Happy Myanmar New Year 1380

kaiApril 14, 20181min2683

ဧပြီလ၁၅ရက် ကဆုန်လဆန်းတရက်နေ့ကစတဲ့…
တထောင့်သုံးရာ့ရှစ်ဆယ် မြန်မာနှစ်သစ်ဝယ်… မြန်မာ့ဂဇက်စာဖတ်သူအပေါင်း၊ မိတ်ဆွေတသောင်း ရွှင်လန်းချမ်းမြေ့ကြစေကြောင်း ဆုမွန်မေတ္တာပို့သပါ၏။

ပြက္ခဒိန်မှာတော့.. ဧပြီ၁၇။ ကဆုန်လဆန်း ၃ရက်နေ့က နှစ်ဆန်းတရက်နေ့တဲ့..။
(ထုံးစံအတိုင်း)မတိမကျ ကောက်တွက်ထားကြတဲ့ မြန်မာပြက္ခဒိန်နဲ့ ဟိန္ဒူတွေရဲ့ ဝေဒကတွက်တဲ့မဟာသင်္ကြန်ရက်နဲ့ ထိပ်တိုက်တွေ့တာလား..
ကမ္ဘာမြေကမော့ကြည့်ပြီး နက္ခတ်အပြောင်းအရွေ့ကိုယူတဲ့ ဝေဒနက္ခတ်ပညာနဲ့ သိပ္ပံနည်းပညာအရ မှန်ပြောင်းနဲ့ကြည့်ချတွက်တဲ့ နာဆာပညာနဲ့ ပဋိပက္ခဖြစ်တာလား..
မြန်မာ့အုပ်ချုပ်သူအာဏာရှင်တွေကပဲ.. ဖြစ်ချင်တာဖြစ်.. လုပ်ချင်တာလုပ်မဟေ့ဆိုပြီး.. ခရစ်သက္ကရာဇ်အတည်ယူလို့.. ဧပြီ၁ရမှာ… နှစ်ဆန်းတရက်စေသတည်းလုပ်ထားတာလား..။
ပုဂံခေတ်ကစတဲ့ ဟိန္ဒူယဉ်ကျေးမှုသင်္ကြန်.. ကာလရွေ့လျောလို့.. မြန်မာမှုအပြုလွန်ပြီး.. ဖြစ်ချင်တာဖြစ်လို့..လုပ်ချင်တာလုပ်ကြတာလား..။

ဖြစ်ချင်တာဖြစ်ကြစေ…
အဲဒီရက်ကနေစပြီး..မြန်မာတွေ.. မဖြစ်ချင်တာတွေ.. မဖြစ်စေတည်းလို့လည်း..ဆုတောင်းကို..ထပ်ဖြည့်ပေးလိုက်ပါတယ်..။

ကျန်းမာလို့ ချမ်းသာကာ လန်းဖြာခြင်းမှာ.. စွမ်းလို့သာပါစေ..။ 

3 comments

  • Thint Aye Yeik

    April 18, 2018 at 10:34 am

    သူကြီးမင်းလည်း
    မြန်မာပြည်နဲ့ ပတ်သက်ပြီး ဖြစ်စေချင်တာတွေ ဖြစ်လာတာ မြင်ပါစေကြောင်းနဲ့…
    မဖြစ်ချင်တာတွေ မဖြစ်တာ မြင်ပါစေကြောင်း ။ ။
    :k:

  • Shar Thet Man

    April 18, 2018 at 10:52 am

    ဟုတ်ကဲ့ပါ

  • ဇီဇီ

    April 20, 2018 at 8:49 am

    အမျိုးသမီးပုံက
    နောက်က ကြည့်တော့
    မေစု လိုလို၊
    မီရှဲယို လိုလို
    ခင်သန်းနု ငယ်စဉ်က ပုံ လိုလို

    :mrgreen:

Leave a Reply