ကံ,ကောင်းမှာလား-သိလိုပါလျင်ဖြင့်

aye.kkJune 8, 20181min3255

ဗေဒင်ဆို-

အတော်များများကသိချင်ကြပါတယ်၊မေးကြပါတယ်။

မှန်တာတွေလည်းရှိတော့၊ ဗေဒင်မေးချင်သိချင်ကြတာဟာ၊

မဆန်းဘူးလို ့ကျွန်မမြင်ပါတယ်။

ဗေဒင်-မဟာဘုတ်ပညာနဲ ့ပတ်သက်လာပါက၊

မဟာဘုတ်ဗေဒင်ပညာရပ်ကိုလေ့လာထားဘူးလို ့

ပြောပြချင်တာလေးတွေ ၊ ကျွန်မမှာရှိနေပါတယ်။

ဗေဒင်-မဟာဘုတ်ပညာရပ်ကို၊ရိုးရှင်းလွယ်ကူစွာတွက်ချက်လို ့ရတဲ့အပြင်

မှန်နေတာလည်းသိရလို့ပါ။

လူတစ်ယောက်ရဲ ့ဇာတာအရ။မွေးဖွားတဲ့သက္ကရာဇ်၊နေ ့နံသိပါလျင်

ဗေဒင်မဟာဘုတ်-ပညာဖြင့်တွက်ချက်ကြည့်ပါက၊

တစ်ဦးနှင့်တစ်ဦး၊လက်ထပ်ယူသင့်,မယူသင့်၊

အိမ်ထောင်ရေးကံကောင်းမကောင်း,ချမ်းသာမယ်,မချမ်းသာဘူး

ဆိုတာတွေ၊သိရပါတယ်။

ဗေဒင်မေးတာတွေနဲ ့ပတ်သက်ပြီးတော့၊

လူအများကတော့၊ကံကောင်းလို ့ဘဲဖြစ်ဖြစ်၊

ကံမကောင်းလို ့ဘဲဖြစ်ဖြစ်၊

သိချင်စိတ်နဲ ့ဗေဒင်မေးတာ,မြန်းတာတွေ ရှိနေပါတယ်။

ကျွန်မအနေနဲ ့ယခင်ကဗေဒင်-မဟာဘုတ်ပညာကို

အပျာ်တမ်းလေ့လာခဲ့တာပါ။လေ့လာခဲ့မိလို ့လည်း၊

ဗေဒင်-မဟာဘုတ်ပညာဟာ-

စိတ်ဝင်စားစရာကောင်းတဲ့ ပညာရပ်ဖြစ်နေတာ ကျွန်မသိခဲ့ရပါတယ်။

အထူးသဖြင့်၊ကျွန်မကိုဗေဒင်မေးကြတဲ့သူတွေ(ရင်းနှီးတဲ့မိတ်ဆွေ)ထဲမှာ

အိမ်ထောင်ရေးကံကောင်းမှုရှိ,မရှိနဲ ့၊ဘယ်လိုလူမျိုးနဲ ့ဖူးစာဖက်-ရပါလျင်

အဆင်ပြေမှုရှိမရှိဆိုတာနဲ ့ပတ်သက်ပြီးမေးကြတာတွေ ရှိပါတယ်။

ရှေးဟောင်းဗေဒင်ကျမ်းစာအုပ်အရ၊(မှတ်မိရသလောက်)နဲ ့၊

ဖူးစာအရေး(အိမ်ထောင်ရေး)နဲ ့ပတ်သက်ပြီး၊ပြောပြ,ဟောပြပေးပါတယ်။

ကျွန်မလ့လာမှတ်သား၊သိရှိထားတဲ့အတိုင်း၊မေးလာသူတွေကို

အိမ်ထောင်ရေးကံကောင်း,မကောင်းနှင့်၊ဖူးစာဖက်-ဖြစ်သင့်,မဖြစ်သင့်,

ချမ်းသာမယ်,မချမ်းသာဘူးဆိုတာတွေ၊

နဲ ့ပတ်သက်ပြီး၊ဗေဒင်မေးသူတွေကို၊ ကျွန်မမှာအချိန်ပေးနေရလို ့၊

ကျွန်မအတွက်တော့အလုပ်ပိုပါတယ်။

(မေးလာသူကို၊မပြောပြရပါလျင်လည်း၊နေနိုင်တဲ့သူမဟုတ်လို ့ပါ)။

ဖူးစာအရေး(အိမ်ထောင်ရေး)နဲ ့ပတ်သက်ပြီး၊

ကျွန်မကိုယ်တွေ ့မျက်မြင်လေ့လာထားမှု(ပြောပြ,ဟောပြမှု)များအရလည်း၊

ဗေဒင်-မဟာဘုတ်ပညာ၊မှန်ကန်မှုရှိနေတာ၊ကျွန်မကိုယ်တိုင်သိရှိခဲ့ပါတယ်။

ဒါကြောင့်လည်းမိမိတို ့ဇာတာများမှာ၊ဖူးစာအရေး(အိမ်ထောင်ရေး)နှင့်ပတ်သက်ပြီး

ဖူးစာဖက်-အနေအားဖြင့်သင့်၏မသင့်၏,ကောင်း၏,မကောင်း၏၊

ဆိုတာတွေကိုသိရှိရလို ့၊မိမိတို ့ဇာတာ-မဟာဘုတ်မှာပါတဲ့အတိုင်း၊

ဖူးစာ(အိမ်ထောင်ရေး)နဲ ့ပတ်သက်ပြီး၊

ကံ,ကောင်းမှာလား-

သိလိုပါလျင်ဖြင့်..။

ဗေဒင်-မဟာဘုတ်ပညာဖြင့်

မိမိကိုယ်တိုင်၊တွက်ချက်ကြည့်၍လည်း သိရှိနိုင်ကြပါကြောင်း၊

ပြောပြလိုပါတယ်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

5 comments

  • Thint Aye Yeik

    June 11, 2018 at 1:06 pm

    ငယ်ငယ်က အဖေ သင်ပေးလို့
    မှတ်ဖူး တွက်ဖူးတယ်။
    အခုတော့. . .
    ဘာကြွင်းရင် ဘာဖွားမို့
    ဘာတွေ ဘာတွေ ဖြစ်တတ်တယ် ဆိုပြီး ပုံသေနည်းကျ
    မှတ်ထားရတာတွေကို ကြားရတာ
    စိတ်ထဲ မအီမသာကြီးမို့
    နောက်ပိုင်း ဗေဒင်ကို သိပ် ယုံကြည်တဲ့အထဲ
    မပါတော့။

    လက္ခဏာပညာကိုတော့ စိတ်ဝင်စားမှု လက်ကျန်လေး
    ရှိသေးသလိုလို

    :k:

  • aye.kk

    June 11, 2018 at 4:37 pm

    တူမောင်ရေ
    ဗေဒင်ပညာ,နည်းကျယ်စွာ
    ဖွေရှာရှုံ ့ညှိအကျိုးရှိတဲ့။

  • Shar Thet Man

    June 14, 2018 at 1:29 pm

    စိတ်ဝင်စားတယ်ဗေဒင်ကို ဖတ်လည်းဖတ်ဖြစ်တယ် အဲဒါထက် မှဲ့တွေကိုပိုစိတ်ဝင်စားတယ်

  • aye.kk

    June 26, 2018 at 2:25 pm

    ဗေဒင်ပညာမှန်ရင်
    စိတ်ဝင်စားပါတယ်။
    မှဲ ့တွေနဲ ့ပတ်သက်ရင်
    မိမိလက်ဖဝါးပြင်ပေါ်မှာတွေ ့ရှိရပါလျှင်
    သက်ဆိုင်ရာဂြိုလ်ခုံတွေရဲ ့အားတွေကို,အားနည်းမှေးမှိန်(ဆုတ်ယုတ်)စေပါတယ်။

  • လုံမလေးမွန်မွန်

    October 27, 2018 at 11:36 pm

    အန်တီရေ..ကံဆိုတာ အလုပ်ပဲလို့ ယုံကြည်ထားပြီး ဗေဒင်ဆိုတာကို အလေးမထားခဲ့မိပေမယ့် အန်တီ့ကျေးဇူးကြောင့် ဗေဒင်ကို ယုံကြည်လာခဲ့ပါတယ်.. တကယ်ကို ကျေးဇူးတင်ပါတယ်နော်..

Leave a Reply