ဗိုလ်ချုပ် ဒီချုပ် လုပ်ချင်တာလုပ်

နယ်တွေမှာ (အထူးသဖြင့် ပြည်နယ်တွေမှာ) အခုဖြစ်နေတဲ့ ဗိုလ်ချုပ်ကြေးရုပ် ပြဿနာ ကြည့်ရအောင်။ ဗိုလ်ချုပ်ကို ဗမာခေါင်းဆောင်မို့ နိုင်ငံရေးတက်ကြွသူ တိုင်းရင်းသားအချို့ မနှစ်မြို့ဘူး။ သူတို့မှာ အခြားနိုင်ငံရေး ရည်မှန်းချက် ရှိကောင်းရှိမှပေါ့။ ဗိုလ်ချုပ်ရုပ်ထု ပေါ်လာတော့ အံကိုက် ရိုက်ချလိုက်တယ်။ ဒီမိုကရေစီ နိုင်ငံရေးကို လက်ခံနိုင်ရင် သဘောထား ကွဲပြားမှုပါ တွဲပါလာတာမို့ စေ့စပ်ညှိနှိုင်း အဖြေရှာတာ ထုံးစံပဲ။ ကမာ္ဘမှာ လက်ခံတဲ့ အုပ်ချုပ်ရေး သီအိုရီမှာ ဗဟိုအစိုးရ အားကောင်းရမယ်။ ဒေသန္တရ အစိုးရများ အားသိပ်ကောင်းလျင် (ဝါ) သူတို့အပေါ် ဗဟိုအစိုးရ (ဖက်ဒရယ်အစိုးရ) ဩဇာသက်ရောက်မှု အားမကြီးလျင် မူဝါဒများ၊ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဖင့်လေးမည်၊ ကုန်ကုန်ပြောလျင် သူပုန်ကြီးတော့ အစိုးရဖြစ်၊ လက်ရှိအာဏာရပါတီ နိုင်ငံရေးပြိုင်ဖက် ဖြစ်လာမည်။ ဒါကြောင့် အုပ်ချုပ်ရေးဆိုင်ရာ ပညာရှင်များက ဗဟို (ဖက်ဒရယ်) အစိုးရ ပါဝါကြီးအောင် ဖွဲ့စည်းဖို့ တိုက်တွန်းလေ့ရှိသည်။ ။။။။။
ငှက်ဘွားဒေါ် စဉ်းစားပုံ အတွေးအခေါ်မှာ  အာဏာရှင်ဆန်သည်။ ငါပြောသလိုလုပ် ငါ့စကားနားထောင်၊ ငါ့စေတနာ မစော်ကားနဲ့။ မင်းတို့ထက် ပိုသိပိုတတ်တယ်။ အဂုင်္လိလိုတော့ Big brother စတိုင်။ အကိုကြီးအဖအရာ အမကြီးအမိအရာ ငါကောင်းမည်ထင်ရာ စီမံတာ မင်းတို့အငယ်တွေ လက်ခံရမည်။ နို့မို့လို့ကတော့ ငါ့ဆီက အကူအညီ မမျှော်နဲ့။ မှန်ပါသည်၊ တကွဲကွဲတပြားပြားဖြစ် ဒုက္ခသုက္ခရောက်နေသော နိုင်ငံတနိုင်ငံ တိုးတက်ရန် အာဏာရှင်ဆန်ဆန် အုပ်ချုပ်ရေး မှားသည်ပြောမရ။ ထိုနည်းဖြင့် ကျဆုံးသလို ထောင်တက်သွားသော၊ ဒီမိုကရေစီကိုလည်း မပျက်ယွင်းစေသော အိမ်နီးခြင်း နိုင်ငံအများအပြားရှိသည်။ စင်ကာပူတိုးတက်တာ အာဏာရှင်လီကွမ်းယု၊ မလေးရှားတိုးတက်တာ အာဏာရှင် မဟာသီ ကဲ့သို့ ရေမြေခြင်းဆက်နေ၊ အကျင့်ထုံးစံ သိပ်မကွာသော ဥပမာကောင်းများရှိသည်။ သို့သော် အုပ်ချုပ်ရေး အကြွင်းမဲ့အာဏာ သူတို့လို ငှက်တွင် ရှိပါ၏လော။ စစ်တပ်မျက်နှာ ကြည့်နေဖို့မလို စီမံခန့်ခွဲနိုင်ပါသလော။ လက်ရှိ အုပ်ချုပ်သူ ငှက်ဘွားဒေါ်မှာ စစ်တပ်လည်းမပိုင်၊ ရဲလည်းမနိုင်၊ နယ်ခြားစောင့်၊ ပြည်သူ့စစ်များဆို ဝေလာဝေး။ ။။။။
အလက်စကာပြည်နယ်ကို ရုရှားထံမှ ၁၉ရာစုတွင် ယူအက်စ် ဝယ်ယူပြီးနောက် ရုရှားဘာသာစကားပြော ဒေသခံများကို အင်အားသုံး ပြောင်းလဲယူသည့် ဖြစ်ရပ်ရှိသည်။ ညီညွတ်ရေးအတွက် တန်ဖိုး၊စံထားမှု ဘုံသတ်မှတ်မှုများအား လိုက်နာစေရန် ကြိုးပမ်းရေး ဗဟိုအစိုးရ တာဝန်ဖြစ်သည်။ အလွယ်ဆုံးမှာ ရုပ်ဝတ္ထု အထိမ်းအမှတ်များ တည်ဆောက်ခြင်း။ အခက်ဆုံးက စိတ်ပိုင်းဆိုင်ရာ ကျင့်ဝတ်များ သတ်မှတ်မှု။ စဆရကများ ဝေဖန်သလို ကြေးရုပ်ထက် အလုပ်ဖြင့် သက်သေပြရေး အပြောလွယ်သလောက် အငိုခက်။ ဘယ်မှာလဲ စောင်ဆံ။ ကြေးရုပ်တရုပ်ထုလို့ သိန်းသုံးရာ၊ ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံ၊ လမ်းစဉ်ဖြစ်ဖို့ ဒေါ်လာ သုံးဘီလျံ၊ ဘီလျံသုံးဆယ်၊ ဘီလျံသုံးရာ လုံလောက်မည်လား။ အချိန်ကာလကရော လပိုင်းနှင့် ပြီးမြောက်မည်လား။ နိုင်ငံ့အရေး ကိစ္စများတွင် ကာလတို၊ ကာလလတ်၊ ကာလရှည် အလုပ်များလိုသည်။ ဒီလိုဆိုတော့ ဒီချုပ်အစိုးရ လုပ်ရပ် မှားသည်ပြောမရ။ မည်သည့် ဗဟိုအစိုးရမဆို လုပ်လိမ့်မည်သာ။ ပြဿနာက မူရင်းဇစ်မြစ် အခြေခံ မှားယွင်းနေချက်။ ဗဟိုအစိုးရ အားကောင်းဖို့ လုပ်ပေမယ့် စစ်တပ်နဲ့ကြိတ်ညှိ အာဏာခွဲဝေယူခဲ့သည်မို့ အုပ်ချျုပ်ရေး၊ လုံခြုံရေး အာဏာ ဒီချုပ်တွင် မရှိ။ မရှိတော့ ဘယ်သူမှ မလေးစား၊ အထူးသဖြင့် စစ်တပ်ဒဏ်ခံနေရသော ပြည်နယ်များတွင် ပို၍ အယုံအကြည်မရှိ။ ငှက်ဘွားဒေါ် ငှက်အဆိုးရ လေကြီးမိုးကြီး တိုက်ပေမဲ့ ကွက်ကျားမိုးမှန်း သိ၍ ပမာမခန့် လုပ်ရဲသည်။ ခေါင်မလုံ၍ မိုးယိုခြင်းပင်။ ။။။။ဤပုုံဤနည်းဖြင့် ရှေ့ဘယ်လို စခန်းသွားမည်နည်း။ အချိန်နှင့်ဒီမို ငှက်ဘွားဒေါ်ကို မစောင့်။ ။။။
ငှက်ပစ်ဆြာကြောင်ကြီး

5 comments

  • Thint Aye Yeik

    July 10, 2018 at 2:42 pm

    အားနေရင် ငှက်ပစ်မနေဖဲ
    ငှက် ပိုပျံနိုင်အောင်
    ကူပေးပါတော့လား
    အလကား ငှက်ပစ်ပြီး အကုသိုလ် ယူနေမဲ့အစား

    :k:

  • zaw lin

    July 15, 2018 at 7:33 am

    အ​ကောင်​့ကျ​တော့မယ်​​ဟေ့ ခိ ခိ

  • ဦး လေး မန်း

    July 25, 2018 at 7:13 am

    အရင်းစစ်တော့အမြစ်မြေက ဆိုသလိုပေါ့ခြေဥရှိနေသရွေ့စစ်တပ်အာဏာရှိနေမယ် စစ်တပ်ရှိနေသရွေ့ခြေဥမြဲနေမယ် ဒီ၂ခုတွဲနေသရွေ့တိုင်းပြည်ကောင်းစားတိုးတက်ဖို့ဝေးနေမယ်၊ဒီတော့ခြေဥပြင်နိုင်ဘို့လုပ်နေရတာနဲ့ရှေ့မတိုးနိုင်ဘူးဖြစ်နေတယ်၊ဒီကြားထဲစံနစ်တကျစီစဉ်ထားတဲ့ကန့်လန့်တိုက်အဖျက်လုပ်ငန်းတွေကလဲရှိသေးတယ်လေ၊

  • ဦးကျောက်ခဲ

    August 6, 2018 at 11:53 am

    ခြေဥကို လွှတ်တော်ထဲဝင်ပြင်မယ်ဆို …
    အတိုင်ပင်ခံရာထူးတောင် ခြေဥထဲပါလို့ရတာ …
    ငှက်တွေက စာမဖတ် ၊ စာဖတ်တဲ့ ဦးကိုနီကသိလို့ အဲဒါထောက်သွားတာ …
    ဗိုလ်ချုပ်ရုပ်ထုကတော့ မပူပါနဲ့ … Lord of War ဓာတ်ရှင်ထဲက လီနင်ရုပ်ထုလိုပေါ့ … 😀

Leave a Reply