ရှမ်းလူမျိုးများ၏ နတ်ကိုးကွယ်ခြင်း အပေါ်ယုံကြည်မှုသဘောထား

Yin Nyine NwaySeptember 5, 20101min480

ရှမ်းလူမျိုးတို့သည် နတ်ကို မယုံကြည်ခြင်းမဟုတ်။ နတ်သမီး၊ နတ်သားတို့ အားအရှမ်းအခေါ် ခွန်ဖီ၊ နန်းဖီဟု ခေါ်သည်။ ဗမာများကဲ့သို့လို.. နတ်ဝင်သည် ၊ နတ်ကနား ၊ နတ်ပွဲပေး၍ နတ်မေးခြင်းများ မရှိပေ။ ၎င်းတို့ကိုလဲ ယုံကြည်ခြင်းမရှိပေ။ ကိုးမြို့ရှင် ဟုခေါ်သော “စဝ်မိုင်း”တော့ရှိပေသည်။ သို့သော် တစ်နှစ်တစ်ခါ ပူဇော်ခြင်းမှလွဲ၍ အခြားအချိန်များတွင် ပူဇော်ခြင်းမရှိပဲ နတ်ကွန်းတွင် လူသူကင်းမဲ့လေ့ရှိသည်။ ကားဝယ်လျှင် ရောင်းလျှင် အစဉ်ပြေစေရန် နတ်ပြခြင်း ရှမ်းလူမျိုးတို့တွင် မရှိပေ။ နတ်ကနားပေးခြင်း၊ နတ်ပွဲတင်ခြင်းများသည် ရှမ်းတို့ ၏အယူများမဟုတ်။ ဗမာလူမျိုးများကိုးကွယ်သော အချို့ရှမ်းအမည်ဖြင့် နတ်များကိုပင် ရှမ်းလူမျိုးများ ကိုးကွယ်ခြင်းမရှိကြပေ။ သို့သော် အိမ်များတွင် စင်တစင်တော့ရှိသည်။ “ဒေးဝရားဟော်၊ ဒေးဝရားဟိန်း” ဟုခေါ်သော ဟော်စောင့်နတ်၊ အိမ်စောင့်နတ် စင်ဖြစ်သည်။ ၎င်းစင်အား ကနှုတ်ပန်းများဖြင့် အလှဆင်လေ့ရှိသည်။ တစ်နှစ်တွင် ၂ခါမျှ ယင်းစင်တွင် ပန်းတွေ လှုဒန်းကြသည်။ ၎င်းအချိန်များမှာ ဝါးတွင်းကာလနှင့် သင်္ကြန်အချိန်ဖြစ်သည်။ ဝါတွင်းအချိန်တွင် ၎င်းစင်တွင် ဗုဒ္စအလံလေးများ လွင့်ထားတတ်သည်။ သင်္ကြန်အချိန်တွင် ဗမာလူမျိုးများ အတာအိုးဟုခေါ်သော သင်္ကြန်ပန်းအိုးလေးများကို ယင်းစင်ပေါ်တွင် ထားလေ့ရှိသည်။ ယင်းအိုးထဲတွင် အလံများ တခွန်များ ပန်းများကိုထည့်လေ့ရှိသည်။ ခရီးထွက်ခံနီးဖြစ်စေ အခြားအကြောင်းအရာ တစ်ခုခုဖြစ်စေ ယင်းစင်ပေါ်တွင် ပန်းကန်ပြားထဲသို့ ပေါက်ပေါက်ဆုတ်များ ပန်းများထည့်၍ အန္တရယ်ကင်းစေရန် ဆုတောင်းလေ့ရှိသည်။ ဗမာလူမျိုးများကဲသို့ နတ်စင်မဟုတ်ပေ။ ဗမာလူမျိုးများသည် နတ်စင်ကို အိမ်ဦးခန်းရှိ ထောင့်တထောင့်တွင် ထားကြသည်။နေ့စဉ်ဆွမ်းများကပ်လှူ

သည်။ ရွေအုန်းသီး ငွေအုန်းသီးဆိုပြီး ဟူ၍ ကပ်လှုကြသည်။ ရှမ်းလူမျိုးတို့၏ အိမ်များတွင် ယင်းကဲ့သို့နတ်ဆင်မရှိပေ။ အချုပ်အားဖြင့်ဆိုရသော် ရှမ်းလူမျိုးများသည် နတ်ကို မယုံကြည်ခြင်းမဟုတ် မကိုးကွယ်ခြင်းဖြစ်ကြောင်းတွေ့ရသည်။