မန္တလေး ဓါတ်ပုံလှလှရိုက်ကြမယ်

Mon LayJune 8, 20181min7755

မြန်မာနိုင်ငံရဲ့ယဉ်ကျေးမှုမြို့တော်ဖြစ်တဲ့ မန္တလေး မြို့ကို သွားလည်ရင်သမိုင်းအကြောင်းကို လေ့လာနိုင်တဲ့အပြင် မြန်မာနိ်င်ငံရဲ့အလှဆုံးနေရာတွေမှာ

ဓာတ်ပုံရိုက်လို့လဲ ရပါတယ်။ဓာတ်ပုံရိုက်တာ ဝါဿနာပါတဲ့လူတွေအတွက်

ဓာတ်ပုံရိုက်လို့ ကောင်းတဲ့နေရာတွေကို ပြောပြမယ်နော်။

U Bein Bridge

ဦးပိန်တံတား

ဧည့်လမ်းညွှန်စာအုပ်တွေဓာတ်ပုံစာအုပ်တွေထဲကအလှဆုံးဓာတ်ပုံတွေကိုကြည့်ရင်

ကမာ္ဘ့ဟောင်းဆုံးနဲ့အရှည်ဆုံးဖြစ်တဲ့ဦးပိန်တံတားမှာရိုက်ထားတာကိုတွေ့ရမှာပါ။ဦးပိန်တံတားနဲ့ရေကန်ဟာရေ

အတက်ဆုံးဖြစ်တဲ့ဒီလိုအချိန်မှာအလှဆုံးပဲဖြစ်ပါတယ်။နေမဝင်ခင်

၂နာရီလောက်အလိုဟာတစ်နေ့လုံးမှာဓာတ်ပုံရိုက်လို့အလှဆုံးပဲဖြစ်ပါတယ်။

Shwenandaw-Monastery

ရွှေကျောင်း

မြန်မာ့ရိုးရာဗိသုကာလက်ရာနဲ့ဆောက်လုပ်ထားတဲ့ရွှေကျောင်းကတော့မူလတော်ဝင်

နန်းတော်ရဲ့မူလအတိုင်းကျန်ခဲ့တဲ့တစ်ခုတည်း

အဆောက်အဦးဖြစ်ပါတယ်။ရွှေကျောင်းကတော့နံရံနှင့်ခေါင်းမိုးမှာထွင်းထား

တဲ့ဗုဒ္ဓပုံပြင်တွေကြောင့်ထင်ရှားပါတယ်။

ရွှေကျောင်းမှာဓာတ်ပုံလှလှလေးတွေထွက်အောင်ရိုက်ချင်တယ်ဆိုရင်တော့နေ့လည်

ဘက်သွားတာအကောင်းဆုံးပါပဲ။

Mandalay Hill

မန္တလေးတောင်

မန္တလေးတောင်ကတော့မန္တလေးမြို့တစ်ခုလုံးကိုမြင်ရတဲ့နေရာပဲဖြစ်ပြီးဓာတ်ပုံဝါဿနာရှင်တွေ

စိတ်ပျက်စေမှာမဟုတ်ပါဘူး။ မြစ်အကွေ့အကောက်တွေ၊ထိုးထွက်နေတဲ့စေတီတွေသာမက

မန္တလေးမြို့မြင်ကွင်းကိုကအလွန်လှပပါတယ်။ ဒါပေမဲ့ဓာတ်ပုံလှလှရချင်တယ်ဆိုရင်တော့မနက်စောစောသွားရပါလိမ့်မယ်။

Inwa

အင်းဝ

ဒါဟာတော့မန္တလေးမြို့ထဲကနေရာတစ်နေရာမဟုတ်ပါဘူး။မန္တလေးမြို့ကနေတစ်ဆင့်

သွားလို့ရတဲ့အင်းဝမြို့ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့

အလျှောက်အင်းဝမှာဓာတ်ပုံရိုက်လို့ရတဲ့နေရာတွေအများကြီးရှိပါတယ်။ ဓာတ်ပုံရိုက်ရတာ

ကြိုက်တဲ့လူတွေအတွက်အင်းဝဟာမသွားမဖြစ်သွားသင့်တဲ့နေရာပဲဖြစ်ပါတယ်။

အပေါ်မှာပြောပြတဲ့နေရာတွေကမန္တလေးမြို့ကဓာတ်ပုံရိုက်လို့လှတဲ့နေရာအနည်း

ငယ်ပဲရှိပါသေးတယ်။ကျန်တဲ့နေရာတွေလည်းရှိသေးတာမလို့မန္တလေးကိုသွားလည်ပြီးအလှဆုံးဓာတ်ပုံတွေရိုက်ခဲ့ပါလို့။

 

5 comments

  • ဦးကြောင်ကြီး

    June 15, 2018 at 11:02 am

    ခြစ်သျှားကို မန္တလေးမှာ ကျွေးခြင်တည်

  • Shar Thet Man

    June 15, 2018 at 2:40 pm

    ဟုတ်ဟုတ်

  • ဦး လေး မန်း

    June 21, 2018 at 11:02 pm

    ကုသိုလ်တော်ထဲလဲရိုက်ကွင်းကောင်းတယ်၊ မတ္တရာဖက်အထွက်လဲလှတယ်၊အောင်ပင်လယ်အထွက်ကတော့ဘာမှမကျန်တော့ဘူးထင်တယ်၊ရေတံခွန်တောင်ဂေါက်ကွင်းဖက်လဲလှသဗျ မန်းတောင်နောက်ခံအမြင်တမျိုးပေါ့၊

  • Shar Thet Man

    June 26, 2018 at 5:20 pm

    ဟုတ်ကဲ့ပါ

Leave a Reply