ဒေါ်ရှုတာ ခေါင်းမမာခဲ့ဖူး ဆိုလျင်.. …
ဒေါ်ရှုတာ ငါတကော မကောခဲ့ဖူး ဆိုလျင်.. …
ဒေါ်ရှုတာ စစ်တပ်မျက်နှာကြည့် အလိုက်အိုက် နေခဲ့မည် ဆိုလျင်… ..
ဒေါ်ရှုတာ သားတို့သာမီးတို့ရယ် သည်းခံလက်ကြပါ လေပြေထိုးခဲ့မည် ဆိုလျင်… ….
ဒေါ်ရှုတာ ယနေ့ လုပ်သလို ၈၈ အရေးအခင်းကာလ ဦးအောင်ကြီးရဲ့ “စစ်တပ်ကို ဆိတ်နက်တောင် မပြစ်မှားနဲ့” စကား နာယူခဲ့မည် ဆိုလျင်.. ….
ဒေါ်ရှုတာ ၈၈ အရေးအခင်းတုံးက ဝန်ကြီးချုပ်ဟောင်း ဦးနု စင်ပြိုင်အစိုးရကို လိမ္မာပါးနပ်စွာ ထောက်ခံခဲ့မည် ဆိုလျင်…. …
ဒေါ်ရှုတာ ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက် စစ်ဆန့်ကျင် နယ်လှည့်စည်းရုံးရေး မဆင်းခဲ့ ဆိုလျင်… ..
ဒေါ်ရှုတာ ၁၉၉၀ ရွေးကောက်ပွဲ နိုင်ပြီးနောက် တင်းမာတဲ့သဘောထား မထားခဲ့ဖူး ဆိုလျင်…. ..
ဒေါ်ရှုတာ ၁၉၉၆ နေအိမ်အကျယ်ချုပ် ပြန်လွတ်ပြီးနောက် စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု ပြုခဲ့မည်ဆိုလျင်… ..
ဒေါ်ရှုတာ….. ဆိုလျင် များစွာ… ..
ဒေါ်ရှုတာ ယနေ့အချိန် ငါ့စကားနွားရ ပြောသလို စစ်တပ်အလိုလိုက် အလိုက်သင့် နေခဲ့မည် ဆိုလျင် … ….
၁၉၈၈ စစ်အာဏာမသိမ်းခင်မှ အာဏာသိမ်းခေတ်ဦး ၁၉၉၀ ရွေးကောက်ပွဲလွန် ကာလမှ စတွက်လျင် ရာစုနှစ်တဆိတ် ၂၅နှစ်ကျော် အချိန်ရသည်။ ။။။
ထောက်လှမ်းရေး ဗိုလ်ခင်ညွှန့် သြဇာကျချိန် ၂၀၀၀ ခေတ်ဦးနှင့် ထလရ ပျက်ဆီးချိန် ၂၀၀၄ မှစတွက်လျင် ၁၅နှစ် အချိန်ရသည်။ ။။။
နိုင်ငံတခု ပြန်လည်ထူထောင်ဖို့ မျိုးဆက်တဆက် (အနှစ် ၂၀) အနည်းဆုံး အချိန်ယူရသည် ဆိုလျင်…. ..
အစိုးရတခု မူဝါဒ၊ လုပ်ငန်းစဉ်များ အရှိန်ရဖို့၊ ပြင်ဆင်သုံးသပ်ဖို့ ၁၀နှစ် အသာလေး အချိန်ယူရသည် ဆိုလျင်…. ..
၉၀ကာလ အစောပိုင်း ကာလများတွင် ယနေ့ ကမ္ဘာ့စီးပွားရေး ဒုတိယ အကြီးဆုံး တရုတ်ကြီး ဈေးကွက်စီးပွားရေး ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်မြှင့် ဆောင်ရွက်နေချိန်..။။။
ယနေ့ အာရှကျား ဗီယက်နမ် မရဲတရဲနှင့် ဈေးကွက်မူဝါဒများ အနောက်တိုင်းနှင့် ပူးပေါင်း လေ့လာနေချိန်… ..
လာအို၊ ကမ္ဘောဒီးယားတို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လွန်စွာဝေးကွာနေချိန်…. ..
၁၉၇၀-၈၀နှစ် ပြည့်လွန်နှစ်များက အရှေ့တောင်အာရှထံ ဝင်လာတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခွင့်အရေး အခြားအရှေ့တောင်အာရှကျား စင်ကာပူ၊ မလေး၊ အင်ဒို၊ ထိုင်း၊ ဖိလစ်ပိုင်တို့ထံ ရောက်သွားပြီးပြီ….။ ။။။။
၁၉၉၀နှစ်များမှာ တခါထပ်ရတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း ဗီယက်နမ်၊ လော တို့ထံ ရောက်သွားခဲ့သည်။ ။။။။
အခုရော ဘာထူးလဲ… နိုင်ငံတဝက် စစ်တပ်လက်အပ်၊ အစိုးရနှစ်ခု စင်ပြိုင်သွားနေ၊ တကယ်အရေးကြီးတဲ့ ကိစ္စများမှာ စစ်တပ်မျက်နှာ ကြည့်နေရတာပဲ မဟုတ်လား။ ပါးစပ်ကသာ စောင်ကြီးစောင်ကျယ်ပြော… လက်တွေ့မှာ အစိုးရဘတ်ဂျတ် အများဆုံး စစ်တပ်ကိုပေးရ၊ ကာကွယ်ရေးဘတ်ဂျက်ကိုလည်း အရပ်သားအစိုးရ စစ်ခွင့်မရှိ။ စစ်တပ်ကို ထိမရဆိုတော့ ရဲနဲ့ပြည်ထဲရေး ဘတ်ဂျက်ရော.. မထင် မထင်။ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေလည်း အရင်ခေတ်ကအတိုင်း အထူးသဖြင့် သယံဇာတ တူးဖေါ်ရေးလုပ်ငန်းတွေမှာ လက်ဝါးကြီးအုပ်မြဲ….။ အရပ်သားထဲ ကျွမ်းကျင်သူ မရှိလို့ ပြီးခဲ့တဲ့ နှစ်မှာတင် မိုးကျရွှေကိုယ်တော်၆၀ အရပ်ဖက်ဌာနများကို ရောက်လာ….။ တနေ့က ဒီချုပ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးအဖွဲ့ အစည်းအဝေးမှာ နယ်တခုမှ လွှတ်တော်တွင်း စစ်သားအဆိပ်သား ထွက်ရေး အဆိုတင်တာ အများသြဘာပေးတော့ ဒီချုပ်စီအီးစီ ဒေါ်မေဝင်းမြင့် သဘောမတူ ကန့်ကွက် မလုပ်ဖို့တား…။
ကိုယ့်လက်ထဲ လုပ်ပိုင်ခွင့်ရတော့ မူဝါဒ မပြတ်သား၊ အတွေ့အကြုံနဲ၊ စကားနားထောင်မည့်ပုံ မပေါ် အဝင်မခံ၊ ရန်သူကို မျက်နှာချိုသွေး အခြင်းခြင်းဖိထောင်း၊ ကိုယ့်ကိုယ်ကိုယ် အထင်ကြီး ထင်ရာစိုင်း လုပ်ချင်ရာလုပ်၊ ကိုယ့်အမှားကိုယ်မမြင် ပြင်ဖို့လည်း မစဉ်းစား။ ဒီပုံနဲ့မိုးချုပ် တလှေထဲစီး တခရီးထဲသွား ကာလရှည် လက်တွဲဖေါ်များနဲ့လည်း မိတ်ပျက်ရပြီ။  ကိုယ့်ပေါင်ကိုယ်လှန်ထောင်းကြေးဆိုလျင် စစ်တပ်အပြင် မည်သူ့ကို အပြစ်တင်မည်နည်း။ နောင်အနှစ် ၂၀ – ၃၀ သမိုင်းကို ပြန်ရေးတဲ့အခါ ဒီပုံနဲ့ မိုးချုပ်မည့် ငှက်မေမေနှင့် ငှက်အဆိုးရ မျက်နှာပန်း လှနိုင်မည် မဟုတ်ပါချေ။ ။။။
ငှက်ပစ်မုဆိုးကြောင်ကြီး
ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး