သတ္တ၀ါတစ်ကောင်နဲ့ မိတ်ဆက်ပေးချင်လို့ပါ သူ့နာမည် ရေပုတ်သင်လို့ ခေါ်ပါတယ် ရှားပါ အကောင်တွေထဲမှာ ရေပုတ်သင်လည်းပါနေပါတယ် တရုတ်လူမျိုးများဟာ ဆေးဖော်ပြီး အသုံးပြုတယ်လို့လည်း ကြားဖူးပါတယ် ဒီအကောင်ရဲ့  လက်ဟာ  လက်ချောင်းလေးများ (4)ချောင်းသာ ပါရှိပြီး ခြေချောင်းတွေကတော့ (5)ချောင်းပါရှိပါတယ် မိုးတွင်းပိုင်းမှာ အထွက်များခဲ့ပါတယ် အခုနောက်ပိုင်းမှာ တော်တော်လေးတွေ့ရခဲ့လှပါတယ် တောင်ကြီးမြို့မှာ ဆိုရင် အရင်ချိန်တွေတုန်းက တော်တော်လေး ပေါများခဲ့ပါတယ် တက္ကသိုလ် ဘက်မှာဆိုရင် ရေပုတ်သင် ကန်ဆိုပြီးတော့တောင်ရှိပါတယ် သို့သော် အဲဒီ ကန်မှာလည်း ရှားပါးလုဖြစ်နေပါပြီ ။ ဒါကြောင့် နောက်နောင်များတွင် မမြင်မတွေ့ရဘူးမရှိရလေအောင် ကျွန်တော် တင်ပြလိုက်ရခြင်းဖြစ်ပါတယ် အကောင်ဟာ လှပမှုမရှိသော်လည်း တန်ဖိုးရှိလာနိုင်ပါသည်။ဒါကြောင့် ကျွန်တော် တစ်နှစ်လောက်အကြာ မှာထားတာ အခုရက်ပိုင်းမှ တွေ့ရှိသူက လာပြီးပေးသွားခဲ့တာပါ။ဓါတ်ပုံရိုက်တင်ပေးလိုက်ပါတယ် …ကျေးဇူးတင်ပါတယ်…။

About နိုင်နိုင်

cherryland lay has written 46 post in this Website..

လေနှင်ရာလွင့်ခရီးသည်...