အရှေ့တောင်အာရှတွင် အွန်လိုင်း စီးပွားရေး အင်ပါယာ ချဲ့ထွင်သည့် ခြေလှမ်းသစ်အဖြစ် Alibabaက Darazကို ဝယ်ယူလိုက်တယ်လို့ ဆောင်းပါး

ကိုဖတ်လိုက်ရတော့  ဒီ Alibaba တော့ ချမ်းသာပြီးရင်း ချမ်းသာနေတော့တာပဲလို့ တော်တော်လေးအားကျစိတ်ဖြစ်မိပါတယ်။

ဘယ်လောက်တောင်ချမ်းသာနေပြီလဲမပြောပြခင် Alibaba ဆိုတာဘာလဲ ပြန်ရှယ်ပေးချင်ပါတယ်။

Alibaba

Alibaba Group Holding Limited ဆိုတာ တရုတ်ကုမ္ပဏီပါ။ Mr. Jack Ma ဆိုတဲ့သူက 1999 ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ သူကအွန်လိုင်း

ကိုအဓိကထားပြီးစီးပွားရေးလုပ်တဲ့ကုမ္ပဏီပါ။ အဓိကကတော့ E-commerce, အွန်လိုင်းမှာလေလံတင်တာတို့၊ အွန်လိုင်းကနေငွေလွှဲတာတို့နဲ့ အွန်လိုင်းရှော့ပင်တို့လုပ်တာပါ။

ခုနောက်ပိုင်း ၂၁ရာစုရောက်လာတဲ့အချိန်မှာတော့ အနောက်နိုင်ငံတွေသာမက မွန်လေးတို့နိုင်ငံမှာပါ (မွန်လေးလည်းအွန်လိုင်းရှော့ပင်လုပ်ပါတယ်။)

အွန်လိုင်းရှော့တွေခေတ်စားလာတော့ သူ့လို Alibaba ကတော့ချမ်းသာပြီးရင်းချမ်းသာလာတော့တာပေါ့။ ဟိုးအစကဆို Microsoft ကိုတည်ထောင်

သူ Bill Gates ကကမ္ဘာ့အချမ်းသာဆုံးလူပါ။ ဒါပေမဲ့ 2017ခုနှစ်မှာတော့ Bill Gates ကိုကျော်လာတဲ့သူရှိလာပါပြီ။ သူကလည်း အွန်လိုင်းရှော့လုပ်တဲ့

Amazon တည်ထောင်တဲ့သူ Jeff Bezos ပါ။

နောင်ဆို ဒီ Alibaba လည်းကျော်တက်လာနိုင်တယ်လို့မြင်နေရပါတယ်။ ခုဆို Darazကို ပမာဏ အတိအကျ မဖော်ပြတဲ့ ဈေးနှုန်း တစ်ရပ်နဲ့ ဝယ်ယူလိုက်ကြောင်း သိရပါတယ်။

Daraz

Daraz ဆိုတာကတော့ ဖေ့ဘွတ်သုံးတဲ့သူ၊ အထူးသဖြင့် အွန်လိုင်းရှော့ကိုစိတ်ဝင်စားဝယ်ကြတဲ့သူတွေတော့သိမှာပါ။ Shop.com.mmပါ။

Darazက ပါကစ္စတန် အွန်လိုင်း စီးပွားရေး လုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင်နေသလို ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ သီရိလင်္ကာနဲ့ နီပေါစတဲ့ အရှေ့တောင်အာရှနဲ့ အာရှတောင်ပိုင်း နိုင်ငံများမှာလည်း ဌာနခွဲများ ဖြန့်ကျက်ခဲ့ဖူးပါတယ်။ Rocket Internet အနေဖြင့် မကြာသေးမီက အရှေ့တောင်အာရှ ဈေးကွက်ကို ကျောခိုင်းရန် ဆုံးဖြတ်ခဲ့ပေမဲ့ Darazကို ဝယ်ယူမှုနဲ့အတူ Alibabaက ယင်းဈေးကွက် ဝေစုအတွက် ပြန်လည် အားထုတ်လာဖွယ်ရှိပါတယ်။

ကုမ္ပဏီ နှစ်ခုကြား Darazအတွက် အရောင်းအဝယ် ကိစ္စများ ဆွေးနွေးနေပြီဆိုတဲ့ သတင်းကို မတ်လက Bloombergက စတင် ဖော်ပြခဲ့ပါတယ်။ ယခု သဘောတူညီမှုဟာ Alibabaရဲ့  နိုင်ငံတကာ ကွန်ရက် ဖြန့်ကျက်မှု ဒုတိယလှိုင်းအတွက် အရှေ့တောင်အာရှ ဒေသဆိုင်ရာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်လည်း ဖြစ်လာနိုင်တယ်လို့သတင်းသမားတွေကကောက်ချက်ချပါတယ်တဲ့။

ဒီတော့သိပ်များမကြာမီမှာ Alibabaလည်းကမ္ဘာ့အချမ်းသာဆုံးစာရင်းထဲမှာ ၀င်လာဟန်မြင်ပါတယ်။ အကုန်ခြုံသုံးသပ်ရမယ်ဆိုရင်တော့ အွန်လိုင်းလုပ်တဲ့သူတွေချည်းချမ်းသာလာကြတာနော်။ မွန်လေးတောင်အွန်လိုင်းရှော့ကို စိတ်တွေပင်ပန်းတဲ့အထဲကမှ လုပ်လာတာခုဆို ၄ နှစ်ပြည့်

သွားခဲ့ပါပြီ။ ကိုယ်လည်းတစ်နေ့သူတို့လိုဖြစ်လာပါစေလို့မျှော်လင့်ရင်း။

Shar Thet Man

About Shar Thet Man

Shar Thet Man has written 222 post in this Website..