ခြင်းလုံးပန်း

aye.kkJune 4, 20181min4177

မိုးရာသီမှာပွင့်တတ်တဲ့ပန်းတွေထဲမှာ-

ကျွန်မနှစ်သက်သဘောကျမိတဲ့၊ပန်းတစ်မျိုးကတော့

ခြင်းလုံးပန်းပါဘဲ။

ခြင်းလုံးပန်းက၊မျိုးဥချထားတာရှိရင် မျိုးပွားလွယ်ပြီး၊မိုးလေးတစ်မ,နှစ်မ(တစ်ခါ,နှစ်ခါမျှ)

လောက်ရွာလျင်ဖြင့်၊မျိုးဥတွေကရေဓတ်စုပ်ယူရရှိတာနဲ ့ပွင့်လာနိုင်တဲ့ပန်းမျိုးပါဘဲ။

မျိုးဥအဖိုပင်ဆိုရင် မပွင့်ပါဘူး၊ရိုးတံနဲ ့အရွက်ပဲထွက်ပါတယ်။ အမမျိုးဥအပင်ကသာ၊

အပွင့်ပွင့်ပါတယ်။

အရိုးညှာတံအရောင်က(အစိမ်းနုရောင်)ဖြစ်ပြီး၊အရိုးညှာတံအရှည်က

အရှည်လက်တစ်တောင်ခန် ့မျှ၊အထိရှိတာတွေ ့ရပါတယ်။

အမမျိုးအပင်မှာသာ၊အရိုးညှာတံထိတ်မှာအပွင့်ပါရှိလာပြီး၊အဖိုမျိုးဥကတော့အပွင့်မပွင့်ပါဘူး။

အရိုးညှာတံနဲ ့အရွက်ပဲထွက်ပါတယ်။

အမမျိုးဥဆိုပါလျှင်၊မြေကြီးထဲကနေထိုးထွက်လာနိုင်တာနဲ ့အပွင့်ပါ၊ပါရှိလာပြီး

တစ်ပါတည်းပွင့်ပါတယ်။

ခြင်းလုံးပန်းပွင့်အရွယ်အစားက၊ဘောလုံးပုံစံအရွယ်ဝိုင်းဝန်းနေပြီး၊ပွင့်ဖတ်လွှာတံ(ချွန်ချွန်မြမြ)

မှာ၊အနီရောင်,ပန်းရင့်ရောင်၊အရောင်(၂)မျိုးတွေ ့ရှိရတတ်ပြီး၊ပွင့်ဖတ်လွှာ

ချွန်ချွန်မြမြလေးတွေ(တုတ်ချောင်းလေးတွေလိုမျိုး)၊၊အများအပြားပါရှိပါတယ်။

ခြင်းလုံးပန်းရဲ ့၊ပွင့်ဖတ်လွှာတံ(တုတ်ချောင်း)ရဲ ့ထိတ်လေးတွေမှာပါရှိနေတဲ့

ဝတ်ဆံအမှုံက၊အဝါရောင်ပါ။ ပန်းရင့်ရောင်ပွင့်ဖတ်လွှာအတံနဲ ့

ဝတ်ဆံအဝါရောင်မို ့၊သိတ်ပြီး(ပနာတင့်)လှပမှုရှိတဲ့ပန်းလေးပါဘဲ။ တကယ်လည်း

လှပါတယ်။

တစ်ခါပွင့်လျင်၊ ခြင်းလုံးပန်းအပွင့်က(အပင်မှာတင်)၊(၄)ရက်၊(၅)ရက်မျှအထိ၊

တာရှည်ခံတာသိရပါတယ်။

အိမ်မှာပန်းအိုးထဲအလှထားရင်တော့၊ရေလဲပေးနိုင်သလောက်ခံမှာပါ။

(ရက်ရှည်ကြာတဲ့အထိတော့မခံလောက်ပါ)။

ခြင်းလုံးပန်းက၊ပိတောက်ပန်းထက်သစ္စာရှိတဲ့ပန်းလို ့၊ကျွန်မတင်စားချင်မိပါတယ်။

ပိတောက်ကတော့၊တစ်နှစ်လုံးနေမှ၊တစ်ခါသာပွင့်တယ်ဆိုပေမယ့်လည်း၊

အပင်ပေါ်မူတည်ပြီး၊မိုးရွာလျှင်တော့လည်း၊ပိတောက်ပန်းတွေ၊

ပြန်ပြီးပွင့်နိုင်တဲ့စွမ်းအားရှိတာမျိုးတွေ ့ရှိရပါတယ်။

ခြင်းလုံးပန်းက တစ်နှစ်မှာမှ၊တစ်ခါမျှသာပွင့်နိုင်ပြီး၊

မိုးဦးကျရောက်လာမှဘဲပွင့်ပါတယ်။မျိုးဥတစ်ဥမှာတစ်ပွင့်ဘဲပွင့်ပါတယ်။

ခြင်းလုံးပန်းအပင်က၊အလေ့ကျပေါက်တဲ့ပန်းအမျိုးအစားမဟုတ်ပါဘူး။

ခြင်းလုံးပန်းရဲ ့၊မျိုးဥကမျိုးပွားလွယ်ပြီး၊သူ ့မျိုးဥတွေကို မြေကြီးထဲမှာ ညီညီညာညာနဲ ့

ချစိုက်ထားပါလျှင်၊အပွင့်ထွက်လာတဲ့အခါ လှလွန်းပါတယ်။ခြင်းလုံးပန်းကို၊နောက်တစ်မျိုး

(ဘော်လုံးပန်း)လို ့ခေါ်ဝေါ်ကြတာကိုလည်း၊သိရပါတယ်။

(ကာလံ,ဒေသံ)အလိုက်ခေါ်ဆိုကြတာကွာမှာပါ။ဘောလုံးကတော့ပြောင်လုံးချောပါ။

(မပြောလည်းသိကြပါတယ်)။

ခြင်းခတ်တဲ့ခြင်းလုံးကိုတော့၊နှီးအကြောတွေနဲ ့ယှက်ထားတဲ့အတွက်၊

အကွက်စိတ်စိတ်လေးတွေနဲ ့မို ့၊ခြင်းလုံးပန်းအဖြစ်

အများကတင်စားခေါ်ဝေါ်ကြတာဖြစ်မှာပါလို ့လည်း၊ကျွန်မအနေနဲ ့ထင်မြင်မိပါတယ်။

ယခုခေတ်ခြင်းလုံးတွေ၊(ပလပ်စတစ်)နဲ ့လုပ်လာကြပြီမို ့၊

ယခုခေတ်(ပလပ်စတစ်နဲ ့)ပြုလုပ်ထားတဲ့ခြင်းလုံးတွေနဲ ့တော့၊

တင်စားပြီး၊ကျွန်မအနေဖြင့် မပြောလိုပါဘူး။

ခြင်းလုံးပန်းရဲ ့ပန်းမျိုးဥက၊မျိုးပွားတာလွယ်လို ့တော်ယုံနဲ ့မျိုးတုန်းနိုင်ဖို ့လည်း၊ မရှိပါဘူး။

မျိုးဥချထားရင်၊ မျိုးဥချထားတဲ့နေရာတွေမှာဘဲ၊ အမြဲလိုလို(နှစ်စဉ်)ပွင့်ပါတယ်။

အပွင့်နွမ်းခြောက်ပြီး၊အပင်ကျလာပြီဆိုလျင်လည်း၊မျိုးဥကိုမြေကြီးထဲကပေါ်နေတာမျိုး

မြင်ရနိုင်ပါတယ်။ခြင်းလုံးပန်း(မျိုးဥ)အများအပြား၊ပွားလွယ်တာမို ့လည်း၊

သူ ့မျိုးဥတွေကို၊ညီညီညာညာနဲ ့စနစ်တကျနဲ ့

မြေကြီးထဲမှာထပ်မံပြီး၊ပြန်ချစိုက်ပျိုးထားနိုင်လျင်တော့

၊ညီညာလှပနေတဲ့ခြင်းလုံးပန်းခင်းလေးအဖြစ်နဲ ့မြင်ရမှာပါ။

ယခုအခါမှာလည်း၊ခြင်းလုံးပန်းကိုစိုက်တဲ့သူရှားပါးပြီး ၊နည်းပါးပါတယ်။

(သိရှိသူနည်းပါးနေလို ့၊ကျွန်မအနေနဲ ့ထင်မြင်မိပါတယ်)။

အခုကျွန်မရောက်ရှိနေထိုင်နေတဲ့ဒေသ(ရှမ်းအရှေ့-တာချီလိတ်)မှာတော့

ခြင်းလုံးပန်းတွေ၊ရောင်းချတာမျိုးမတွေ ့ရှိရပါဘူး။

ခြင်းလုံးပန်းက စိုက်ပျိုးတဲ့(စရိတ်စက)အကုန်ကျမှုနည်းပါးပါတယ်။

အမြင်လှတဲ့ပန်းလည်းဖြစ်တာမို ့၊မိုးရာသီရဲ ့၊ဘုရားပန်းတစ်မျိုးအဖြစ် ရောင်းချနိုင်ရေးအတွက်

စိုက်ပျိုးနိုင်လျင်တော့ စီးပွားဖြစ်မယ်လို ့၊ကျွန်မအနေနဲ ့ထင်မြင်မိပါတယ်။

စကားချပ်-သိရသလောက်ရေးပြခြင်းပါ(အမှားပါရှိကခွင့်လွတ်ပါရန်)။

 

 

7 comments

  • Shar Thet Man

    June 4, 2018 at 3:15 pm

    ပန်းပုံလေးပါတင်ပေးရင်ပိုကောင်းပါမယ်..ခြင်းလုံးပန်းကိုမမြင်ဖူးပါ

  • kai

    June 5, 2018 at 12:21 am

    အင်တာနက်ထဲအရတော့… အောက်ကပုံတွေပါ..။
    တင်ပေးထားလိုက်ကြောင်း..


    Haemanthus multiflorus

  • manawphyulay

    June 6, 2018 at 10:31 am

    အိုး… အရမ်းလှတာပဲ။ ကိုယ်ပိုင်အိမ်လေး ဝယ်နိုင်ရင်တော့ စိုက်ချင်တယ်။ ရေမြေအရ စိုက်လို့ရ မရတော့ မသိဘူး။

  • aye.kk

    June 6, 2018 at 5:13 pm

    ရှားသက်မာန်
    အန်တီအခုနေထိုင်တဲ့ဒေသမှာ
    မတွေ ့ရတော့၊ပန်းပုံလေးမတင်နိုင်ရတာပါ။

  • aye.kk

    June 6, 2018 at 5:23 pm

    သူကြီး
    အင်တာနက်ကနေတင်ပေးတဲ့ပန်းပုံလေး(ခြင်းလုံးပန်း)အတွက်၊ကျေးဇူးအထူးတင်ပါတယ်။
    မိဘတွေအိမ်မှာနေတုန်းက၊စိုက်ထားတဲ့ခြင်းလုံးပန်းပုံနဲ ့အတူတူပါ။
    ခြင်းလုံးပန်းအကြောင်းကို၊မှတ်မိ(သိရ)သလောက်နဲ ့သာ၊ရေးတင်လိုက်ခြင်းဖြစ်ပါတယ်။

  • aye.kk

    June 6, 2018 at 5:40 pm

    မနောရေ။
    သဲမြေဆန်တဲ့မြေကိုကြိုက်နှစ်သက်တယ်။
    အန်တီတို ့မိဘအိမ်မှာစိုက်ပျိုးတာတော့
    မြေပျော့မဟုတ်ဘဲ၊သဲမြေဆန်တဲ့မြေမှာစိုက်ထားတာပါ။
    အခုသူကြီးအင်တာနက်ကနေပြတဲ့အတိုင်း
    ပန်းပုံးလေးတွေထဲမှာ၊သဲမြေဆန်တာထည့်ပြီးစိုက်မယ်ဆို
    အဆင်ပြေမယ်လို ့အန်တီထင်မြင်မိပါတယ်။
    ခြင်းလုံးပန်းက၊မြေဩဇာလည်း(လုံးဝ)မလိုတော့၊
    အထူးကုန်ကျစရိတ်မရှိပါဘူး။

  • Thint Aye Yeik

    June 7, 2018 at 4:59 pm

    အမြင် တစ်မျိုးလေး ဆန်းတဲ့ ပန်းမို့….
    ချစ်သူ ရတဲ့အခါ … ပေးဖို့ တေးထားလိုက်တယ်။
    :k:

Leave a Reply