#နွေ . .

နွေဟာ တစ်ကိုယ်တော်အစွမ်းနဲ့ခတ်တင်းတင်းခေါင်းမော့နေချိန်မှာ
ဖြုတ် ကနဲကြွေသွားတဲ့ရွက်ဝါတစ်တခုကတိုးတိုးလေးပြောသွားတယ် . .
” နောက်တစ်နွေအမီ ငါပြန်လာဦးမယ် . . တဲ့ ”

မပွင့်တပွင့်ပြုံးနေတဲ့နွေရဲ့မျက်နှာမှာ
ဂုဏ်ယူခြင်းတွေ ကျေနပ်ခြင်းတွေပြည့်နေချိန် …
အားတင်းထိုးထွက်လာတဲ့ ငုဝါပန်းတွေကတော့
” မိုး မလာနဲ့ဦးးးး ငါတို့ပွင့်ဦးမယ်ဆိုပဲ . . ”

ရဲရဲတောက်နေတဲ့ သတိ္တခဲနွေရဲ့အရှိန်အဝါအောက်မှာ
လမ်းပျောက်နေတဲ့ ပိတောက်တွေကတော့
ရှက်ရွံ့နေတဲ့ ပွင့်လွှာတွေကိုထိန်းသိမ်းလို့ . . .
အတာသင်္ကြန်မိုးကို
တိတ်တခိုးမျှော်လင့်နေလေရဲ့ . . . ။

ဈန်

 

 

About ေမာင္ရိုး

surmi has written 113 post in this Website..