မိုးရွာနေရင်
လသာတယ်လို့မှတ်ထားလိုက်
ပူလောင်နေတဲ့ မင်းရဲ့စိတ်တွေ
အေးချမ်းသွားလိမ့်မယ်။
နေပူနေရင်
နှင်းကျနေတယ်လို့ မှတ်ထားလိုက်
သောကစိတ်တွေ
ငြိမ်းအေးသွားလိမ့်မယ်။
အရာရာကိုသည်းခံပြီး
ရင်ဆိုင်ကျော်လွှားလိုက်
မင်းဟာ အောင်မြင်သူတစ်ယောက်
ဖြစ်လာလိမ့်မယ်။

မင်းသုတ
25.5.2018
18:15 P.M

About zaw win

zaw win has written 78 post in this Website..