အကင်ကြိုက်သူများအတွက် 😀😀

Mon LayJuly 25, 20182min1640

ဒီတစ်ခါရေးပေးချင်တာကတော့ အကင်ကြိုက်တဲ့သူများအတွက်ပါ။ မွန်လေးအပါဝင်ပါပဲ။ 😁😁ဘယ်နေရာပဲသွားသွား အကင်လေးတစ်ခုခုစားဖြစ်အောင်စားပါတယ်။ ဒါပေမဲ့ စားလိုက်တဲ့အကင်တိုင်းကိုမကြိုက်ပါ။☹️☹️

ခုပြောပြပေးချင်တဲ့အကင်ဆိုင်ကိုတော့ ကြိုက်တာ ဟိုး

ခပ်ငယ်ငယ် ကျောင်းသူဘဝထဲကပါ။ အဲ့အချိန်ကတည်းက လက်ရာမပြောင်းဘဲရှိခဲ့တာ ခုချိန်ထိပါပဲ။ ဈေး

လည်းအများကြီးမပြောင်းသွားဘူး။ အရင်ကအနိမ့်ဆုံး

ဈေးက တစ်ချောင်း ၅ဝ ကျပ်၊ ခုက ၁၀ဝ ကျပ်။ အရမ်း

မတက်ဘူးပဲဆိုရမှာပဲနော်။ 👍🏻အဲ့ဆိုင်လေးနာမည်ကတော့ “ကိုရှိုင်း”တဲ့။ ဆိုင်ရှင်နာမည်ကိုက ကိုရှိုင်း၊ ခုဆိုသမီးတွေက ပြန်ပြီးလက်ဆင့်ကမ်းဆက်ရောင်းပါတယ်။ဆိုင်ကတော့ လမ်းဘေးမှာ ခုံချပြီးရောင်းတာပါ။

#ဘယ်မှာရှိတာလဲ🚗

အဲ့ဆိုင်လေးက ရန်ကင်းမြို့နယ်မှာရှိတာပါ။ လာချငိရင်တော့ ဈေးကွေ့မှတ်တိုင်မှာဆင်းပါ။ ပြီးရင် ရန်ကင်းစင်တာရှေ ့ ကနေတည့်တည့်လာရင် ရွှေပုပ္ပါးဆေးခန်းရဲ ့ရှေ ့တည့်တည့်မှာရှိတာပါ။

#အချိန် ⏱

ဆိုင်ကညနေ ၄ နာရီဆိုဖွင့်ပြီ။ ညဘက် ၁၂ထိပါ။

#ဘာတွေရ🥓🍖🍗🍡

ဆိတ်သားကင်၊ ကြက်အရေပြားကင်၊ ကြက်အသဲအမြစ်၊ ကြက်ဆီဘူး၊ ကြက်တောင်ပံ၊ ကြက်ရင်ဘုံ၊ ကြက်ပေါင်၊ ကြက်ခြေထောက်၊ ကြက်အူ တို့ပဲဖြစ်ပါတယ်။

အဲ့ထဲမှာ ကိုယ်အကြိုက်ဆုံးက ကြက်ပေါင်၊ကြက်အရေပြားနဲ့ ကြက်အသဲအမြစ်ကင်တို့ပါပဲ။ ကြက်သားတွေကလည်း မြန်မာကြက်ကိုပဲကင်တာဆိုတော့ အရမ်းလည်းအရသာရှိ၊ အချဉ်ရည်စပ်ပုံလည်းကောင်းတော့ စားရတာ ခံတွင်းတွေ့တာပေါ့။

အကင်တော်တော်များများကို ဆိုင်ကောင်းကောင်းတွေမှာစားဖူးပါတယ်။ ဒီဆိုင်လောက်ကောင်းတဲ့ အကင်မတွေ့ဖူးသေးပါ။

ရောင်းပေးတဲ့ကိုရှိုင်းကလည်း ဟာသလေးတွေပြောတတ်၊သဘောလည်းကောင်းတော့ ကိုယ်ကတော့ အကင်ဆို ကိုရှိုင်းဆီပဲပြေးတော့တာပဲ။ ကိုယ်ညီမဝမ်းကွဲဆို စမ်းချောင်းမှာနေပေမယ့် ကိုရှိုင်း အကင်ပဲကြိုက်လို့ဆိုပြီး ရန်ကင်းမှာဆီလာလာစားပါတယ်။

#အထူးသတင်း 💡

New Year တို့၊မွေးနေ့ ပွဲတို့အတွက်လည်းအော်ဒါလိုက်ပေးတယ်တဲ့။ ဈေးကတော့ ညှိုဖို့ ပုံမှာ ဖုန်းနံပါတ်ပါ

တယ်နော်။

#သတိပြုစရာ 🕹

ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတာရှိတတ်ပါတယ်။ အကင်စားမယ်ဆိုရင် အမြဲရှောက်သီးလေးညှစ်

စားကြပါ။ အဲ့ရှောက်သီးမရမှာလည်းမစိုးရိမ်ပါနဲ့။ ကိုရှိုင်းမှာ အဆင်သင့်ရှိပြီးသားပါ။ တောင်းယူလည်းရပါတယ်။

ကဲ အကင်ကြိုက်တတ်တဲ့ ချစ်တို့ရေ..နောက်ထပ်အပင်ကြိုက်တတ်တဲ့ သယ်ရင်းမိတ်ဆွေတို့ကိုလက်တို့ဖို့ ဒီpost ကို share တာပဲဖြစ်ဖြစ် comment မှာ mention ခေါ်တာပဲဖြစ်ဖြစ်လုပ်ပေးလိုက်ကြဦးနော်။

နောက် အရမ်းလှတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကလည်း ဖိတ်ထားသေးလို့ ဆက်လက်ဖတ်ရှုအားပေးရင်း သွားရည်ထပ်ကြရအောင်။