မနက်စာလေး

Mon LayApril 27, 20181min45392

ဒီတစ်ခါကတော့ မွန်လေးကို Hotel Grand United Ahlone ကဖိတ်ခေါ်မှုနဲ့ မနက်စာသွားစားဖြစ်ခဲ့ပါတယ်။

#နေရာ

ဟိုတယ်လေးကတော့ အလုံမြို ့နယ်၊ဗဟိုအမျိုးသမီးဆေးရုံရှေ ့တည့်တည့်မှာရှိတာပါ။ သွားရလာရတာတော့ တော်တော်လေးလွယ်ကူပါတယ်။

#အခင်းအကျင်း

2nd floor မှာ မနက်စာကိုသပ်သပ်ရပ်ရပ်နဲ့ အသေအချာလေးခင်းကျင်းထားတာကိုတွေ့ရတော့ဗိုက်ကမရတော့ဘူးလေ…မြင်တာနဲ့စားချင်သွား

တာပေ့ါ။ပြီးတော့ စားတဲ့နေရာကလည်း ကျယ်ကျယ်ဝန်းဝန်းရှိတော့ တစ်ယောက်နဲ့တစ်ယောက် တိုက်စရာလည်းမလိုတော့ဘူးလေ။အစာစားနေရင်း

နဲ့ကိုမပျင်းရလေအောင် ဘက်စုံထောင့်စုံမှာ TVတွေထားပေးထားတော့ မိုက်တာပေါ့။

#အစားအစာ

ကျွေးတဲ့အစားအစာကလည်း International Buffet ဖြစ်တဲ့အပြင် မြန်မာအစားအစာအနေနဲ့မုန့်ဟင်းခါး၊ပေါက်စီ၊ကောက်ညှုင်းပေါင်းနဲ့ ခေါက်ဆွဲ

ပြုတ်၊ကြာဇံပြုတ် တို့ကိုအသားမျိုးစုံနဲ့လည်းစားလို့ရလို့အရမ်းကိုအဆင်ပြေတဲ့မနက်စာလေးပါ။ စားသောက်ဆိုင်နာမည်လေးကလည်း Carpe Diem Restaurantတဲ့။ In house guestတွေကတော့ complimentary ပါ။ အပြင်ကနေလာစားကြမယ့်သူများအတွက်ကတော့ တစ်ယောက်ကို  15$ပါ။ မြန်မာငွေပေးလည်းရပါတယ်။ သူတို့ဟိုတယ်ပေါက်ဈေးနဲ့ပေါ့နော်။

ကဲ တစ်ခါလောက်ဟိုတယ်မှာ စားဖူးတယ်ရှိအောင် သွားစားကြည့်ပါလို့…အရမ်းကောင်းတဲ့ဖီလင်ကိုရလာပါလိမ့်လို့။

2 comments

  • kai

    May 8, 2018 at 12:34 pm

    မနက်စာငါး.. များရှိမလားလို့.. လေး ဆိုတော့..။ :k:

  • Shar Thet Man

    May 14, 2018 at 10:23 am

    ဟဟ ရှိဘူး

Leave a Reply