******တာဝန်ယူမှု တာဝန်ခံမှု********

viber image

******တာဝန်ယူမှု တာဝန်ခံမှု********

မြန်မာနိုင်ငံမှာ အကြီးဆုံး အလုပ်သမားအဖွဲ့အစည်း

တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့အဖွဲ့အစည်း

ဥပဒေနဲ့ အညီမဟုတ်တဲ့ အလုပ်သမားရဲ့ရပိုင်ခွင့်ကိုကျတော့

အလုပ်ရှင်ကို မပေးမနေရ လည်ပင်းညှစ်တောင်းပေးဖို့တာဝန်ယူတတ်ပြီး

ရသွားတဲ့ အလုပ်သမားကိုယ်ကျတော့ လုပ်ငန်းခွင်စည်းကမ်းကို လိုက်နာဖို့

မလိုက်နာရင် အလုပ်ရှင်ဖက်က အရေးယူဆောင်ရွက်နိုင်ဖို့  ကျတော့

တာဝန်ခံမှုမရှိတဲ့ အလုပ်သမားအဖွဲအစည်း

မင်းတို့ ကြိုက်တဲ နာမည်တပ်ပြီး အဖွဲ့စည်းဖွဲ့ထားပါစေ

အလုပ်သမားဖက်ကိုပဲ တာဝန်ယူတတ်နေသမျှ

ဘယ်အလုပ်ရှင်ရဲ့ ယုံကြည်မှုကိုမျှရမှာမဟုတ်ဘူး

မင်းတို့ကို ချီးထုပ်တစ်ခုလို ရွှံနေမှာဘဲ

အလုပ်သမားဖက်က ဥပဒေ စည်းကမ်းနဲ့ မညီလို့

အလုပ်ရှင်ဖက်ကရပ်တည် ဆောင်ရွက်ပေးလိုက်တယ်ဆိုတဲ့

အဖြစ်အပျက်လေးတစ်ခုလောက် ရှိရင် ပြောပြ ခဲ့ကြပါ

ဘာဘဲတောင်းဆိုတောင်းဆို ဥပဒေနဲ့အညီ ဟုတ်လားမဟုတ်လား

ဘာမှ မသိဘဲ  အလုပ်ရှင်ဖက်ကို

“ပေးလိုက်ပါလို့” ဘဲပြောတတ်တဲ့ အဖွဲ့အမည်ခံလူတွေ

အဖွဲ့အစည်း နာမည်မပျက်ခင် ဖယ်ရှားထားသင့်ပြီ။

အလုပ်သမားတင်မဟုတ်ဘဲ အလုပ်ရှင်တွေရဲ့ယုံကြည်မှုကိုလဲ

ရယူသင့်ပြီ။

နောက်တစ်ခု…

အလုပ်သမားအဖွဲ့အစည်း မှာလုပ်နေပြီး

အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဥပဒေကို နဏန်း တစ်လုံးမှ မသိတဲ့သူတွေ

အငြင်းပွားမှု ဖြေးရှင်း ဆောင်ရွက်ပုံ အဆင့်ဆင့် ကိုမသိတဲ့သူတွေ က

အလုပ်ရှင် ကိုယ်စားလှယ်ကို “ ဥပဒေတွေလာမပြောနဲ့” လို့ သိက္ခာမဲ့စွာ ဖြေရှင်းတာတွေ

ရှိနေဆဲပါ။

အလုပ်ရှင် အလုပ်သမား ပြသနာဖြစ်လာရင်

အလုပ်သမားအဖွဲ့အစည်း အမည်ခံသူတွေဟာ ပြသနာကိုပိုကြီးထွားအောင်

လုပ်ဆောင်ကြပါတယ်

…ဥပမာ

ကြီးလေးတဲ့ ပြစ်မှုနဲ့ အလုပ်ထုတ်ပယ်ခံရသူကို နစ်နာကြေး မရ ရအောင် တိုင်းတန်းခိုင်းတာ

ရန်ဖြစ်ပြီး ကိုယ့်သဘောနဲ့ကိုယ် နုတ်ထွက်စာတင်တဲ့ အလုပ်သမားကို

နစ်နာကြေးမရ ရအောင်တိုင်ခိုင်းတာ

ဆန္ဒပြမှုတွေဖြစ်လာရင်  ရှေ့ဆုံးကရောက်လာပြီး အလုပ်သမားဖက်က

ရပ်တည်တတ်ပေမယ့် အလုပ်သမားများက အကြမ်းဖက်ပြသနာရှာလာရင်တော့

တာဝန်ခံမှုမရှိဘဲအဖွဲ့အစည်းနဲ့မသက်ဆိုင်တော့ကြောင်း ကြေငြာတတ်တာ

ခင်ဗျားတို့ရဲ့ အကျင်တွေကိုပြင်ပါ  စကားရပ်ကိုယ်က (အလုပ်ရှင် အလုပ်သမား)

လို့ ပြောကြတာပါ အလုပ်သမားဖက်ကိုဘဲ  လိုက်ပါဆောင်ရွက် ပြီး ယုံကြည်မှု

ရယူလို့မရပါဘူး အလုပ်ရှင်းဖက်ကိုပါ ယုံကြည်မှု တည်ဆောက်နိုင်ကြပါစေ။

အလုပ်ရှင်အလုပ်သမားဥပဒေ

အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ လောက်တောင် နကန်းတလုံးနားမလယ်ဘဲ

အလုပ်သမားအဖွဲစည်း အလုပ်သမားအကျိုး လုပ်ဆောင်ရန်မသင့်ပါ

အီးယောင်းဝါး တွေကြောင် ့အလုပ်ရှင် အလုပ်သမားပြသနာ ပိုကြီးလာတတ်ပါတယ်

သတိပြုနိုင်ကြပါစေ။

3 comments

  • Thint Aye Yeik

    June 7, 2018 at 5:37 pm

    အလုပ်သမားတစ်ယောက်ယောက်က
    အလုပ်ရှင် မကြိုက်တာ တစ်ခု လုပ်မိရင်…
    အလုပ်ရှင်က အဲ့ပြသနာ မဖြေရှင်းရသေးခင် အလုပ် ထုတ်လိုက်တာတွေလည်း ရှိပါတယ်။
    ဥပမာ…. ယာဉ်မောင်းဝန်ထမ်း တစ်ယောက် ယာဉ်မတော်တဆမှု ဖြစ်တယ်လို့ သတင်းကြားတာနဲ့…
    အလုပ်ရှင်က အဲ့ဒီယာဉ်မောင်းကို အလုပ်ထုတ်လိုက်ပါပြီ ဆိုပြီး…
    ယာဉ်မတော်တဆမှုကို ဖြေရှင်းရမှာ ကြောက်လို့ မသက်ဆိုင်အောင် ရှောင်ထွက်လိုက်တာမျိုးတွေ တပုံကြီး ရှိနေပါတယ်။

    အဲဒီလို ရှောင်ထွက်လိုက်ဖို့အတွက်လည်း အစကတည်းက အလုပ်ရှင် အလုပ်သမား စာချုပ် စည်းကမ်းတွေထဲမှာ…
    ဒါတွေ ဒါတွေ လုပ်ရင် အလုပ်သမားကို ချက်ချင်း အလုပ်ထုတ်ပါမည် ဆိုတဲ့ သတ်မှတ်ချက် ကြိုတင် ထည့်ထားပြီး
    အလုပ်သမားကို ချည်ပြီး တုတ်ပြီး လက်မှတ် ထိုးခိုင်းထားတာမျိုးတွေချည်းပါပဲ။

    အဲ့လို
    ပြသနာ တစ်ခုခု ပေါ်ပြီဆိုရင် မိမိတို့နှင့် မသက်ဆိုင်တော့ပါကြောင်း ဆိုပြီး ရှောင်ထွက်ပြီး
    အလုပ်သမားကို ပထုတ်တတ်တဲ့ အလုပ်ရှင်မျိုးတွေ ကိုယ်တွေ့ကြုံဖူးပါတယ်။

    နောက်ပြီး…
    စက်ရုံတွေမှာ အလုပ်သမားတွေ ဆန္ဒပြတယ်။
    အလုပ်သမား ဥပဒေဆိုင်ရာ ဘက်က ဝင် ဖြေရှင်းလို့…
    အလုပ်သမားတွေ တောင်းဆိုတာကို လိုက်လျော ပေးလိုက်တယ်။
    ဒါမယ့် နောက်နေ့က စပြီး အဲ့ဒီ ဆန္ဒပြတဲ့ အလုပ်သမားတွေ နာပြီသာမှတ်ပေတော့ ဆိုတာမျိုးတွေ ရှိပါတယ်။
    အလုပ်သမားတွေ တောင်းဆိုတာကို မလွှဲသာလို့ ပေးလိုက်ပေမယ့်…
    နောက်ပိုင်းမှာ ပေးလိုက်ရတာနဲ့ တန်အောင် ပြန် ယူပြီး ပြန် အနိုင်ကျင့်တာမျိုးတွေလည်း ကြားရပါတယ်။

    လက်ခုပ်ဆိုတာမျိုးက နှစ်ဖက်တီးလို့ အသံ ထွက်လာတာပါ။
    ဘယ်ဘက်လက်ကြောင့်ချည်းပဲ အသံထွက်တယ်လို့ တစ်ဖက်သက်တော့ ပြောလို့ မရဘူးထင်တာပါပဲ။

    အလုပ်ရှင်ဘက်ကချည်း အမြတ်ထွက်ချင်နေတဲ့ အလုပ်ရှင်မျိုး…
    ကိုယ့် ကိုယ်ကျိုး ရပေါက်ရလမ်း နည်းတာ တစ်ခုတည်းကြောင့် ဒီတိုင်းပြည် ရင်းနှီးမြှုပ်နှံမှု မလုပ်တော့ဘူး…
    ဆိုတဲ့ အလုပ်ရှင်မျိုး…. ဆိုရင်လည်း….
    ဒီတိုင်းပြည်ရဲ့ အလုပ်သမားထုကလည်း… လွမ်းနေလောက်မယ် မထင်။

  • kai

    June 8, 2018 at 3:20 am

    အင်မတန်ရှုပ်ထွေးပြီး. Case by Case တွေဖြစ်တတ်တာမို့.. အလွယ်ဆုံးကတော့.. အစိုးရက.. အဲဒီဆိုင်ရာတွေကနေ.. ဘက်ဂျက်နှစ်တနှစ်မှာ ရတဲ့ငွေကနေ စံနှုန်းတခုအဖြစ်.. Factor ထုတ် စိစစ်အရေးယူတာပါပဲ..။
    အလုပ်ရှင်က အခွန်ငွေပေးတာများရင်.. အလုပ်ရှင်ဖက်ကရပ်..။
    အလုပ်သမား(တွေ) ဖက်က.. အခွန်ပေးတာများရင်.. အလုပ်သမားဖက်ကရပ်..။

    ဘက်လိုက်မှုကတော့ ရှိမှာပါ..။
    ဘယ်-ညာ… လစ်ဘရယ်-ကွန်ဆာဗေးတစ်ပေါ့..။
    တက်နေတဲ့ပါတီက.. လစ်ဘရယ်ပါတီဆို.. အလုပ်သမားအဖွဲ့အစည်း.. သမဂ္ဂလိုတွေက..မဲနဲ့ အကူငွေရထားသမို့.. သူတို့ဖက်ကသာသာထိုးထိုးရပ်.။
    တက်နေတဲ့ပါတီ.. အစိုးရဖြစ်နေတဲ့ပါတီက.. ကွန်ဆာဗေးတစ်.. သူဌေးတွေလိုတွေက..မဲနဲ့ အကူငွေရထားသမို့.. သူတို့ဖက်ကသာသာထိုးထိုးရပ်.။ :p

  • ဦး လေး မန်း

    June 21, 2018 at 10:56 pm

    ဒါလဲမှန့်လုံးစက္ကူကပ် ကိစ္စတခုဘဲ အလုပ်သမားဖက်ကလဲလုပ်စားနေတဲ့သူတွေတပုံကြီးပါဘဲ၊ အလုပ်ရှင်ဖက်ကညစ်တာတွေလဲအများကြီးဘဲ၊ကြားထဲကရပ်တည်ပေးတဲ့အဖွဲ့အစည်းကလဲအဂတိတရားမကင်းတာများတယ်၊ပေါ်လစီအရလူမြင်ကွင်းမှာမို့အလုပ်သမားဖက်ကလိုက်တာများပေမဲ့တခြားတဖက်မှာလဲလက်သိပ်ထိုးဘက်လိုက်မူတွေအများကြီးရှိနေတယ်၊

Leave a Reply