” ငြိမ်းချမ်းခြင်း “

” ငြိမ်းချမ်းခြင်း”

မရှာတော့
မတွေ့
မကြည့်တော့
မမြင်
နားမထောင်တော့
မကြား

ဒီ ၃ ပါးနဲ့လွတ်ကင်း
ဘာမှမသိခြင်းကလဲ
ငြိမ်းချမ်းခြင်းပေါ့။

ကိုပေါက်လက်ဆောင်အတွေးစဉ်
၁၅၄၁၈

3 comments

  • Thint Aye Yeik

    April 18, 2018 at 10:18 am

    နားကန်းသွားတဲ့သူ… အမြင်အာရုံ ပျက်စီးသွားတဲ့သူတွေဟာ ကာမဂုဏ် အာရုံခံစားမှုတွေ
    လျော့သွားသလိုမို့… အဲ့ကာမဂုဏ် အာရုံ ခံစားမှုတွေကို တပ်မက်ရာကနေ ဖြစ်တဲ့ အကုသိုလ်စိတ် နည်းသွားတာပေါ့…
    ဆိုပြီး…
    ဗုဒ္ဓဘာသာတချို့က ဖြေတွေးတွေးတတ်ကြတာလေးတောင် ပြေး သတိရ။
    😆

    ဘာမှ မသိတာက ငြိမ်းချမ်းခြင်း တစ်မျိုးလား..
    အရာရာကို သိပြီးမှ ငြိမ်းချမ်းခြင်း အစစ်အမှန်က ဘယ်ဟာဆိုတာ ခွဲခြားပြီး တကယ်သိတာမျိုးလား…
    အမှန်တရား မျိုးစုံ ရှိနေပြီ ဖြစ်တဲ့ လက်ရှိ ပိုစ့်မော်ဒန်လွန်ခေတ်ကြီးထဲမှာ….
    ဘယ်ဟာ အမှန်လဲ ဝေခွဲမရ…
    နှစ်ခုလုံး အမှန်တွေ ဖြစ်နေနိုင်တာပဲလေ…
    😆

  • Shar Thet Man

    April 18, 2018 at 10:46 am

    မှန်တယ်

  • aye.kk

    May 15, 2018 at 3:50 pm

    နားကကြားလည်းမကြားသကဲ့သို ့
    မျက်စိမြင်နေရလည်းအကန်းကဲ့သို ့
    ထို ့အတူဒွါရ(၆)ပေါက်လုံးအလားတူပိတ်နိုင်ပါက။
    ငြိမ်းချမ်းပါ၏။

Leave a Reply