နွေ

ေမာင္ရိုးApril 15, 20181min3803

#နွေ . .

နွေဟာ တစ်ကိုယ်တော်အစွမ်းနဲ့ခတ်တင်းတင်းခေါင်းမော့နေချိန်မှာ
ဖြုတ် ကနဲကြွေသွားတဲ့ရွက်ဝါတစ်တခုကတိုးတိုးလေးပြောသွားတယ် . .
” နောက်တစ်နွေအမီ ငါပြန်လာဦးမယ် . . တဲ့ ”

မပွင့်တပွင့်ပြုံးနေတဲ့နွေရဲ့မျက်နှာမှာ
ဂုဏ်ယူခြင်းတွေ ကျေနပ်ခြင်းတွေပြည့်နေချိန် …
အားတင်းထိုးထွက်လာတဲ့ ငုဝါပန်းတွေကတော့
” မိုး မလာနဲ့ဦးးးး ငါတို့ပွင့်ဦးမယ်ဆိုပဲ . . ”

ရဲရဲတောက်နေတဲ့ သတိ္တခဲနွေရဲ့အရှိန်အဝါအောက်မှာ
လမ်းပျောက်နေတဲ့ ပိတောက်တွေကတော့
ရှက်ရွံ့နေတဲ့ ပွင့်လွှာတွေကိုထိန်းသိမ်းလို့ . . .
အတာသင်္ကြန်မိုးကို
တိတ်တခိုးမျှော်လင့်နေလေရဲ့ . . . ။

ဈန်

 

 

3 comments

  • Thint Aye Yeik

    April 18, 2018 at 10:06 am

    ဟိုက်ရှားဘားးးးးးးးးးးးးးးးး
    :k:

  • ဇီဇီ

    April 20, 2018 at 8:48 am

    လတွေလည်း ကပြောင်းကပြန်တွေ ဖြစ်
    ရာသီတွေလည်း ဖောက်ပြန်တာနဲ့ အပင်တွေလည်း သနားစရာ ရူးတော့မယ်ထင်တယ်။
    (ဟယ် မန့်က ကဗျာမဆန် ကြမ်းတမ်းထာ)
    :mrgreen:

Leave a Reply