စောင်ငှက်လက်ထက် ဒီမိုပျက် ရှစ်လေးလုံးအခက်

ကေကျုတို့ ရှစ်လေးလုံးပါတီကို ရွေးကော်က ကန့်ကွက်သူရှိလို့ နံမယ်ပြောင်းခိုင်းလိုက်တယ်။ မူလတင်တဲ့နံမယ်က ရှစ်လေးလုံးပါတီ နောက်တော့ ရှစ်လေးလုံးနံမယ်ကို တပါတီတစုတဖွဲ့အတွက် မသုံးရလို့ ပြည်တွင်းပြည်ပကနေ ကန့်ကွက်လို့ ရွေးကော်က ခေါ်တွေ့တာကြောင့် ရှစ်လေးလုံးပြည်သူ့ပါတီလို့ အမည်ပြောင်းလိုက်ရတယ်။ ယနေ့ဆိုလျင် ပါတီတည်ထောင်ခွင့် တင်ထားတာ ခြောက်လပြည့်တော့မည်။ ပြစ်ချက်မရှိတဲ့ နိုင်ငံရေးပါတီလောင်းတခုကို ဟန့်တားပိတ်ပင်တာ ဥပဒေနဲ့ မညီပါ။ ကန့်ကွက်သူ နှစ်ရာကျော်ကြောင်း သတင်းများအရ သိရတယ်။ ကန့်ကွက်သူရှိတိုင်း လုပ်ကြေးဆို ရွေးကော်လူဂျီးများ ကိုယ့်တာဝန် ကိုယ်ယူဖို့ လိုလိမ့်မယ်။ တုန်ချိတုန်ချိ ငှက်အဆိုးရ လက်ထက်မှာ သိပ်မမျှှော်လင့် စကောင်းပေမဲ့ ဒီလောက်ထိတော့ မျက်နှာလွဲခဲပစ် မလုပ်သင့်ဘူး။ ကိုယ်နိုင်တုံး ဖိထောင်းရင် ကိုယ်ခံရတဲ့ အလှည့်ရောက်တဲ့အခါ အကျနာလိမ့်မယ်။ ဖဆပလ လက်ထက်မှာ ဦးနုအစိုးရ လူအများစု ထောက်ခံတယ်ဆိုပြီး အတိုက်အခံကို သောက်ဂရုမစိုက် ပမာမခန့်လုပ်ခဲ့လို့ ၁၉၆၂ခုနှစ် ဗိုလ်နေဝင်း စစ်အာဏာ သိမ်းတဲ့အခါ ထီးထီးကြီး ကွက်ခံရတယ်။ လက်ခုပ်လက်ဝါးတီးပြီး ဖဆပလအဆင်း ချောက်တွန်းပေးတဲ့ ဆန့်ကျင်ဖက် နိုင်ငံရေးအင်အားစုများလည်း အနှိပ်ကွပ် ခံရတာပါပဲ။ ပြန်ချုပ်တော့ ကြားက ငထွားတိုင်းပြည်ပဲ ခါးနာကျန် စစ်ကျွန်ဘဝ သက်ဆင်းခဲ့ရတာပေါ့။

အခုလည်း အန်အယ်လ်ဒီ အဲဒီသောက်ချိုး ချိုးနေပြီ။ ရွေးကော်သည် နာဂစ်ခြေဥအရ အစိုးရဖွဲ့ပေးတာမို့ ဘယ်လောက် လွတ်လပ်တယ်ပြောပြော ထောက်ပြစရာ မလွတ်ဘူး။ အစိုးရသစ် သက်တမ်း ၂နှစ်အတွင်း တကယ်လုပ်ပိုင်ခွင့် ရှိလား၊ ဘယ်လောက်အတိုင်းအတာ လုပ်ခဲ့လဲ မေးခွန်းထုတ်ချင်တယ်။ ပြည်ရှစ်လေးလုံးပါတီအမည်ကို ကန့်သတ်တာ ဥပဒေအရ ပြဌာန်းတဲ့ လုပ်ပိုင်ခွင့်အာဏာ သုံးတာ အကြောင်းပြလျင် စောဒက တက်စရာ မရှိပါ။ သို့သော် အခြားသူများကိုလည်း လုပ်ရမယ်။ ရှစ်လေးလုံး အမည်သည် သမိုင်းဝင်မှတ်တိုင်မို့၊ တနိုင်ငံလုံးနဲ့ ဆိုင်လို့ဆိုလျင် မူလတန်းကနေ အထက်တန်းအထိ ဝတ်ဆင်တဲ့ ကျောင်းဝတ်စုံ အဖြူ၊အစိမ်းကို ယူထားတဲ့ ကြံ့ဖွတ်ပါတီကို တားမြစ်ပါ။ တမျိုးသားလုံးနဲ့ဆိုင်တဲ့ သမိုင်းဝင် အမှတ်တံဆိပ် ခွပ်ဒေါင်းပုံ ယူသုံးထားတဲ့ ဒီချုပ် အမှတ်တံဆိပ် ပြန်ရုပ်သိမ်းခိုင်းပါ။ ကြာရင် သမိုင်းဝင် ရဲရဲတောက်ခွပ်ဒေါင်း ငှက်အပြောခံရာကနေ လဒဘဝရောက်တော့မည်။ အဲဒီကိစ္စအကြောင်းခံ ဒီချုပ်ပါတီ မူလအမှတ်အသား ခမောက်ပုံကို ဖွတ်သမတ ဦးသိန်းစိန်ရဲ့ ရွေးကော်ဆီက လက်ဝါးရိုက်ယူသွားတဲ့ ဒီချုပ်မှ ဖဲ့ထွက်သွားတဲ့ အန်ဒီအက်ဖ်ပါတီကို ပြန်ပြင်ခိုင်းပါ။ အမျုိုးသားရေး၊ ဘာသာရေး အကြောင်းပြ ခြေရှုပ်နေတဲ့ ခြေရှုပ်ကြမည့် ဘုန်းကြီးဆိုး၊ မျိုးညစ်များကို နိုင်ငံရေးပါတီ၊ အင်အားစုများကို ထိန်းကျောင်းရမည့် ရွေးကော်အနေနဲ့ ထိရောက်စွာ တုံ့ပြန်ပါ။ ဒါတွေတော့ ရူးချင်ယောင်ဆောင်နေ၊ ငှက်မယ်ဒေါ် မျက်နှာကြည့်နေပြီး ကိုယ်နိုင်တဲ့ အတောင်ပေါက်ခါစ ဒီမိုအင်အားစုတခုကို စစ်တပ်မျက်နှာလိုအားရ ဘေးကင်းရန်ကွာ ဥပဒေစကားပြောတာ ရင်နာဖို့ကောင်းတယ်။

 

စောင်ငှက်ပစ်ချရေးကော်မတီ

ခဲနဲ့ပေါက် ခဲနဲ့ပေါက် ကြောင်ကြီး

5 comments

  • Shar Thet Man

    June 15, 2018 at 2:22 pm

    ဦးကြောင်ကြီးပေါ်လာပြီ

  • ဦး လေး မန်း

    June 18, 2018 at 4:46 am

    အောင်ကြူးစာတွေမဖတ်ရတာကြာပီ အဝင်ခက်လို့ရွာထဲမရောက်တာကြာပီ၊
    ကျန်းမာပကတိချမ်းသာစွာရှိကြပါစေလို့၊

  • Thint Aye Yeik

    June 20, 2018 at 7:15 pm

    ဒီမိုက ဒေါင်း အစိုးရလက်ထက်မှ ပျက်တာလား
    နဂို ပျက်ပြီးသားလား

    :k:

  • Shar Thet Man

    June 22, 2018 at 10:03 am

    နိုင်ငံရေးအကြောင်း သိပ်ရေးတယ်နော်..ဦးကြောင်ကြီးက ဘာလား

    • ဦးကြောင်ကြီး

      June 23, 2018 at 8:53 am

      ခြင်ရှဉ့်လား

Leave a Reply