    ဆိုလိုတာက ” ခိုးဝင်တဲ့ ဘင်္ဂါလီ ဆိုတာ မရှိပါဘူးလို့ ” ၊
    နောက်တက်တဲ့ ဒေါ်စု အစိုးရကလည်း အခုထိ လက်ခံထားရတယ် ။
    အဲ့ဒီစကားဟာ အခုထက်ထိ အစိုးရရဲ့ သဘောထား အတည်ဘဲ ။

    —https://www.youtube.com/watch?v=o0iOMjItvqE—

  • Foreign Resident

    April 13, 2018 at 8:03 am

    ၂ ။

    ခိုးဝင်တယ် or တရားမဝင် ဝင်ရောက်လာတာ ရှိခဲ့ရင် ၊
    ( ရှိမယ်လို့တော့ မထင်ပါဘူး ၊ ထားပါ ရှိခဲ့ရင်ပေါ့ )
    အဲ့ဒီ ခိုး ဝင် or တရားမဝင် ဝင် ကို မိအောင်ဖမ်းဖို့က ၊
    တရား ဥပဒေ စိုးမိုးရေး တာဝန်ယူထားတဲ့ အစိုးရရဲ့ အလုပ် ။

    Even ခိုးဝင် or တရားမဝင် ဝင်ရောက် လာနိုင်ရင်တောင်မှ ၊
    လဝက ရဲ့ လူဝင်မှု စာရင်းမှာ ဝင်လို့ မရပါဘူး ။

    အဲ့ဒီလို လဝက ရဲ့ လူဝင်မှု စာရင်းမှာ မပါဝင်တဲ့ သူတွေကို ၊
    ကျနော်တို့ကလည်း လက်မခံပါဘူး ။
    ဒီ စာရင်း မဝင်တဲ့ သူတွေကို နိုင်ငံသား ပေးစရာ မလိုပါဘူး ။

    အစိုးရရဲ့ တရားဝင် စာရင်းတွေအရကို ၊
    ခိုးဝင် မဟုတ်တဲ့ ၊ တရားဝင် စာရင်းဝင် နေထိုင်နေတဲ့ ၊
    ဘင်္ဂါလီ အရေအတွက်ဟာ ၉ သိန်း ရှိတယ် ဆိုတာပါဘဲ ။

    ကျနော်တို့ ထောက်ခံ တောင်းဆိုနေတာကလည်း ၊
    ဒီတိုင်းပြည်ထဲ ၊ တစ်မြေထဲမှာဘဲ ကျနော်တို့ နှင့် အတူတူ မွေးဖွားခဲ့တဲ့ ၊
    တစ်မြေထဲနေ တစ်ရေထဲသောက် ၊
    တရားဝင် စာရင်းဝင် ရိုဟင်ဂျာ သွေးချင်း ၉ သိန်း ကိုဘဲ ၊
    တရားမျှတစွာ ၊ နိုင်ငံသား ပေးသင့်တယ်လို့ ပြောနေတာပါ ။

  • Foreign Resident

    April 13, 2018 at 8:04 am

    ၃ ။

    နောက် တစ်ချက်က ၊
    ဘင်္ဂါလီတွေဟာ ရခိုင်ဒေသကို ၊ ဗမာ ဘိုးတော်ဘုရားက မသိမ်းခင် ၊
    ရှေးရခိုင်မင်းတွေ လက်ထက်ကတည်းက မေယု ဒေသမှာ နေနေခဲ့တာပါ ။

    ရှေးရခိုင် ဘုန်းတော်ကြီးတွေ ရေးသား ပြုစုတဲ့ ၊
    ရခိုင် ရာဇဝင်ကျမ်းတွေထဲမှာပါ ဒီအကြောင်းတွေ ပါပါတယ် ။
    ဒီလို မွတ်ဆလင်တွေနှင့် အတူနေထိုင်ကြရတာဖြစ်လို့ ရှေးရခိုင် ဘုရင်တွေဟာ ၊
    ဘုရင့်ဘွဲ့ / နာမည်မှာ Abdulla တို့ Khan တို့ Shah တို့ ထည့်ကြပါတယ် ။

    ဥပမာ ။ ။ ရခိုင်ပြည် မြောက်ဦးခေတ် တစ်ခေတ်ကို တည်ထောင်ခဲတဲ့ ၊
    ရခိုင် ဘုရင် မင်းစောမွန် ရဲ့ မွတ်ဆလင် ဘွဲ့က Suleiman Shah ပါ ။

    ရခိုင် ရာဇဝင်ကျမ်းတွေထဲက နာမည် အကြီးဆုံး ဖြစ်တဲ့ ၊
    ရှေးရခိုင် ဘုန်းတော်ကြီး စန္ဒ မာလာ လင်္ကာရ ရေးသား ပြုစုတဲ့ ၊
    ” ရခိုင် ရာဇဝင်သစ် ” ကျမ်းထဲမှာ ဒီ အကြောင်းတွေ ပါပါတယ် ။
    ” ရခိုင် ရာဇဝင်သစ် ” ကျမ်း ကို စာအုပ်ဆိုင်တွေမှာ ရှာဝယ်ရင် ရပါတယ် ။

    အစိုးရရဲ့ ပြဌာန်းစာအုပ် Propaganda မှာတင် လမ်းမဆုံးဘဲ ၊
    စာ ဖတ်သင့်ပါတယ် ။

    —https://en.wikipedia.org/wiki/Rakhine_Razawin_Thit—

  • Foreign Resident

    April 13, 2018 at 8:04 am

    ၄ ။

    နောက် တစ်ခု ၊ အင်္ဂလိပ်တွေက ၊ ရခိုင်မြေထဲမှာ အလုပ်လုပ်ကြဖို့ ၊
    ဘင်္ဂါလီတွေ ခေါ်သွင်းလာတယ်လို့ တစ်ချို့က ပြောကြတယ် ။

    အဲ့ဒါကို ခိုးဝင်တယ် or တရားမဝင် ဝင်ရောက်တယ်လို့ ပြောလို့ မရပါဘူး ။
    ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီအချိန်က မြန်မာပြည် နှင့် ရခိုင်ပြည်ဟာ ၊
    အိန္ဒိယနိုင်ငံရဲ့ ပြည်နယ် အဆင့်ဘဲရှိတာမို့ ၊
    နိုင်ငံ တစ်နိုင်ငံရဲ့အောက်က ပြည်နယ် တစ်ခုနှင့် တစ်ခု ကူးလူးသွားလာတာ ၊
    ဘယ် ဥပဒေကြောင်းအရဘဲကြည့်ကြည့် တရားဝင် Legal ဖြစ်ပါတယ် ။
    အဲ့ဒါဟာ ခိုးဝင်တာ or တရားမဝင် ဝင်ရောက်တာ မဟုတ်ပါ ။

    ပြီးတော့ ၊ အဲ့ဒီ အဖြစ်အပျက်တွေဟာ ၊
    အင်္ဂလိပ် မြန်မာ ပထမ စစ်ပွဲ ( ၁၈၂၅ ) ပြီးလို့ ၊
    အင်္ဂလိပ် က ရခိုင် နှင့် တနင်္သာရီကို စ အုပ်ချုပ်ချိန်မှာ ဖြစ်ခဲ့တာပါ ။
    လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ဝ လောက်မှာ ဖြစ်ခဲ့တဲ့ ကိစ္စကို ၊
    အခုကျမှ ထပြီး အပြစ်တင် လက်ညှိးထိုး ပြောင်းပြန်လှန်လို့ မရပါဘူး ။

  • Foreign Resident

    April 13, 2018 at 8:05 am

    ၅ ။

    နောက်ဆုံး ပြောချင်တာ တစ်ခုကတော့ ၊
    ဒီ ဘင်္ဂါလီတွေက မြန်မာနိုင်ငံထဲမှာ မွေးဖွားခဲ့တာဆိုရင် ။
    ဒီ မြန်မာ့ ရေမြေကို သူတို့ ( ဘင်္ဂါလီတွေ ) လဲ အတူတကွ ပိုင်ကြတာဘဲလေ ။

    ဒီ မြန်မာနိုင်ငံကို ၊ မြန်မာနိုင်ငံထဲမှာ မွေးသမျှလူတွေ ညီတူ မျှတူ ပိုင်ကြတယ် ။
    မြန်မာ ဘင်္ဂါလီ ကချင် ရခိုင် မွန် ၊ ဘယ်လူမျိုးကမှ သီးသန့် မပိုင်ဘူး ။

    လူ စိတ် ရှိကြပါ ၊ စိတ်ကောင်း မွေးကြပါ လို့ဘဲ ပြောချင်ပါတယ် ။

  • ဇီဇီ

    April 20, 2018 at 8:56 am

    ဪ။
    ရွာဂျီး ခြောက်ကပ်နေတာ ဘယ်လောက်သိသာတုန်းဆို
    ဘဖော ပို့(စ) မှာ ဝင်ဆဲသူမရှိဖု။
    အဟိ။
    လူနည်းတုန်း ကျော်လည်း ပြောချင်တာလေး ပို့(စ) တင် ဝင်ပြောအူးမှပါ။

    ဒီ ကိစ္စ ကြီးက အတွင်းလှိုက်နာကြီးပါ ဗျာ။
    ဘာပြောရမှန်းကို မသိ။
    ရဲစခန်း ဝင်စီးတဲ့ လူတွေကရော ဒီ နယ်မြေမှာ မွေးတာ သေချာတဲ့ ဟာဒေတဲ့လားး

    🙄

  • manawphyulay

    August 14, 2018 at 10:53 am

    ဘယ်အချိန်တွေထဲက ဝင်နေပြီး ဒီမြေပေါ်မှာ မျိုးဆက်တွေပွားနေတာလည်းဆိုတာကော ပြန်စစ်ဆေးဖို့ မလိုပေဘူးလား အဘဖောရယ်… မနော မသိလို့မေးကြည့်တာနော်…

Leave a Reply