အင်္ဂလိပ်သဒ္ဒါတတ်ကျွမ်းလိုသော် (၂၆) – ပါမောက္ခမျိုးကျော်မြင့်

kaiMay 23, 20183min3334

Grammar ဆိုတာ မလေ့လာလို့မရပါဘူး။ ဒါပေမယ့် လေ့လာရတဲ့အခါမှာ စည်းမျဉ်းစည်းကမ်းလေးတွေ၊ မှတ်သားဖွယ်ရာတွေ များလွန်းတော့ ငြီးငွေ့လာတတ်ပါတယ်။ ဒီတော့ ယခုလမှာ grammar rules တွေကို အသုံးချပြီးဝါကျ လေးတွေရေးတတ်အောင်လေ့ကျင့်ကြရအောင်။ ဦးစွာပထမ ဝါကျလေးမျိုးသားရှိကြောင်း နားလည်ဖို့လိုပါတယ်။
Simple sentence
Compound sentence
Complex sentence
Compound complex sentence
Simple sentence ဆိုတာ subject သို့မဟုတ် verb တခုတည်းသာပါတဲ့ ဝါကျမျိုးကို ဆိုလိုပါတယ်။ ဥပမာ-
Tom and Henry are brothers.
Sally can read and write in Spanish.
အထက်ဖော်ပြပါ ဝါကျနှစ်ခုမှာ ပထမဝါကျ၌ Tom နှင့် Henry အစရှိသော subject နှစ်ခုပါနေသလို ဒုတိယဝါကျ၌ read နှင့် write အစရှိသော ကြိယာနှစ်ခုပါနေပါသည်။ သို့သော်ပထမဝါကျ၌ are ဟူသော ကြိယာတစ်ခုသာရှိသလို၊ ဒုတိယဝါကျ၌ Sally ဆိုသော subject တစ်ခုတည်းသာပါပါသည်။ ထို ့ကြောင့် ထိုဝါကျနှစ်ခုစလုံးကို Simple sentence ဟုသတ်မှတ်ရပါသည်။ subject သို့မဟုတ် ကြိယာတစ်ခုတည်းပါရှိသော ဝါကျမျိုးကို Simple sentence ဟု သတ်မှတ်နိုင်ကြောင်း မှတ်သားရ ပါသည်။ Simple sentence ကို ကျောင်းသူကျောင်းသား အများစုက မရေးလိုကြပါ လွယ်လွန်းတယ်။ ကလေးဆန်လွန်းတယ်လို့ ထင်မြင်တတ်ကြပါတယ် ။ စင်စစ် Simple sentence ဆိုတာ ရေးတတ်ဖို့ လွန်စွာခက်ခဲပါတယ်။ Simple sentence ကို ချောမွေ့လှပစွာရေးတတ်လိုလျှင် Adjective phrase တို့ prepositional phrase တို့ကို ကောင်းကောင်းတတ်ကျွမ်းထားဖို့သာ လိုပါတယ်။ တတ်ကျွမ်းခဲ့သည်ဆိုရင်လည်း လှပခန့်ငြားတဲ့ Simple sentence လေးတွေကို ရေးနိုင်လာပြီပေါ့။ ဥပမာ-
The old man living near my house comes from a small town in rule China.
အထက်ပါဝါကျ၌ old,small,rule စတဲ့ adjectives လေးတွေအပြင် near my house နှင့် from a small town in rule China ဆိုတဲ့ prepositional phrase လေးနဲ့အတူတူ living near my house ဆိုတဲ့ adjectives phrase လေးကိုပါသုံးစွဲ ထားတာ တွေ့ရှိနို်င်ပါသည်။ ဒီလိုရေးဖို့ မလွယ်လှပါ။ Adjective လေးတွေ ၊prepositional phrase လေးတွေကို အနည်းငယ် ပြန်လေ့လာပြီး ဒီလို Simple sentence လေးတွေ အရေးကျင့်ကြဖို့ တိုက်တွန်းလိုပါတယ်။ ဒုတိယဝါကျမျိုးကိုတော့ Compound sentence လို့ခေါ်ပါတယ်။ လူသုံးများပါတယ်။ ကျောင်းသူကျောင်းသား လေးတွေ အသဲစွဲဆိုရင်လည်း မမှားပါဘူး။ ဒီနေရာမှ မှတ်ရလွယ်အောင် FANBOYS လို့လူသိများတယ် for,and,nor, but,or,yet,so နှင့်တို့ကို သုံးတတ်ဖို့လိုပါ တယ်။ ဥပမာ-
– He has been working hard for he wants to improve his English skills.
– He has been working hard, and he was recently promoted.
– She doesn’t speak English, nor does she speak French.
– She speaks English well, but her sister doesn’t.
– He has to work hard, or he will not have enough for his expenses.
– He has a lot of money, yet he refuses to spend any of it.
– He worked hard, so he got a promotion.
တခါတရံ Simple sentence နဲ့ Compound sentence ဆိုတာ တော်တော်လေးကို တူနေတတ်ပါတယ်။ comma လေးပါတာ မပါတာရယ်၊ စကားလုံးလေးတလုံးလောက် ပိုနေတာလေးလောက်ပဲ ကွာခြားပါတယ်။ ဥပမာ
He wrote a poem and sent it to her.
He wrote a poem, and he sent it to her.
အထက်ပါဝါကျနှစ်ခုဟာ တော်တော်လေးကို ဆင်ပါတယ်။ ဒုတိယဝါကျ၌ comma လေးပါတာရယ် He ဆိုတဲ့ subject လေးပြန်ပါလာတာရယ်၊ ဒီနှစ်ချက်ပဲ ကွဲပြားခြားနားပါတယ်။ ဒါပေမယ့် ပထမဝါကျ ကို Simple sentence လို့သတ်မှတ် ရပြီး ဒုတိယဝါကျကို ကို Compound sentence လို့ သတ်မှတ်နိုင်ကြောင်း မှတ်သားရပါတယ်။ တတိယဝါကျမျိုးကိုတော့ Complex sentence လို့ ခေါ်ပါတယ်။ ကျောင်းသူကျောင်းသားတွေနဲ့ ရင်းနှင်းပြီးသားဝါကျတမျိုးပါ။ ဒီ Complex sentence ဆိုတာ clause နှစ်မျိုးကို ဆက်ထားတဲ့ ဝါကျတမျိုးဖြစ်ပါတယ်။ independent clause လို့ခေါ်တဲ့ လွပ်လပ်စွာရပ်တည်နိုင်တဲ့ တနည်းအားဖြင့် ဝါကျတခုအဖြစ်သီးသန့်ရပ်တည်နိုင်တဲ့ clause ကို dependent clause လို့ခေါ်တဲ့ လွပ်လပ်စွာမရပ်တည် နိုင်တဲ့ တနည်းအားဖြင့် အဓိပ္ပာယ်မပြီးပြည့်စုံတဲ့ clause ၂မျိုးကို because,although,when,if တို့ကိုသုံးပြီး ဆက်ထားတဲ့ ဝါကျမျိုးဖြစ်ပါတယ်။ ဥပမာ-
-How won the prize because he worked hard.
-When he came home, the children were playing video games.
-If he comes home late, his wife will scold him.
-Although it was raining, he still went to school in spite of his illness.
ပထမဆုံးဝါကကျမှာ Because နဲ့စတဲ့ clauseလေးကို clause of reason လို့ ခေါ်ပါတယ်။ အကြောင်းကိုပြတယ်ပေါ့။ သူဆုရတာက အကျိုး သူအလုပ်ကြိုးစားက အကြောင်းတရားပေါ့နော်။ ဒုတိယဝါကျမှာ when နဲ့စတဲ့ clause ကို clause of time လို့ခေါ်နိုင်ပါတယ်။ အချိန်ကိုပြတယ်ပေါ့။ သူအိမ်ပြန်ရောက်လာတဲ့ အချိန်မှာ ကလေးတွေက ဗီဒီယိုဂိမ်းတွေ ကစားနေကြတယ်ပေါ့။ တတိယဝါကျမှာ if နဲ့စတဲ့ clause လေးကို conditional clause လို့ခေါ်ပါတယ်။ သူအိမ်ပြန်နောက်ကျခဲ့ရင်၊ သူ့မိန်းမက ဆူပူကြိမ်းပေါင်းလိမ့်မယ်ပေါ့။ နောက်ဆုံးဝါကျလေးကို contrast လို့ ခေါ်ပါတယ်။ဆန့်ကျင်မှုကိုပြတဲ့သဘောပါ။ တကယ်တော့ နေမကောင်းလည်းဖြစ်နေတယ် မိုးတွေကလည်းရွာနေတယ်ဆိုရင် အိမ်မှာနေသင့်တာပေါ့။ဒါပေမယ့် ကျောင်း ကို သွားဖြစ်အောင်သွားသေးတယ်ဆိုတော့ although နဲ့စတဲ့ clause လေးကို contrast clause လို့ ခေါ်ယူလေ့ရှိပါတယ်။ ဒီ because,although,when,if တို့အပြင် Before,after, as soon as ,while အစရှိတဲ့ တစ်ချိန်တုန်းက conjunctions လို့ ခေါ်တဲ့ ၊ယခု Transition words လို့ ခေါ်လေ့ရှိတဲ့ ဝေါဟာရလေးတွေကို မှတ်သားထားပြီး သုံးတတ်အောင်လေ့ကျင့်ထားကြပါ။ နောက်ဆုံး ဝါကျတမျိုးကိုတော့ Compound complex လို့ ခေါ်ပါတယ် ။ Compound နဲ့ complex ကိုရောပြီးမွှေထား တဲ့ သဘောပါ။ ဥပမာ-
– Although he was ill, and it was raining hard, he still went to school.
– When she got to school, it started raining and she had to run into the school.
– She became angry, and she started calling him names because he asked her to return his book.
-If she hears your words, she will be mad and she will demand an apology.
အထက်ပါဝါကျများ၌ ကြိယာ သုံးခုသာပါသည်ကို သတိပြုမိကြပါလိမ့်မည် ။ ဝါကျလေးမျိုးရှိသည့် အနက် အခက်ခဲဆုံးလို့ယူဆကြသည့် Compound complex sentence ဝါကျမျိုး၌ပင် ကြိယာ သုံးခုထက်မပိုပါ။ ထို့ကြောင့် ကြိယာတွေ အများကြီး သုံးပြီး၊ ဝါကျအရှည်ကြီးတွေ ရေးတတ်ကြသည့် အကျင့်မျိုးကို ဖျောက်ကြဖို့ တိုက်တွန်းလိုပါသည်။ မှန်ကန်သည့် conjunction ခေါ် Transition words လေးတွေကို သုံးကာ လှပသည့်ဝါကျလေးများ ရေးတတ်လာဖို့ လေ့ကျင့်ကြဖို့ တိုက်တွန်းရင်း နား ပါဦးမည်။

4 comments

  • Shar Thet Man

    May 26, 2018 at 10:47 am

    FANBOYS ….ထဲမှာသိတာတွေတော့ပါတယ်..ကျန်တာတွေကတော့ လေ့လာပြီးသားတွေပါ..ထပ်တင်ပေးပါဦးနော်..
    ထပ်နွှေးလိုက်သလိုပါပဲ..

  • Min Paing Myat Thu

    May 30, 2018 at 4:19 am

    အဖွဲ့ဝင်တော့ စာလုံးပေါင်းတွေ သတိထားမိရင် မန့်မှာရေးပါဆိုလို့ မြင်သလောက်လေး မန့်ပါရစေ။ အမှားထောက်တဲ့ သဘောမဟုတ်ပါဘူး။

    ၁။ The old man living near my house comes from a small town in rule China.
    ဒီစာကြောင်းမှာ.. rural China လို့ထင်ပါတယ်။ typo အမှားဖြစ်မှာပါ။

    ၂။ How won the prize because he worked hard.
    ဒီစာကြောင်းမှာလည်း အတူတူပါပဲ။ How နေရာမှာ He လို့ထင်ပါတယ်။

    • kai

      June 4, 2018 at 2:17 pm

      ဟုတ်ပါတယ်.. Typo ပါ..။
      တော်လိုက်တာ..။
      ထောက်ပြတာ.. ကျေးဇူး..။

  • manawphyulay

    June 6, 2018 at 10:45 am

    ဒါတွေဖတ်မှ ကိုယ့်ကိုယ်ကိုယ် အင်္ဂလိပ်စာ အတော်အားနည်းမှန်းသိရတယ်။ တော်တော်လေ့လာဖို့ လိုသေးပါလားလို့ ကိုယ့်ဘာသာ သုံးသပ်မိတယ် သဂျီးရယ်…

Leave a Reply