ရေပုတ်သင်

နိုင်နိုင်September 5, 20101min21211

သတ္တဝါတစ်ကောင်နဲ့ မိတ်ဆက်ပေးချင်လို့ပါ သူ့နာမည် ရေပုတ်သင်လို့ ခေါ်ပါတယ် ရှားပါ အကောင်တွေထဲမှာ ရေပုတ်သင်လည်းပါနေပါတယ် တရုတ်လူမျိုးများဟာ ဆေးဖော်ပြီး အသုံးပြုတယ်လို့လည်း ကြားဖူးပါတယ် ဒီအကောင်ရဲ ့ လက်ဟာ  လက်ချောင်းလေးများ (4)ချောင်းသာ ပါရှိပြီး ခြေချောင်းတွေကတော့ (5)ချောင်းပါရှိပါတယ် မိုးတွင်းပိုင်းမှာ အထွက်များခဲ့ပါတယ် အခုနောက်ပိုင်းမှာ တော်တော်လေးတွေ့ရခဲ့လှပါတယ် တောင်ကြီးမြို့မှာ ဆိုရင် အရင်ချိန်တွေတုန်းက တော်တော်လေး ပေါများခဲ့ပါတယ် တက္ကသိုလ် ဘက်မှာဆိုရင် ရေပုတ်သင် ကန်ဆိုပြီးတော့တောင်ရှိပါတယ် သို့သော် အဲဒီ ကန်မှာလည်း ရှားပါးလုဖြစ်နေပါပြီ ။ ဒါကြောင့် နောက်နောင်များတွင် မမြင်မတွေ့ရဘူးမရှိရလေအောင် ကျွန်တော် တင်ပြလိုက်ရခြင်းဖြစ်ပါတယ် အကောင်ဟာ လှပမှုမရှိသော်လည်း တန်ဖိုးရှိလာနိုင်ပါသည်။ဒါကြောင့် ကျွန်တော် တစ်နှစ်လောက်အကြာ မှာထားတာ အခုရက်ပိုင်းမှ တွေ့ရှိသူက လာပြီးပေးသွားခဲ့တာပါ။ဓါတ်ပုံရိုက်တင်ပေးလို်က်ပါတယ် …ကျေးဇူးတင်ပါတယ်…။

11 comments

  • ဆူး

    September 5, 2010 at 7:00 am

    ဒီကောင်တွေတော့ မြင်ဘူးသားဘဲ နာမည်တာ မသိတာ ဆေးဖော်လို့ရမှန်းလဲ မသိဘူး

  • thihayarzar

    September 5, 2010 at 7:31 am

    ရေပုက်သင်ကိုကြည့်ချင်တယ်ဆိုရင်တော့ နေပြည်တော်က တိရစ္ဆာန်ဥယျဉ်ကြီးမှာ ကြည့်ရှုှုနိုင်ပါတယ်။ ငါးကောင် ခြောက်ကောင်လောက်တော့ရှိမယ်ထင်တယ်။

  • khaung shan

    September 5, 2010 at 8:01 am

    ကျနော်တို့ဆီမှာတော့ သူ့ကို ကုန်းမိကျောင်းလို့ခေါ်ပါတယ် ။သူငယ်နာပျောက်တယ်လို့ယူဆကြတယ် ။အရင်ကတော့
    အတော်ပေါပါတယ် ။ခုလဲရှိပါတယ် ။ဒီကောင်က ကုန်းပေါ်မှာ နှေးပြီး ရေထဲကျ အတော်ကိုမြန်တာ။

  • cherrylandlay

    September 5, 2010 at 1:23 pm

    သူငယ်နာပျောက်တယ်လို့ယူဆတယ်လို့ သူငယ်ချင်းတစ်ယောက်ကပြောပါတယ်..နောက်ထပ် ဘာထူးချက်ရှိသေးလည်း သိချင်ပါတယ် နောက်တစ်ခုက သူ့ကို ဘယ်လို့အရာများ ကျွေးရပါလည်း..
    သူငယ်ချင်းများကို အစဉ် လေးစားလျှက်….နိုင်နိုင်ထွန်း

  • zawana

    September 5, 2010 at 6:23 pm

    အများနဲ့မတူတဲ့ အတွေးနဲ့ ကိုယ်ပိုင်စာကို တကူးတက ဖော်ပြပေးတဲ့အတွက် လေးစားစွာဖြင့် ကျေးဇူးတင်ပါတယ်။

  • ဆူး

    September 6, 2010 at 2:56 am

    ဒီအကောင်က သူငယ်နာ ပျောက်တယ်ဆိုတော သူကို ဘယ်လို ဆေးဖော်တာလဲဟင် ဆက်ရေးပါအုန်း သိချင်တယ်

  • လင်းဝေကျော်

    September 6, 2010 at 5:36 am

    ရေပုတ်သင် က ရေသတ္တဝါလား၊ ကုန်းနေ ရေနေလား၊
    ကန်သတ်သတ်ရှိတယ်ပြောတော့ ရေသတ္တဝါလို့ဆိုလိုတာပေါ့နော်။
    အင်းလေ ရေပုတ်သင်ပါဆိုမှ… ပုံစံက ရေနေသတ္တဝါနဲ့မတူလို့သေချာအောင်မေးကြည့်တာပါ။

  • myaynilann

    September 6, 2010 at 6:10 pm

    ဒီကောင်တွေကို ကြက်တိုက်သလိုမျိုး တိုက်ခိုင်းလို့ရပါတယ်
    လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်းကတော့ ကျောင်းသားလူငယ်တွေ
    အပျော်သဘောနဲ့ ကြက်တိုက်သလိုမျိုးတိုက်ခိုင်းတာတွေ ကြားဖူးပါတယ်
    တောင်ကြီးမှာပါဗျာ၊
    ခုချိန်ဆိုရင်တော့ ရှားမယ်ဆိုရင် ရှားလောက်ပါပြီ
    ထိန်းသိမ်းထားသင့်တဲ့ ရှားပါးသတ္တဝါ တစ်မျိုးပါပဲဗျာ
    တောင်ကြီးတက္ကသိုလ် သတ္တဗေဒဌာနကဆရာတွေ ဒီကိစ္စကိုလုပ်သင့်ပါတယ်ခင်ဗျာ

  • ဆူး

    December 3, 2011 at 12:10 pm

    တောက်တဲ့ နာမည်ကြီးသလို ဆေးဘက်ဝင် အကောင်တွေ ရွာထဲမှာ ရှိတာ ပိုစ်အဟောင်းလေးတွေ ကြည့်ရင်းနဲ့ ကွန်မန်း ပြန်ပေးလိုက်တယ်။

    • မှော်ဆရာ

      December 3, 2011 at 12:15 pm

      အင်ဇာဂီရေ လာစားစမ်း ရေပုတ်သင် ..
      သူငယ်နာပျောက်တယ်တဲ့ …။နင်က အခုထိ တားတား တားတားနဲ့ ပြောတုန်းကိုး…..

      • windtalker

        December 3, 2011 at 12:45 pm

        ရေပုတ်သင် အန်ဖတ် ကို
        ကြက်ဖင် လတ်လတ်ဆတ်ဆတ် နဲ ့နယ်ဖတ်ပြီးမှ
        ကိုရီးယားရေညှိရွက်နဲ ့လိပ်
        ပြီးရင်
        ဇာဒူးကြီး ကို ပူဇော်စရာ ၊ ဆေးဖက်ဝင် ဆူရှီ တစ်ခု ပေါ့

Leave a Reply