Reflection

Mon LayApril 23, 20181min31010

ခရီးတွေသွားပြီး review တွေပြန်ရေးတယ် ခုတစ်ခါ အရမ်းကိုကြိုက်ခဲ့ရတဲ့ရုံတင်ကားတစ်ကားအကြောင်းကိုလည်းreview ရေးချင်ပါတယ်။ ဘာလို့

ဆိုခါတိုင်းပြနေတဲ့ ချစ်ကြိုက်ကွဲညား မဟုတ်ဘဲ ကွဲထွက်သွားတဲ့အပြင် နာမည်ကြီး မင်းသမီးကြီးတွေနဲ့ မင်းသမီးငယ်တွေပါ ဖက်ရှင်ဒီဇိုင်းကျကျ

လှလှပပဝတ်ပြီး Fighting Action ပီပီသရုပ်ဆောင်ထားကြလို့ပဲဖြစ်ပါတယ်။ ဒီလိုဆိုမွန်လေးသိပ်ကြိုက်တယ်လေ။ ကိုယ်ကြိုက်တဲ့မင်းသမီးလည်းပါတယ်။ ဖက်ရှင်ဒီဇိုင်းတွေလည်းလန်ပြန်ထွက်ဆိုတော့…အိုးအို။

ဇာတ်လမ်းအကျဉ်းလေးပြောပြမယ်နော်။

မခိုင်ကြီးက မေနက္ခတ်တဲ့။ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးပေါ့။ ဘယ်လောက်ထိ ချမ်းသာလဲဆို ရင် ကိုယ်ပိုင်လေယာဉ်တွေ တောင် ပိုင်ဆိုင်တဲ့အထိချမ်းသာ တာပါ။ နောက်ပြီးသူက မိဘမဲ့ ကျောင်းတွေလိုမျိုး လိုအပ်တဲ့နေ ရာတွေမှာလည်း အရမ်းကိုလှူပါ တယ်။ သူ့မှာ ထူးခြားနေတဲ့ အ ရာတစ်ခုကတော့ သူကမိန်းက လေးချင်း စိတ်ဝင်စားတဲ့သူတစ် ယောက်ပါ။ အဲဒါကြောင့် သူ့ဘေး နားမှာ ဖက်ရှင်ကျကျနဲ့ ချောချော လှလှ ကောင်မလေးတစ်ယောက် ပါ ပါတယ်။ အဲဒါမကစ်ပေါ့။ ကိုကိုးတဲ့။ ကိုကိုးက မေနက္ခတ်ရဲ့အယုံကြည်ရဆုံးသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

မအူဝဲကတော့ မေနိုင်းတဲ့။ ကာရာအိုကေပိုင်ရှင်ပါ။

စူးရှနိုင်ကတော့ အရိပ်ပါ။ အရိပ်က မေနက္ခတ်ကို သတ်ဖို့နောက် ကနေ တကောက်ကောက် လိုက် နေတာပါ။ မေနိုင်းရောပဲပေါ့။

မေနက္ခတ်ကို မေနိုင်းနဲ့ အရိပ် က ဘာကြောင့် သတ်ချင်နေတာ လဲ။ ????

ဒါရိုက်တာလူမင်းတဲ့။ ရိုက်ချက်တွေကလည်းအရမ်းလန်းတယ်။ ဒါပေမဲ့မကောင်းတာတစ်ခုက မျက်နှာတွေကိုအနီးကပ်ရိုက်တော့ ငယ်သေးတဲ့လူ

ဆိုလှနေတာပေါ့။ အသက်ကြီးနေပြီဖြစ်တဲ့မခိုင်ကြီးနဲ့ မအူဝဲကတော့ အိုစာတာအရမ်းသိသာတယ်။ 😛

ပြီးတော့ ရယ်ရတဲ့အခန်းကပါသေးတယ်။ ဧည့်သည်သရုပ်ဆောင်အနေနဲ့ လူမင်းနဲ့ပြေတီဦးကလည်းပါသေး။ လူမင်းက ကုန်တင်ကားမောင်းတဲ့သူ။

ပြေတီဦးက လေလံတင်ပွဲမှာ မခိုင်ကြီးကလူဖြစ်နေရော။

ကျန်တာတော့ ပိတ်ကားပေါ်မှာပဲဆက်ကြည့်တော့နော်။