ဝတ္တုတိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

ဆုိးဆုိးSeptember 5, 20101min674

ချောကလက်မြို့တော်မှ မြို့တော်သူ မြို့တော်သား များ နှင့် ဝက်ဝံရုပ်ချစ်သော သူငယ်ချင်းများ မင်္ဂလာပါရှင်..
the Crazies of Bears ဝတ္တုတိုပြိုင်ပွဲ အတွက် ပြိုင်ပွဲဝင် ဝတ္တုတိုတွေကို ဖိတ်ခေါ်ပါတယ်
တစ်ကယ်တော့ ဒီပွဲလေး ဖြစ်မြောက်အောင် ကျမက တောင်းဆိုခဲ့တာပါ .
ပြိုင်ပွဲအတွက် ဝတ္တုတိုတွေ မရလို့ဆိုပြီး ကိုဝက်ဝံလေးက စိတ်ညစ်ပြီး နင့်ဖာသာပဲ နင်လုပ်တော့တဲ့
ပြိုင်ပွဲဆုကြေးကိုလည်း ယခင် 20000 မှ ယခု 40000 ကျပ်တိတိ တိုးမြင့်ပေးထားပါတယ် ။
ပြိုင်ပွဲဝင်ပေးတဲ့ သူငယ်ချင်းတွေကို ဆုကြေးများများပေးချင်ပါတယ် ကျမတို့က မုန့်ဖိုးထဲက လုပ်ရတာဆိုတော့
အဲဒီလောက်ထိလည်း မတတ်နိုင်ပါဘူး ။ ဘာပဲဖြစ်ဖြစ် ပြိုင်ပွဲမှာ ဆုရသူကတော့ တစ်ကယ်တော်တဲ့ ရေးသားသူ
ပဲဖြစ်တယ်ဆိုတာ သူငယ်ချင်းတို့အားလုံး လက်ခံပေးမယ် မဟုတ်ပါလားနော်..
ပြိုင်ပွဲမှာ ဆုရသူကို ဝက်ဝံရုပ်အကြီးကြီးတစ်ရုပ်လည်း ပေးချင်ပါတယ် ။မပေးဖြစ်ခဲ့ရင်လည်း ကြိုတင်တောင်းပန်ပါတယ်
ပြိုင်ပွဲဝင်မည့် ဝတ္တုတိုတွေကို thecraziesofbears@gmail.com (or) thecraziesofbear@gmail.com သို့
ပေးပို့ပေးနိုင်ပါပြီ ။ ဝတ္တုတိုတွေကို အများဆန္ဒဖြင့်လည်း ရွေးချယ်ပါမည် ။ အထူးအနေဖြင့်လည်း ရွေးချယ်ပါမည်။
ပြိုင်ပွဲတွင် တစ်ဆုကိုသာ ရွေးချယ်ပါမည် ။ 15.09.2010 နေ့ထိ ရွှေ့ဆိုင်းလိုက်ပါသည် .

ပြိုင်ပွဲဝင်ပေးတဲ့ သူငယ်ချင်းတွေကို ကြိုတင်၍ ကျေးဇူးတင်ရှိပါသည် ။
ဝက်ဝံရုပ်ချစ်တဲ့သူငယ်ချင်းတွေကို ကျေးဇူးအထူးတင်ရှိပါသည်။
ချောကလက်မြို့တော်ကိုလည်း အထူးကျေးဇူးတင်ရှိပါသည် ။
” ဝက်ဝံရုပ်လေး၏သစ္စာတရား” ဟု အ မည်ပေးထားတဲ့ သူငယ်ချင်းတို့ရဲ့ ဝတ္တုတိုလက်ရာ ကို စောင့်မျှော်အား
ပေးနေပါတယ်။

ခင်မင်လျှက် ဝက်ဝံမလေး the Crazies of Bears Group

မှတ်ချက်။  ။ချောကလပ်မြို့တော်မှ ဝတ္တုတို ပြိုင်ပွဲ ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

http://chocolatemyotaw.ning.com/profiles/blog/show?id=3019402%3ABlogPost%3A2164679&xgs=1&xg_source=msg_share_post

4 comments

  • chitsayar

    September 5, 2010 at 8:58 am

    ကိုချစ်ဆရာဟာ လူပျိုကြီး(လူလွတ်ကြီး)တစ်ယောက်ဖြစ်ပါ၏။ ရုပ်ရည်ရူပကာလည်းတော်တော်ချောပါ၏။ ပျိုတိုင်းကိုကြိုက်တဲ့နှင်းဆီခိုင်ကြီးလည်းဖြစ်ပါ၏။
    တစ်ယောက်တည်းနေခြင်းသည် အထီးကျန်သည် ဆိုသော စကားကို သူလက်မခံပေ။ အထီးကျန်တာမဟုတ်ဘူး လွပ်လပ်နေတာ ဤသည်က သူ၏အဘိဓမ္မာဖြစ်၏။
    တစ်နေ ့တွင်သ၌မြို ့သို ့ကိစ္စတစ်ခုဖြင့်အသွား လမ်းဘေးအမှိုက်ပုံဘေးတွင်စွန် ့ပစ်ထားသော မွေးကင်းစ မိန်းကလေး ခလေးသားသားလေး တစ်ယောက်ကို အနာရောဂါများကြောင့် တာဝန်ယူမည့်သူ မရှိဖြစ်နေ၏။ လွပ်လပ်ခြင်းကို နှစ်သက်သော ချစ်ဆရာသည် မေတ္တာဂရုဏာ၏စိတ်ဖြင့်ထိုကလေးကိုမွေးစားလိုက်၏။ ကလေးသည်ရောဂါလည်း အလွန်ထူပြား၏။ သို ့သော်သူမကံကောင်းပါ၏။ ချစ်ဆရာ၏ရှိစု မဲ့စု လေးများကုန်အောင်ကုလိုက်သောအခါ သူမသည်အလွန်ကျမ္မာသော သူငယ်မလေးတစ်ယောက် အဖြစ်ဖြင့်အသက်ရှင်ခွင့်ရလေ၏။ ခြေဖြားတွင်ဖြစ်သော အရေပြားရောဂါတစ်မျိုးကြောင့် ဖြစ်သောရောဂါကိုကုသ၍ ပျောက်ကင်းသွားသောအခါ သူမ၏ ခြေဖမိုးနှစ်ဖက်တွင် လွန်စွာမှ လှပသော ခရေပွင့် ပုံစံ အမှတ်သားလေးတစ်ခုစီ ထင်ထင်ရှားရှား ကျန်ရစ်ခဲ့လေ၏။ သို ့နှင့်ပင် ချစ်ဆရာသည် သမီးလေးအား လူလားမြောက်အောင် ကျွေးမွေးပြုစုစောင့်ရှောက် ပညာသင်ပေး၏။ သမီးလေးသည်လွန်စွာမှ လိမ္မာရေးခြားရှိပြီး စာလည်းအလွန်တော်၏။ သမီးလေးဆယ်တန်းအောင်သောအခါ မြို ့သို ့ပို ့၍ကျောင်းဆက်ထား၏။ သမီးလေးကဆရာဝန်မကြီးဖြစ်မှာတဲ့။ အိုမင်းရင့်ယော်လာပြီဖြစ်သော ချစ်ဆရာသည် သမီးလေးတွက် ခွန်အားနှင့်မမျှအောင်ပင် အလုပ်များကို ကြိုးစားလေ၏။ သို ့နှင့်ပင် သမီးလေးသည် ဆရာဝန်မကြီးတစ်ယောက် ဖြစ်ပြီဖြစ်ကြောင်းသူကြားသိရ၏။ သို ့သော်သမီးလေးသည် စာအလွန်တော်သောကြောင့် နိုင်ငံခြားသို ့ပင်သွား၍ ဘာလဲမသိဘူး သွားယူရဦးမည်ဆို၏။ သူလွန်စွာမှ ဝမ်းသာမိလေသည်။ ဒါမှငါ့သမီး။ သို ့နှင့် အိမ်ခြံကလေးကိုပင် ပေါင်နှံ၍ အသမီးလေး၏ ပညာရေးတွက်ငွေကြေးများထောက်ပံ့ပေးလိုက်၏။
    ကြာခဲ့ပါပြီ နှစ်အတန်ကြာဖြစ်ပါ၏။ ယ္ခုအခါ ထိုဒေသ၌ ချစ်ဆရာဟူသောလူကြီးသည်မရှိတော့ပြီဖြစ်၏။
    စေတီပုထိုးမြောက်များစွာရှိသော ပုဂံနယ်မြေတွင် နိုင်ငံခြားသားများသည် လာရောက်၍ အရက်သောက်ခြင်း ဘီယာသောက်ခြင်းများဖြင့် အပန်းဖြေကြလေ၏။
    ထိုဒေသတွင်ပင် ခြေနှစ်ဖက် မြေကြီးကို တရွတ်တိုက်၍ လက်နှစ်ဖက်ကို ခြေထောက်သဖွယ် ထောက်၍ထောက်၍သွားသော အဘိုးမအိုတအို တစ်ယောက်သည် ခွက်တစ်လုံးဖြင့်တောင်းရမ်း၍စားသောက်နေ၏။ နိုင်ငံတော်ဝန်ကြီးဖြစ်ပြီး ပြည်သူ ့ငွေတွေခိုးစားတဲ့ကောင်တွေနှင့်စာရင် မသန်စွမ်းတဲ့ငါ တောင်စားနေရတာ က တော်တယ် ဤသည်ကားအဘိုးအို၏အဘိဓာန်ဖြစ်၏လေ။ တစ်နေ ့တွင်သော်အဘိုးအအိုသည် နိုင်ငံခြားကလေးငယ်(မိန်းကလေး) တစ်ယောက်၏ သနားသဖြင့် ပေးသော အင်္ဂလိပ်ချောကလက်တစ်ခုကို စားနေ၏။ ကလေးငယ်သည်အဘိုးအိုအားစိတ်ဝင်တစားစိုက်ကြည့်နေလေ၏။
    ထိုစဉ်တွင်လည်း အဘိုးအို၏စိတ်တွင်တစ်စုံတစ်ခုကို သတိရနေလေဟန်ရှိနေ၏။ ထိုစဉ်တွင်၌ပင် အသံတစ်စုံသည် ကလေးငယ်၏ဘေးသို ့ရောက်ရှိလာလေ၏။
    ကလေးငယ်သည် သူမ၏မိဘ များဖြစ်ဟန်တူသော အမျိုးသမီးနှင့် အမျိုးသား အား အဘိုးအိုကို လက်ညှိုးထိုး၍ သူမပေးလိုက်သောအင်္ဂလိပ်ချောကလက်ကို အဘိုးအိုစားနေခြင်းတွက် များစွာကျေနပ် ပျော်ရွှင်စွာပြောပြနေလေ၏။
    အမျိုးသမီးနှင့် အမျိုးသား တို ့သည် အဘိုးအိုအား စိုက်၍တစ်ချက်ကြည့်ကြ၏။
    အမျိုးသားသည်အဘိုးအိုအားပြုံး၍ပြ၏။ အမျိုးသမီးမှာကား…….။
    အဘိုးအိုသည် သူ၏မှုန်ဝါးနေသော မျက်လုံးတို ့ဖြင့် အမျိုးသမီးအား မော့၍ကြည့်၏။
    တစ်ခုခုကိုဇဝေဇဝါဖြစ်နေပုံရ၏။ သူ၏ရှေ ့၌မားမားထီးထီးရပ်နေသောအမျိုးသမီး၏ခြေအစုံကို သေသေခြာခြာ ကြည့်၏။
    သူဘယ်တော့မှမမေ့နိုင်ပြီဖြစ်သော အလွန်လှပသော ခရေပွင့်အမှတ်သားလေးတစ်စုံဖြစ်ပါ၏။ သမီးလေးခရေကြယ်။ ရည်ရွတ်သံနှင့်အတူ ခြေအစုံကို သိုင်း၍ဖက်လိုက်၏။ အမျိုးသမီးမှာ သူမ၏ခြေအစုံကို အဘိုးအို၏ လက်အတွင်းမှ စောင့်၍ရုန်းထုတ်လိုက်ပြီးလျှင် အဘိုးအို၏ ဘေးရှိခွက်ကို ဂွမ်းကနဲ ့နေအောင် ကန်ထုတ်လိုက်ပြီးလျှင် ခလေးနှင့်အမျိုးသား၏ လက်တစ်ဖက်စီကို ဆွဲကာ အင်္ဂလိပ်လို speaking ပွစိပွစိလုပ်၍ထွက်ခွာသွားလေတော့၏။
    အဘိုးအိုမှာ လွင့်သွားသော သူ၏ခွက်ကိုတစ်လှည့် တစ်ရွေ ့ရွေ ့ ထွက်ခွာသွားသော နောက်ကျောပြင်များကိုတစ်လှည့် ငေးကြည့်ရင်း………………..
    ဘယ်သူမပြု မိမိမှု ့
    ငါ၏ရုပ်ခန္ဓာရှိ၍သာငါ့အကြောင်းရှိရခြင်းဖြစ်၏။
    ဘဝဟူသမျှဒုက္ခချဉ်းပင်ဖြစ်၏။ ထို ့ကြောင့်ဘဝဆိုလျှင်ဘယ်ဘဝငါမခင်တွယ်တော့ပြီ။
    ပေးးးးးးးးးးးးးးး
    လေးသောင်း
    ဗမာပိုက်ဆံ

  • winkyawaung

    September 5, 2010 at 9:26 am

    ကောင်းသော ဝထ္ထုတိုဖိတ်ခေါ်ပွဲလေးပါ။ ငွေ လေးသောင်းဆုအပြင် ဒီပြိုင်ပွဲက ဆုရစာမူလေးတွေကို စုပြီး စာတစ်အုပ်ထုတ်ပေးရင် ပိုကောင်းပါမည်။ ဆုပေးပြီး စာမူတွေကိုသိမ်းထားရင် ဘာမှ အကြိုးမရှိပါ။ လုပ်နိုင်ရင်တော့ ကောင်းပါတယ်။

  • bigcat

    September 5, 2010 at 6:28 pm

    ကိုချစ်စရာသည် ဝထ္ထုပြိုင်ပွဲတွင် ပထမဆုချိတ်သဖြင့် ငွေလေးသောင်းကို ရင်ဝယ်ပိုက် မိလေသည်။ ဤငွေကား ငါ၏ ပညာဖြင့်ရသော အောင်မြင်မှု ဆုလာဘ်ပေတည်းဟု လွန်စွာ ဝမ်းမြောက်ကာ ငါသည်ငါကားငါထက်ငါ၏ ငါ့လိုငါဟုမငါနိုင်ကြ ငါမှငါပါငါသာတကား လို့ ငါပေါင်း ကြိမ်ဖန်များစွာ ငါဒါန်ရင့်ကြူး ကြွေးကြော်မိလေတော့သည်။ အတန်ငယ်ကြာ၍ စိတ်ငြိမ်သက်သော အခါ သူ၏ငွေလေးသောင်းကို မည်သို့မည်ပုံ စီမံခန့်ခွဲ သုံးစွဲရမည်နည်းဟု အကြံထုတ်လေသည်။ အင်း.. ငွေလေးသောင်း ငွေလေးသောင်း နည်းတဲ့ ငွေတွေမဟုတ်ဘူး။ စစ်အစိုးရ မတက်ခင်က ငါရောင်းဖူးတာ တကျပ်ကို ဒေါ်လာနှစ်ဆယ် အစိတ်ရတယ်။ အခုဆို စစ်ဗိုလ်အဘတွေရဲ့ အမြော်အမြင်ကြီးစွာနဲ့ စီမံခန့်ခွဲအုပ်ချုပ်မှုကြောင့် တကျပ်ဟာ တထောင်ဒေါ်လာနီးပါး ပေါက်နေပြီ။ အခုုငါရတဲ့ ကျပ်လေးသောင်းဟာ ကာလပေါက်ဈေး ဒေါ်လာ သန်းလေးဆယ်၊ ဒေါ်အောင်ဆန်းစုကြည်ရတဲ့ ကမာ္ဘကျော် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုတောင် ဒီလောက်မပေး။ ဒီငွေတွေကို ဘယ်လိုသုံးရပါ့။ ငါကလူပျိုကြီး၊ အပျော်အပါးလဲ မလုပ်တတ်၊ ပေးစရာလူရယ်လို့လည်း မယ်မယ်ရရ မရှိ။ လက်ထဲမှာထားလို့လည်း အချီးအနှီး၊ သေလည်း နောင်ဘဝကို ယူသွားလို့မရ၊ ငါဘာလုပ်ရပါ။ ဒါနဲ့ပဲ လူပျိုကြီး ကိုချစ်စရာ တယောက် အိပ်ပျော်သွားလေသည်။
    တရေးနိုးတော့မှ ဪငါ့နယ် ညံ့လိုက်တာ၊ ငါတို့မြန်မာနိုင်ငံမှာ ကျောင်းလာတက်နေကြတဲ့ အနောက်တိုင်းနဲ့ ဂျပန် စင်္ကာပူတို့က ကျောင်းသားကျောင်းသူတွေ အတွက် ငါရတဲ့ ဆုငွေတဝက်ခွဲပြီး ရံပုံငွေ ကိုကိုချစ် ပညာရေးရံပုံငွေ ဆိုပြီးထောင်ပေးရရင် ကောင်းမှာပဲ။ သူတို့လေးတွေခင်ဗျာ ငါတို့ဆီမှာ မျက်စိသူငယ် နားသူငယ်နဲ့ ကျောင်းတဖက်တက်ရ ညဖက်ကြရင်လည်း စားသောက်ဆိုင်တွေမှာ အလုပ်တွေလုပ်ရနဲ့ သနားပါတယ်။ မြန်မာလူငယ်လေးတွေကလည်း သူတို့ဘိုးဘွားတွေ မဆလ ခေတ်တုန်းက ကမာ္ဘ့အလယ်မှာ ဖွတ်ကျားငမွဲတွေဆိုပြီး မျက်နှာငယ်ခဲ့ရတာကို သတိမရကြတော့ဘူး။ ဒီမှာကျောင်းလာတက်တဲ့ အဖြူတွေကို အသားအရေ ကြမ်းလို့ဆိုပြီး အဖက်မလုပ်၊ ဂျပန်တို့ စင်္ကာပူတို့ကို ဆိုရင်တော့ လူဖြူတွေရဲ့ ကျွန်ဟောင်းတွေဆိုပြီး မသတီချင်ကြ။ အခုတောင် ကျေးဇူးကန်းပြီး ဘဘစစ်ဗိုလ်ချုပ်ကြီးတွေ ကိုယ်ကျိုးစွန့် အနစ်နာခံ တည်ထောင်ခဲ့ရတဲ့ စည်းကမ်းရှိသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ပြောလာကြပြီ။ ငရဲ ဇောက်ထိုးသွားမဲ့ကောင်တွေ။
    ကျန်တဲ့ငွေတွေကိုတော့ လဒစီးပွားရေးဒေါ်ပိုင်မှာ ရှယ်ရာဝင်ထားပြီး အဲဒီကရတဲ့ အမြတ်ငွေနဲ့ မကြာခင်မှာ ငါထောင်တော့မဲ့ ချစ်စရာဂေဇက် အွန်လိုင်းမှာ လာပြီးအာချောင်ကြ၊ လက်သရမ်းကြမဲ့လူတွေကို မြှောက်ထိုးပင်ကော် လုပ်ဖို့ဖယ်ထားမယ်။ စာတပုဒ်ရေးရင် ဒေါ်လာ ၁၀ဝ ကနေ ၁၀၀ဝ အထိ၊ ကွန်မန်ဆို ၂ဝ ကနေ ၅၀။ ဟီဟိ မြန်မာတွေမွဲတုန်းက ပွိုင့်ပေးတယ်ဘာညာဆိုတဲ့ မန်းလေးဂေဇက်ဆိုတဲ့ ဟာကို သနားတယ်။ မကြာခင်မှာဘဲ အယ်ဒီတာချုပ် ဦးဦးချစ်ရဲ အွန်လိုင်းဂေဇက်နဲ့ ပညာရေးဖောင်ဒေးရှင်းကြီး တို့ပေါ်ထွန်းလာကာ ကမာ္ဘတဝှန်းလုံးမှ ပညာလိုလားသူများ၊ စာပေဝါသနာရှင်များ၏ အားကိုးအားထားပြုရာ နေရာကြီးတခုဖြစ်လာလေတော့ သတည်း။

    ကဲပေး လေးသောင်း၊ ကိုယ်ချစ်စရာနဲ့ ပူးတွဲဆုရလို့ ပေးမယ်ဆိုရင်လည်း တိတိကျကျ တဝက်ဆီဖြစ်ပါစေ။ မဟုတ်လို့ကတော့ အဆိုတော်နေနော့် သတင်းလို ဖွလိုက်မယ်။

  • ဆူး

    September 6, 2010 at 3:33 am

    ကိုချစ်စရာ လေးသောင်း ကိုကြောင်ကြီး သန်းလေးဆယ် ကြားရတာ စိတ်မကောင်းဘူး။ ရုပ်ရှိလို့ ရင်တော့ ဖြစ်ပျက်က ရှိနေမှာဘဲလေ မလွန်ဆန်နိုင်တဲ့ လောကသဘော ဘယ်သူမှ လွန်ဆန်မရဘဲ ကုသိုလ် ဆက်လက် လက်ချင်းဆက်လို့ အိုနာသေရေး ဒုက္ခဘေးက မလွန်နိုင်ဘဲ သေရမဲ့ သူတွေမို့ သံသရာ ကျင်လည်နေသ၍ ဝဋ်မှာ အမြဲ ငရဲမှာ အပ ဆိုတဲ့ စကားအတိုင်း ငရဲ မကျ အပါယ်ပိတ်မဲ့ ကိစ္စလေးတွေ လစ်ဟင်းမှုတွေ မဖြစ်ရအောင် ဖြည့်ဆွက် ဆန္ဒ တလုံးအဝ အားလုံး ပြည့်စုံ ကုန်လုံ သွားအောင် ဆင်းရဲသူများ ပပျောက်ရေး အသင်းနဲ့ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီး များရုံးခန်းက မသိကျေးကျွန်ပြုနေခံရတဲ့ ဒုက္ခများမြှောင် လူတို့ဘောင် ကယ်တင်ရေးအတွက် လက်မနှေးဘဲ ဖောင်တေးရှင်းကြီး ထောင်ပြီး လုပ်ရင် ပိုကောင်းလေမလား ပေါ့ကွယ်။ သူများ နိုင်ငံ မျက်နှာငယ်နဲ့ စာပေ ကြိုးစားသင်ယူနေတဲ့ ကျောင်းသားများ ထောက်ပံ့ခြင်းဟာ ကောင်းပါသော်လည်း တနေ့ တနပ် မနပ်မှန်ဘဲ ခိုကိုးရာခဲ့ ဆင်းရဲမွဲတေ အနာ ထူပြော ဆင်းရဲခြင်းသဘော မလွန်ဆန်နိုင်သော လူမှုဘဝ နေထိုင်ရတာ ခက်ခဲလှတဲ့ သူတွေ အတွက် ထောက်ပံ့ကြေး တွေလိုအပ်နေပါတယ် နောက်ပြီး ကိုယ်ထိလက်ရောက် ပေးကန်းပြန်တော့ လောဘရမက် မလွန်ဆန်ဘဲ ၂လုံး သုံးမှ ကုန်ကျရတော့ ကူသူ မည်အောင် ကယ်မည်ဖြစ်၍ ထမင်းကျွှေး ဆေးကု စရိတ်ကတော့ မသေးလှဘူး လုပ်ငန်းထူထောင် အခြေတကျ ဘဝ လှဖို့ ဆောင်ရွက်ဖို့လည်း လိုပေသေးသမို့ သနားဂရုဏာ မေတ္တာ အစဉ်ထား သစ္စာတရား လက်ကိုင်ထား မိဘမရှိ လမ်းဘေး တောင်းစား ကလေးငယ်များ သနား ဖွယ်အတိ လူဖြစ်လာလို့ ကယ်ရမည်မှာ မလွဲပေမို့ ကျန်းမာ လန်းဆန်း ချူချာ ဘဝ နုံချာ များတွေ ပပျောက်စေအောင် ပြုလုပ်မည်မို့ ပေး ကိုချစ်စရာ နှစ်သောင်း ကိုကြောင်ကြီး သန်းနှစ်ဆယ်…

Leave a Reply