ဒေါက်တာမျိုးမြင့်ပုံတူ

Mon LayJuly 24, 20184min1380

အမျိုးသားပညာရေး မူဝါဒကော်မရှင် ဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးမြင့် ကွယ်လွန်ပြီး တစ်နှစ်ကျော်အကြာတွင် ဂုဏ်ပြု သည့်အနေဖြင့် ရန်ကုန်တက္က သိုလ် ပင်လုံဆောင်၌ ၎င်း၏ပုံတူ ရုပ်တုကို ထားရှိခဲ့တယ်လို့ 7days မှာဖတ်လိုက်ရပါတယ်။

ဒေါက်တာမျိုးမြင့်နှင့်တွေ့ဆုံပုံ
မွန်လေးဆယ်တန်းအောင်တော့ အမှတ်ကောင်းတယ်။ တက္ကသိုလ်တက်မယ်ရွေးတော့ တက္ကသိုလ်အများစုက မြို့ပြင်မှာ
 ချည်းပဲ။ မွန်လေးကအဝေးကြီးမသွားနိုင်တော့ မြို့တွင်းဆိုလို့ဆေးကျောင်း (အမှတ်မမှီ)၊ BBM (စီးပွားရေးမလုပ်ဘူးဆိုပြီး
မတက်)၊ နောက်ဆုံး UFL ရောက်ရော။
အဲမှာ ပါပါကြီးနဲ့တွေ့တာပဲ။ ဒါပေမဲ့ ပထမနှစ်က သူနဲ့မတွေ့သေးဘူး။ အဲတော့ ကျောင်းကိုပြေးလို့ကောင်းတာပေါ့။ တက္ကသိုလ်ပဲလေ နောက်မှသူများဆီကစာမေးလည်းရတာပဲဆိုပြီး ရုပ်ရှင်ကြည့်တယ်။ သီချင်းတွေသွားဆိုကြတယ်
သယ်ရင်းတွေနဲ့။
ဒုတိယနှစ်လည်းရောက်ရော အဲ့ပါပါကြီးက ပါမောက္ခချုပ်နေနဲ့ရောက်လာရော။ ပျော်ရွှင်မှုတွေပျောက်ဆုံး။ 😣 😥ကျောင်းလည်း
လစ်လို့မရတော့ဘူး။ ကန်တင်းမှာ အချိန်ကုန်ထိုင်နေလို့လည်းမရတော့ဘူး။ ထိုင်နေရင် mobile team ဆရာတွေကနေတဆင့်
အတန်းထဲပြန်တက်ခိုင်းတယ်။ ဘယ်ရမလဲ အတန်းကို မတက်ချင်တာ။ စာကြည့်တိုက်ထဲဝင်ထိုင်နေလိုက်တယ်။ အဲဒါလည်း
တွေ့ရင် အော်ခံရလို့ အမြဲလိုလိုအခန်းထဲမှာချည်းရှိနေခဲ့ရတယ်။ 😢😭😰😩
အမှတ်တရဖြစ်ပုံ
တစ်နေ့ပေါ့လေ။ ကိုယ်တွေ မိုင်နာဘာသာရပ်အဖြစ်အင်္ဂလိပ်စာကိုသင်နေတဲ့အချိန် ဆရာမက နံပါတ် ၁ (one)ကို ဖတ်လိုက်
တာမပီဘူးဆိုပြီး သူround လှည့်ရင်းအခန်းထဲကိုဝင်လာပြီး ဆရာမကို ပြန်ဆိုခိုင်းတယ်။ မပီ။ အဲ့တုန်းကကိုယ်က ပါပါကြီးရပ်နေတဲ့နားမှာ ထိုင်နေတာ..သူကကိုယ့်ကိုလည်း one ကိုအသံထွက်ခိုင်းခဲ့သည်။ ကိုယ်လည်းမှားတော့ “ဆရာမလုပ်သူက အမှားသင်နေမှတော့ တပည့်ကမှားပြီပေါ့တဲ့၊ ဝမ်း မဟုတ် ဝန့်လို့ထွက်တယ်”ဆိုပြီး ပြန်ထွက်သွားလေရဲ့။ ကိုယ်လည်းအဲတော့မှ number oneကိုအသံထွက်မှန်သွားပါတော့တယ်။ အဲတုန်းက သူ့ကိုအနီးကပ်မြင်လိုက်တော့ အသားတော့မဲတယ်။ ဒါပေမဲ့ တပ်ထားတဲ့မျက်မှန်ကြီးကအထူကြီး၊ဖန်ပုလင်းကိုကောက်စွပ်ထားလားထင်ရတယ်။
အော်..အဲ့လောက်စာကြိုးစားခဲ့တာပါလားပေါ့။ တကယ်ကိုချီးကျူးမိပါတယ်။

အဲလိုနဲ့ တတိယနှစ်အထိ အခန်းထဲမှာ လိမ်ပိန်ပြီးစာလုပ်ခဲ့သည်ပေါ့နော်။ ပါပါကြီးရှိနေတော့။ 😫😫

မွန်လေးတို့ကျောင်းပြီးသွားတဲ့အထိသူ UFLမှာ ရှိနေတုန်းပါ။

နောက်ပို်င်း နိုင်ငံခြားရေးဒုဝန်ကြီး အဖြစ်ပြောင်းသွားတယ်လို့သတင်းကြားမိပါတယ်။အေးပေါ့လေ။ သူကအင်္ဂလိပ်စာကောင်းတော့ အသင့်တော်ဆုံးနေရာပဲလို့။

မာျးမကြာမီ အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ်၊ ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီးအဖြစ် ပညာရေးဝန်ကြီး ဌာနမှာတာဝန်ယူခဲ့တယ်လို့ကြားသိရပြန်ပါတယ်။

ဆရာကြီး၏စိတ်ဓါတ်

ဘာလို့နေရာကောင်းကနေပြောင်းသွားရတာလဲလို့နောက်ပို်င်းမှသိလိုက်ရတော့ 😲 😧

‘‘သူက အင်မတန်စိတ်ဖြူ တယ်။ သူပေးဖို့ပဲ စဉ်းစားတယ်။ သူယူဖို့ကို ဘယ်တော့မှ မစဉ်းစား ဘူး။ ကျောင်းပြီးတဲ့အချိန်မှာ နိုင် ငံခြားရေးရုံး အလုပ်ခေါ်ပေမယ့် သူသွားမလျှောက်ခဲ့ဘူး။ သူက စကားပြောရင် တဲ့တိုးပြောတဲ့သူ၊ သံအမတ်ဖြစ်ဖို့ဆိုတာက စကား ကို ပရိယာယ်သုံးပြောရတယ်။ တဲ့တိုးစကားတွေပြောလို့မရဘူး။ သူကိုယ်တိုင် သံအမတ်သားဖြစ် နေပေမယ့် ဒီအလုပ်ကို သူမကြိုက်ဘူး။ ဒါပေမဲ့ တာဝန်ပေးခံရချိန်မှာ သူ မပျော်ပေမယ့် ကျရာတာဝန်ကျေ ခဲ့တယ်။ အင်္ဂလိပ်စာနဲ့ပတ်သက် တဲ့ လုပ်ငန်းတော်တော်များများ ဟာ သူ့ဦးနှောက်၊ သူ့အကြံပေးမှု တွေ အများကြီးရှိခဲ့တာပါ’’ ဟု ဒေါ်စုစုလွင်က သူငယ်ချင်း ဒေါက် တာမျိုးမြင့်အကြောင်း ဂုဏ်ယူ ပြောကြားတာကို 7 days မှဖတ်လိုက်ရတော့ တကယ်ကိုလေးစားတန်ဖိုးရှိတဲ့လူမှန်းသိသွားခဲ့

ပါတယ်။

အစကတော့ ကောျင်းပြေးလို့မရတော့ ဆရာကြီးကိုစိတ်လည်းဆိုးခဲ့တာပေါ့နော်။ ဒါပေမဲ့သူအဲလိုလေ့ကျင့်ပေးခဲ့တော့လည်း

ကိုယ်ကျောင်းပြီးတော့ Qualified ဖြစ်ခဲ့တယ်လေ။ ကျေးဇူးတင်ပါတယ်ဆရာ။🙏🙏🙏

ဒေါက်တာမျိုးမြင့်ကမြန်မာနိုင်ငံမှာ အင်္ဂလိပ်စာ သင်ကြားရေးဖွံ့ဖြိုးတိုးတက်ရေး အထူးအလေးထားဆောင်ရွက်ပြီး Global English သင်တန်းများ၊ ဆီမီယိုအင်္ဂလိပ်စာသင်တန်းများ ကို စတင်ဖွင့်လှစ်ရန် ဆောင်ရွက် ခဲ့ကာ အင်္ဂလိပ်စာသင်ရိုးညွှန်းတမ်းများ၊ သင်ကြားရေးစာတမ်းများ ရေးသားခဲ့ပါတယ်။✍✔☑

ဆရာကြီးကွယ်လွန်သွားခဲ့တာ ၂၀၁ရ ဇွန်လ ၂ဝ ရက်ကပါ။ ခုဆိုဒေါက်တာမျိုးမြင့်ပုံတူရုပ် တုကို တပည့်ကျောင်းသား၊ ကျောင်းသူဟောင်းများထည့်ဝင် ငွေနဲ့ ကျပ် ၄ရ သိန်းအကုန်အကျ ခံထုလုပ်ပြီး ဂုဏ်ပြုတဲ့ အနေနဲ့ ပညာရေးဆိုင်ရာပံ့ပိုးမှု များပြုလုပ်မည့် ဒေါက်တာမျိုးမြင့် ဖောင်ဒေးရှင်းကို ကျောင်းသား၊ ကျောင်းသူဟောင်းများက တည် ထောင်ထားပါတယ်တဲ့။

လက်ဆယ်ဖြာထိပ်မှာမိုးပြီး တစ်နေ့နေ့တော့ ဆရာကြီး၏ပုံတူကို သွားရောက်ရှိခိုးပါဦးမည်။🙏🙏

ကောင်းသောဘဝကိုရောက်ရှိပါစေဆရာကြီးရေ။

Debate ပွဲကဆုရလို့ ဆရာကြီးနဲ့ လက်တွဲနှုတ်ဆက်နေပုံ…တကယ်ကိုအမှတ်တမဲ့မှ အမှတ်တရပါ
ကျောင်းထဲမှာလေ…နာဂစ်ပြီးတော့
ပထမနှစ်ကျောင်းသူလေးပါ
ဆရာကြီးကြောင့် Qualified နဲ့ ကျောင်းပြီးခဲ့သည်ပေါ့။
ကိုယ်တို့ UFL ကဘောလီပွဲအသင်းလေ ဆရာကြီးကကိုယ့်အနောက်တည့်တည့်မှာ