လေးစားမိပါသည်(အပိုင်း-၃)

aye.kkMay 17, 20181min4464

ကျွန်မလေးစားမိတဲ ့ကျွန်မရဲ ့ဓမ္မမိတ်ဆွေကို

စာစီကုံးရေးဖွဲ ့ရပါလျင်၊ရေးကုန်မည်မထင်ပါ။

ကျွန်မပင်စင်ယူပြီးနောက်ပိုင်း၊ရိပ်သာဝင်ဖြစ်ပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါဘဲ။

မရည်ရွယ်ပါဘဲ၊ရိပ်သာမှာဆုံခဲ့ကြပါတယ်။

တစ်နှစ်နီးပါးအားထုတ်တဲ့ကျွန်မနဲ ့၊(၂)နှစ်ကျော်(၃)နီးပါးကြာမြင့်အောင်

အားထုတ်ခဲ့တဲ့သူ ့ကို၊ကျွန်မထက်ပိုအားထုတ်နိုင်ခဲ့တာကို သိရပြန်တော့

ကျွန်မအနေနဲ ့က၊သူ ့အပေါ်မှာလေးစားပြီးရင်း၊လေးစားရပါတယ်။

တစ်နှစ်နီးပါးရိပ်သာမှာနေခဲ့တာမို ့၊ရာသီဥတုသုံးလီနဲ ့ညီမျှမှုရှိတဲ့အစားအသောက်

အသုံးအဆောင်တွေ၊တစ်နှစ်ပတ်လုံးလိုလို၊လှူဒါန်းနေတာတွေကိုလည်း၊

ကျွန်မကိုယ်တိုင် မြင်တွေ ့ခဲ့ရပါတယ်။

ရာသီအလိုက်၊လိုက်လျောညီထွေအောင်လှူတတ်တာကိုလည်း၊ကျွန်မအနေနဲ ့

သူ ့အပေါ်မှာလေးစားလို ့မဆုံးနိုင်ပါဘူး။

ဆောင်းဦးမှာအအေးဓါတ်ဝင်လာတာနဲ ့၊တရားအားထုတ်နေကြတဲ့၊ရဟန်း,ယောဂီ,သီလရှင်,

ဝေယျာဝစ္စအဖွဲ ့နဲ ့ကျောင်းမှာရှိတဲ့၊ရဟန်း,ယောဂီ,သံဃာအကုန်၊တစ်ကျောင်းလုံးအတွက်

အဝတ်အထည်(အနွေးထည်)၊စောင်၊သဘက်၊ခြေအိပ်အဆုံး၊လှူဒါန်းပါတယ်။

ဆွမ်းကတော့ အကြိမ်ကြိမ်ကပ်ပြီး၊အမြဲလိုလိုကုသိုလ်ယူနေတာမို ့၊သူဆွမ်းကပ်လှူတိုင်းလည်း

ကျွန်မကိုကုသိုလ်ရအောင်၊အတူတကွကပ်လှူစေခဲ့ပါတယ်။

သူနဲ  ့ကျွန်မ၊ရိပ်သာအတူတူဝင်ဖြစ်တဲ့ကာလတွေမှာ၊

အမှတ်တရဖြစ်ဆုံးက၊ကျွန်မမွေးနေ ့ပါ။ကျွန်မမွေးနေ ့မှာ၊အမှတ်တရအဖြစ်

ပရိတ်ကြီး(၁၁)သုတ်၊တရားစာအုပ်တွေကို၊သူကိုယ်တိုင်မှာပေးပြီး၊ကျောင်းကယောဂီအကုန်၊

တရားစာအုပ်အလှူ(ဓမ္မဒါန)ပြုလုပ်ပေးတာပါ။

ကျွန်မကိုဆရာတော်ကိုယ်တိုင်ကသီလရှင်ဝတ်ပေးတော့၊သူလည်းမနေနိုင်ကုသိုလ်ပါဝင်ပြန်ပါတယ်။

သူ ့အနေနဲ ့သီလရှင်ဝတ်ပေးခဲ့တာတွေလည်း အများကြီးရှိနေခဲ့တာ၊မျက်မြင်တွေ ့ခဲ့ရပြန်ပါတယ်။

သူ ရဟန်းပြုပေးခဲ့တာတွေလည်းမနည်းပါဘူး။

လူ ့ဘဝနေရတဲ့အခိုက်ကလေးမှာ၊သူက ကုသိုလ်တွေကိုသာရအောင်စုဆောင်းနေ

တာမို ့၊ကျွန်မစိတ်ထဲမှာသူ ့အပေါ်အားရကျေနပ်မိတဲ့အပြင်၊သူကကျွန်မအတွက်

လေးစားအတုယူစရာ,အားကျစရာကောင်းတဲ့သူဖြစ်နေပါတယ်။

ကျွန်မရိပ်သာကနေသူ ့ထက်အရင်စောထွက်လာတာမို ့၊ဥပုသ်နေ ့တွေလိုမျိုးမှာ

သူကကျွန်မကိုတွေ ့တဲ့အခါတိုင်း၊ထပ်မံပြီး ရိပ်သာပြန်ဝင်ဖို ့ကိုလည်း၊အမြဲလိုလို

တိုက်တွန်းနိူးဆော်ပြန်ပါတယ်။

သူနဲ ့အတူတူလည်း၊ကျွန်မကိုသာသနာပြုလိုက်လုပ်နိုင်ဖို ့တောင်းဆိုပါသေးတယ်။

သူ ့ရည်ရွယ်ချက်တွေထဲမှာ၊သူပိုင်ဆိုင်တဲ့မြေတွေပေါ်မှာနဲ ့၊ရိပ်သာတွေမှာ သာသနိက

အဆောက်အဦတွေဆောက်လုပ်လှူဒါန်းပြီး၊သာသနာပြန် ့ပွားအောင်လုပ်ကိုင်နိုင်ဖို ့ပါဘဲ။

သူရိပ်သာကပြန်ထွက်လာရင်လည်း၊သူအားရပါးရ၊စီးပွားထပ်ရှာပြီးရသမျှတွေကို

ဘာသာရေးမှာအသုံးချချင်ကြောင်း၊သူပြောပြလို ့ကျွန်မသိရပါတယ်။

သူ ့ဆန္ဒအရ တစ်ခြားရည်ရွယ်ချက်တွေလည်း ရှိမှာပါ။

သူ ့ရဲ ့အကြောင်းကိုသာ ကျွန်မရေးရမယ်ဆို၊

ရေးမကုန်နိုင်အောင်များပြားလှတာ ဖြစ်ပါတယ်။

 

 

 

 

 

 

 

 

 

 

4 comments

  • manawphyulay

    May 17, 2018 at 1:36 pm

    ရေးစရာတစ်ပုံတစ်ပင်ကို ဖတ်စရာတစ်ပုံတစ်ပင်အဖြစ် စော်င့မျှော်ဖတ်ရှုနေပါကြောင်း

  • aye.kk

    May 17, 2018 at 1:56 pm

    မနောရေ
    သူကဗဟုသုတလည်း
    အတော်နှံ ့စပ်တယ်။
    သူ ့ဆီကရတဲ့ဗဟုသုတတွေလည်း
    မှတ်မိတာရှိသလို မမှတ်မိတာတွေလည်းရှိတယ်။
    အရှည်ကြီးရေးရင်လည်းဖတ်တဲ့သူပျင်းမှာစိုးမိပါတယ်။

  • ဇီဇီ

    May 18, 2018 at 9:10 am

    သာဓု သာဓု သာဓု
    ပိုက်ဆံရှိတိုင်း အဲလို အလှူမျိုး လှူနိုင်ဖို့ မလွယ်တာမို့။
    <3

  • aye.kk

    May 18, 2018 at 9:53 am

    ဇီဇီရေ
    ကိုယ့်ထက်တော်တဲ့သူမို ့
    လေးစားမိတယ်။

Leave a Reply